ထိပ်ဆုံး သတင်း :
Home » » သံသယရှိဥပဒေမူကြမ်း တရားရုံးက စိစစ်ရေး ဆုံးဖြတ်ချက် ဥပဒေနဲ့မညီ

သံသယရှိဥပဒေမူကြမ်း တရားရုံးက စိစစ်ရေး ဆုံးဖြတ်ချက် ဥပဒေနဲ့မညီ

11/02/2011 12:28:00 PMတွင်ရေးသည်

ဥပဒေ မူကြမ်းတွေကို စိစစ်ပေးဖို့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ဆိုင်ရာ ခုံရုံးကို တင်ပြရေးအတွက် ပြည်ထောင်စု လွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့်က ဆုံးဖြတ် အတည်ပြုခဲ့တာဟာ အခြေခံ ဥပဒေ လုပ်ထုံးလုပ်နည်း တွေနဲ့ မကိုက်ညီတဲ့ အတွက် လွှတ်တော်အမတ်တွေက မနေ့က လက်မှတ်ထိုး ကန့်ကွက်ခဲ့တယ်လို့ သိရပါတယ်။

(Photo: AFP)
ဆောက်လက်စ လွှတ်တော် အဆောက်အအုံကို မြန်မာ စစ်အစိုးရ ရုံးစိုက်ရာ နေပြည်တော်တွင် ၂၀၁၀ ခုနှစ် သြဂုတ်လ ၂၁ ရက်နေ့က တွေ့ရပုံ ဖြစ်ပါသည်။ (Photo: AFP)
နားဆင်ရန်...


အခြေခံဥပဒေနဲ့ မညီဘဲ ပြည်ထောင်စု လွှတ်တော်ဥက္ကဋ္ဌက အတည်ပြုလိုက်တဲ့ “ဖွဲ့စည်းပုံ အခြေခံဥပဒေ ဆိုင်ရာ ခုံရုံးကနေ ဥပဒေမူကြမ်းတွေ စိစစ်ပေးရေး” အဆိုကို ပြည်သူ့လွှတ်တော်က ထောက်ခံပြီး ပြည်ထောင်စု လွှတ်တော်ရဲ့ အဆိုကို ပယ်ချခဲ့တယ်လို့လည်း သိရပါတယ်။ အောက်တိုဘာ ၂၈ ရက်နေ့က ပြည်ထောင်စု လွှတ်တော်ဥက္ကဋ္ဌ အတည်ပြုလိုက်တဲ့ ဒီအဆိုကို ကန့်ကွက်ကြောင်း နဲ့ ပယ်ဖျက်ကြောင်း မနေ့က ကျင်းပတဲ့ ပြည်သူ့လွှတ်တော် အစည်းအဝေးမှာ ပြည်သူ့ လွှတ်တော် အခွင့်အရေး ကော်မတီ အတွင်းရေးမှုးက အဆိုတင်သွင်းခဲ့ပြီး ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ၇ ဦးက ထောက်ခံ ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။ ဥပဒေပြုရေး ကဏ္ဍကို လွှတ်တော်ကသာ ဆုံးဖြတ်ရမှာ ဖြစ်တဲ့အတွက် ဥပဒေကြမ်းကို သံသယရှိရင် စိစစ်ဖို့ အခြေခံဥပဒေ ဆိုင်ရာ ခုံရုံးကို ပေးပို့ရေး ပြည်ထောင်စု လွှတ်တော်က အတည်ပြုလိုက်တာဟာ လွှတ်တော်ရဲ့ အခွင့်အာဏာကို ထိပါးရာ ရောက်ကြောင်း အတိုက်အခံ လွှတ်တော်အမတ်တွေက ထောက်ပြ ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။ ဒီအကြောင်းနဲ့ ပတ်သက်ပြီး ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းညွန့်ကို မခင်ခင်အိ ဆက်သွယ် မေးမြန်းချက်ကိုလည်း တဆက်ထဲ နားဆင်နိုင်ပါတယ်။
ဆက်သွယ်မေးမြန်းချက်။
အသံဖိုင်ယူရန်။
ဆက်လက် မျှဝေရန်... :

0 comments ::

စာဖတ်သူတွေရဲ့ ပြောရေးဆိုခွင့် ... !

မင်္ဂံလာပါ

close
cbox

မင်ဘာ ဝင်ပေးဖို့ ဖိတ်ခေါ်ပါတယ်

Ayar Myanmar Unicode Font
Zawgyi Font
Ayar Online Editor
Ayar Online Converter
Ayar Online Dictionary
Ayar Myanmar Unicode Group

like လေးနှိပ်ပြီး အားပေးခဲ့ပါ

ကျေးဇူးပြုပြီး 10 စက္ကန့် စောင့်ပါ ပိတ်ရန်
"၉၆၉"ဆိုတာဘာလဲ?ဘယ်သူတွေဖွဲ့တာလဲ?
ဘီဘီစီနှောက်ဆုံး အသံ လွှင့် အစီအစဉ်များ
နေ့အလိုက် အသံလွှင့် အစီအစဉ်များ နားထောင်လိုလျှင်
DVB နေ့စဉ် အစီအစဉ်များ
DVB တိုင်းရင်းသား ဘာသာ အစီအစဉ်များ
 
Support : Creating Website | Mas Template
Proudly powered by Blogger
Copyright © 2011. ဟတ်လှိုင်း မီဒီယာ တို့ လာရောက်သူအပေါင်း ကိုယ်စိတ်နှလုံး ကျန်းမာချမ်းသာကြပါစေဗျာ
Design by DauGyung lhaovo nao"