Tuesday, November 08, 2011

မြန်မာ-အမေရိကန် နှစ်နိုင်ငံ တပ်မတော်နှစ်ရပ် ပူးပေါင်း ဆောင်ရွက်ရန် ကိစ္စရပ်များဆွေးနွေး

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiTpV7iKKMb6GvGwxQgznee952kSHxUdUxiPF5b2VXlkjkVw14rv-d3YwBaMNaD1fJJPHqDjv-rlQv1rYh5xY-wZZ9AuXMV-BQ_zf6wMA7Zdn7q12u7ntX1K1FRlyNcqLpJ63gw5JkyR51Z/s1600/762.jpg
တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင် နှင့် အမေရိကန်
အစိုးရ၏ မြန်မာ နိုင်ငံဆိုင်ရာ အမေရိကန် အထူးကိုယ် စားလှယ်နှင့် မူဝါဒရေးရာညှိနှိုင်းရေးမှူး ဒဲရက် မစ်ချဲလ် တို့သည် နိုဝင်ဘာလ ၃ ရက်နေ့က နေပြည်တော်၌ တွေ့ဆုံခဲ့ပြီး မြန်မာ- အမေရိကန် နှစ်နိုင်ငံ တပ်မတော်နှစ်ရပ် ပူးပေါင်းဆောင်ရွက်ရန် ကိစ္စရပ်များ ဆွေးနွေး ခဲ့ကြကြောင်း သိရှိ ရပါသည်။

မြန်မာနိုင်ငံမှ ကာကွယ်ရေး ဦးစီးချုပ်အဆင့်ရှိ တာဝန်ရှိသူနှင့် အမေရိကန် အဆင့်မြင့် အရာရှိတို့ တွေ့ဆုံ ဆွေးနွေးမှုမှာ ၁၉၈၈ ခုနှစ် နောက်ပိုင်း တစ်ကြိမ်မျှ မရှိခဲ့ဘဲ ယခု တစ်ကြိမ်သည် ပထမဆုံး အနေဖြင့် တွေ့ဆုံဆွေးနွေး ခဲ့ကြခြင်းဖြစ်သည်။ Eleven Mwdia Group တွင်ဖေါ်ပြခဲ့သည်။

ဆွေးနွေး မှုများကို နိုဝင်ဘာလ ၃ ရက်နေ့ မွန်းလွဲပိုင်းအချိန်က နေပြည်တော်ရှိ ဇေယျာသီရိ ဗိမာန်၌ ပြု လုပ်ခဲ့ခြင်းဖြစ်ကာ မြန်မာ- အမေရိကန် နှစ်နိုင်ငံ ဆက်ဆံရေး မြှင့်တင်ရေး လုပ်ငန်းများ အပြင် နှစ်နိုင်ငံ တပ်မတော် နှစ်ရပ် ပူးပေါင်း ဆောင်ရွက်ရန် ကိစ္စ ရပ်များကို ဆွေးနွေးခဲ့သည်ဟု နိုင်ငံပိုင် မီဒီယာများမှ တစ်ဆင့် သတင်း ထုတ်ပြန်ခဲ့ပါသည်။
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg4fQ04LwO6sjgoh_kkwI2iJKLbHKY5Q7-oz8hQlM8zt8__ER8N8wEX3yrRi7svj-33E20n-GQSalrd8n3-imh0hyQdLvI1q9XWacC2K59IPtwjCDrEWE5szuFZlib8E0Y-mbmcH1aplDGs/s1600/610xDASSK.jpg
၇ ရက် ၁၁ လ ၂၀၁၁ ခုနေ့တွင် မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည် သမ္မတ စီးပွားရေး အကြံပေး ဦးမြင့်နှင့် ချက်နိုင်ငံ အီးယူ ကိုယ်စားလှယ် Mr.David Lipman ဒေးဗစ် လစ်မန် တို့ ငွေကြေးဆိုင်ရာဖွံ့ ဖြိုးရေး အခန်းကဏ္ဍ အလုပ်ရုံဆွေးနွေးပွဲသို့ တက်ရောက်ခဲ့ပါသည်။

လူထုအော်သံ

No comments:

Post a Comment