ထိပ်ဆုံး သတင်း :
Home » » အစိုးရဓာတ်ဆီဈေး သတ်မှတ်ဈေးထက် နှစ်ဆနီးပါး မြင့်နေ

အစိုးရဓာတ်ဆီဈေး သတ်မှတ်ဈေးထက် နှစ်ဆနီးပါး မြင့်နေ

11/02/2011 10:13:00 PMတွင်ရေးသည်

ရန်ကုန်နဲ့ မန္တလေးမြို့တွေက မှောင်ခိုဈေးကွက်မှာ အစိုးရထုတ် ဓာတ်ဆီဈေးဟာ သတ်မှတ်ဈေးထက် နှစ်ဆနီးပါး ဈေးမြင့်နေပါတယ်။
တဂါလန်ကို ၂၅၀၀ ကျပ် သတ်မှတ်ထားတဲ့ အစိုးရထုတ် ဓာတ်ဆီကို တရားဝင်ဖွင့်ထားတဲ့ လိုင်စင်ရ ဆီဆိုင် တချို့က အပြင်ကိုထုတ်ရောင်းနေလို့ ဓာတ်ဆီဈေး အဆမတန် မြင့်တက်နေတာလို့ စီးပွားရေး လုပ်ငန်းရှင်အသိုင်းအ၀န်းက ပြောပါတယ်။
တချို့ဆိုင်တွေဆို အစိုးရထုတ်ဆီကို မနက်ပိုင်းမှာရောင်းပြီး ဆီထည့်တဲ့ ကားတွေကို ကုန်ပြီလို့ပြောပြီး ဘောက်ဆာကား ၅ စီးမှာ ၂ စီးခန့်ကို မှောင်ခိုဈေးကွက်ကို ရောင်းထုတ်နေတာလို့ စီပွားရေးလုပ်ငန်းရှင်တဦးက ပြောပါတယ်။
http://burmese.dvb.no/wp-content/uploads/2011/11/oil.jpg
“သူတို့ဒီမှာခေါ်တာတော့ ပုပ်တယ်လို့ ခေါ်တာပေါ့။ ဘောက်ဆာ ၅ စီးလာရင်၊ သူတို့က ၃ စီးကို ဆိုင်မှာရောင်းပေးတယ်။ ၂ စီးကို အပြင်မှာ မှောင်ခိုကို ပြန်ရောင်းတယ်။ အခု မှောင်ခိုဆိုင်တွေက မန္တလေးမှာ ဘယ်လောက်ထိကြီးလည်းဆို မှောင်ခိုဆိုင်တွေက ဆိုင်ကြီးကို  အကြီးကြီးလုပ်၊ ပန့်တွေကို ကိုယ့်ဘာကိုယ်တတ်ပြီး ချနေကြပြီ။ တကယ်လို့ အာဏာပိုင်တွေက ရောက်လာရင် သူတို့ကို ဓာတ်ဆီထည့်ပေးလိုက်တယ်။ အဲဒါကြောင့် သူတို့ကို မဖမ်းတော့ဘူး။ နောက်ပြီး လိုင်းကြေးလည်း ပေးထားတယ်။”
တရားဝင်ဖွင့်ထားတဲ့ လိုင်စင်ရဆိုင်တွေမှာ အစိုးရထုတ် ဓာတ်ဆီတဂါလန်ကို ကျပ် ၂၅၀၀ နဲ့ ရောင်းနေပေမယ့် အပြင်မှောင်ခိုဈေးကွက်မှာတော့ ဒီကနေ့ တဂါလန်ကို ၄၈၀၀ ကျပ် ဈေးပေါက်ပါတယ်။
မန္တလေး ဓာတ်ဆီမှောင်ခိုဈေးကွက်မှာ အစိုးရထုတ် ဓာတ်ဆီဈေးဟာ ၉၀ လို့ခေါ်တဲ့ တရုတ်ထုတ် ဓာတ်ဆီဈေး အထက်ကို ရောက်နေတာပါ။ ဒီနေ့မှာတော့ ၉၀ တဂါလန်ကို ကျပ် ၄၂၀၀၊ ၄၃၀၀ ခန့် ဈေးပေါက်ပါတယ်။
အစိုးရထုတ် ဒီဇယ်ကိုတော့ တရားဝင်ဆိုင်တွေမှာ တဂါလန် ၃၅၀၀ ကျပ်ရောင်းပြီး ရေနံစိမ်းကနေ တရားမဝင်ချက်တဲ့ ဒီဇယ်ကတော့ မှောင်ခို ဈေးကွက်မှာ တဂါလန် ကျပ် ၃၃၀၀ ဈေးပေါက်ပါတယ်။
အစိုးရကိုယ်တိုင်က ဓာတ်ဆီဈေး ကျပ် ၃၀၀၀ ကျော်အထိ တက်ဖို့ရှိနေတဲ့အတွက် မှောင်ခိုဈေးကွက်မှာ ဓာတ်ဆီဈေးတက်တယ် ဆိုတဲ့သတင်းတွေလည်း ထွက်ပေါ်နေပါတယ်။
ဆက်လက် မျှဝေရန်... :

0 comments ::

စာဖတ်သူတွေရဲ့ ပြောရေးဆိုခွင့် ... !

မင်္ဂံလာပါ

close
cbox

မင်ဘာ ဝင်ပေးဖို့ ဖိတ်ခေါ်ပါတယ်

Ayar Myanmar Unicode Font
Zawgyi Font
Ayar Online Editor
Ayar Online Converter
Ayar Online Dictionary
Ayar Myanmar Unicode Group

like လေးနှိပ်ပြီး အားပေးခဲ့ပါ

ကျေးဇူးပြုပြီး 10 စက္ကန့် စောင့်ပါ ပိတ်ရန်
"၉၆၉"ဆိုတာဘာလဲ?ဘယ်သူတွေဖွဲ့တာလဲ?
ဘီဘီစီနှောက်ဆုံး အသံ လွှင့် အစီအစဉ်များ
နေ့အလိုက် အသံလွှင့် အစီအစဉ်များ နားထောင်လိုလျှင်
DVB နေ့စဉ် အစီအစဉ်များ
DVB တိုင်းရင်းသား ဘာသာ အစီအစဉ်များ
 
Support : Creating Website | Mas Template
Proudly powered by Blogger
Copyright © 2011. ဟတ်လှိုင်း မီဒီယာ တို့ လာရောက်သူအပေါင်း ကိုယ်စိတ်နှလုံး ကျန်းမာချမ်းသာကြပါစေဗျာ
Design by DauGyung lhaovo nao"