ထိပ်ဆုံး သတင်း :
Home » » ဘဏ္ဍာရေးဆိုင်ရာ ဆွေးနွေးပွဲ ဒေါ်အောင်ဆန်းစုကြည် တက်ရောက်

ဘဏ္ဍာရေးဆိုင်ရာ ဆွေးနွေးပွဲ ဒေါ်အောင်ဆန်းစုကြည် တက်ရောက်

11/07/2011 11:26:00 PMတွင်ရေးသည်

အီးယူ ဥရောပ သမဂ္ဂနဲ့ ပူးတွဲပြီး မြန်မာ့ ဘဏ္ဍာရေးနဲ့ အခွန်ဝန်ကြီးဌာနက ဒီကနေ့ ဦးစီး ကျင်းပတဲ့ ဘဏ္ဍာရေး ဆိုင်ရာ ဖွံဖြိုးတိုးတက်မှု အလုပ်ရုံ ဆွေးနွေးပွဲကို မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အထူး ဧည့်သည်တော် အဖြစ် တက်ရောက်ခဲ့ပါတယ်။
RFA
အီးယူ ဥရောပ သမဂ္ဂနဲ့ ပူးတွဲပြီး မြန်မာ့ ဘဏ္ဍာရေးနဲ့ အခွန်ဝန်ကြီးဌာနက ကျင်းပတဲ့ ဘဏ္ဍာရေး ဆိုင်ရာ ဖွံဖြိုးတိုးတက်မှု အလုပ်ရုံ ဆွေးနွေးပွဲကို တက်ရောက်လာသော ဒေါ်အောင်ဆန်းစုကြည်ကို ဂျာမန် စီးပွားရေးပညာရှင် Dr. Hans Dieter Seibel၊ မြန်မာ့စီးပွားရေး ပညာရှင် ဒေါက်တာဦးမြင့် တို့နှင့်အတူ ၂၀၁၁ ခုနှစ် နိုဝင်ဘာလ ရ ရက်နေ့တွင် တွေ့ရစဉ်။ ဓါတ်ပုံ - RFA
အခုလို အစိုးရရဲ့ မူဝါဒပိုင်းဆိုင်ရာ ဆွေးနွေးပွဲတွေကို ဒေါ်အောင်ဆန်းစုကြည် တက်ရောက်လာတဲ့ အတွက် သမ္မတ ဦးသိန်းစိန် အစိုးရအဖွဲ့နဲ့ ဒေါ်အောင်ဆန်းစုကြည် အကြား နားလည်မှုတွေ ပိုပြီး တည်ဆောက်လာနိုင်တာ တွေ့မြင်နေရတယ်လို့ ဆွေးနွေးပွဲ တက်ရောက်ခဲ့သူ ရန်ကုန် မီဒီယာအဖွဲ့ ဥက္ကဋ္ဌ ဦးကိုကို (စက်မှုတက္ကသိုလ်) က အာအက်ဖ်အေကို ပြောပါတယ်။ “ဒေါ်စုကို ရှေ့ဆုံးတန်းမှာ နေရာပေး ပါတယ်။ အားလုံးက လှိုက်လှိုက်လှဲလှဲ ကြိုပါတယ်။ ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီး ဌာန ပြည်ထောင်စု ဝန်ကြီး ဦးလှထွန်းကလည်း အဖွင့်မိန့်ခွန်းမှာ ကျွန်တော်တို့ရဲ့ အမကြီး ဒေါ်အောင်ဆန်းစုကြည်ကိုလည်း ကျေးဇူးတင်ပါတယ်လို့ ပြောပါတယ်။ နောက်ပြီး ဝန်ကြီးနဲ့ ဒေါ်စု ရင်းရင်းနှီးနှီး စကားပြောဆိုနေတာ တွေ့ရပါတယ်" ဒါ့အပြင် မြန်မာနိုင်ငံမှာ စီးပွားရေး နိုင်ငံရေး ပြုပြင် ပြောင်းလဲမှုတွေ လုပ်နေတာနဲ့ အချိန်ကိုက် ဘဏ္ဍာရေး ဆိုင်ရာ ကိစ္စတွေမှာ တိုးတက်မှုတွေ ရှိလာအောင် မူဝါဒတွေ ချမှတ်နိုင်ဖို့ ဒီဆွေးနွေးပွဲကို ကျင်းပတာလို့ ဦးကိုကိုက ပြောပါတယ်။ စီးပွားရေး လုပ်ငန်းရှင်တွေ အနေနဲ့လည်း မြန်မာနိုင်ငံမှာ ခိုင်မာတဲ့ ငွေကြေး လည်ပတ်မှု စနစ်တစ်ရပ် ဥပဒေနဲ့အညီ ဖြစ်ပေါ်လာဖို့ မျှော်လင့်နေကြတယ်လို့ သိရပါတယ်။ ဒီကနေ့ ရန်ကုန်မြို့ Chatrium ဟိုတယ်မှာ ကျင်းပတဲ့ ဘဏ္ဍာရေး ဆိုင်ရာ ဆွေးနွေးပွဲကို ဂျာမန် စီးပွားရေးပညာရှင် Dr. Hans Dieter Seibel နဲ့ မြန်မာ့စီးပွားရေး ပညာရှင်လည်းဖြစ် သမ္မတ အကြံပေးလည်း ဖြစ်တဲ့ ဒေါက်တာဦးမြင့်တို့ အပြင် ဘဏ်လုပ်ငန်းရှင်တွေ စီးပွားရေးပညာရှင်တွေ တက်ရောက် ဆွေးနွေးခဲ့ကြပါတယ်။
ဆက်လက် မျှဝေရန်... :

0 comments ::

စာဖတ်သူတွေရဲ့ ပြောရေးဆိုခွင့် ... !

မင်္ဂံလာပါ

close
cbox

မင်ဘာ ဝင်ပေးဖို့ ဖိတ်ခေါ်ပါတယ်

Ayar Myanmar Unicode Font
Zawgyi Font
Ayar Online Editor
Ayar Online Converter
Ayar Online Dictionary
Ayar Myanmar Unicode Group

like လေးနှိပ်ပြီး အားပေးခဲ့ပါ

ကျေးဇူးပြုပြီး 10 စက္ကန့် စောင့်ပါ ပိတ်ရန်
"၉၆၉"ဆိုတာဘာလဲ?ဘယ်သူတွေဖွဲ့တာလဲ?
ဘီဘီစီနှောက်ဆုံး အသံ လွှင့် အစီအစဉ်များ
နေ့အလိုက် အသံလွှင့် အစီအစဉ်များ နားထောင်လိုလျှင်
DVB နေ့စဉ် အစီအစဉ်များ
DVB တိုင်းရင်းသား ဘာသာ အစီအစဉ်များ
 
Support : Creating Website | Mas Template
Proudly powered by Blogger
Copyright © 2011. ဟတ်လှိုင်း မီဒီယာ တို့ လာရောက်သူအပေါင်း ကိုယ်စိတ်နှလုံး ကျန်းမာချမ်းသာကြပါစေဗျာ
Design by DauGyung lhaovo nao"