ရွှေနဲ့ ဗထက်ချိုက်တို့ အကြိတ်အနယ် - ဓာတ်ပုံ - getty images
ဒီနေ့ အင်ဒိုမှာ ကန်တဲ့ ဆီးဂိမ်း တတိယနေရာလုပွဲမှာ မြန်မာအသင်း နိုင်ပါတယ်။ ၄ ဂိုး ၁ ဂိုးနဲ့ပါ။
ပထမပိုင်း ၃၄ မိနစ်မှာ ကျော်ဇေယျာဝင်းက တဂိုးရှူးတဲ့အတွက် မြန်မာအသင်း ဘဲဥ စ ကွဲပါတယ်။
ဒုတိယပိုင်း ၇ မိနစ်မှာ ကိုကိုက မြန်မာအသင်းအတွက် နောက်တဂိုး ရအောင် လုပ်ပေးပါတယ်။ ကိုကိုနဲ့ ပြည့်ဖြိုးတို့ အချိတ်အဆက်မိမိ ကစားသွားတာပါ တဲ့။
ဒုတိယပိုင်းမှာပဲ ဗီယက်နမ် အလယ်တန်းလူ Hoang Thinh က ကိုယ့်ဂိုးကိုယ်သွင်းပါတယ်။ ဒီတော့ ပွဲက ၃-၀ ဖြစ်သွားပါတယ်။
မြန်မာအသင်းရဲ့ ၄ ဂိုးမြောက်ကို ကန်သွင်းသူက ကျော်ကိုကိုဖြစ်ပါတယ် တဲ့။ ဂိုးသမား ပေါင်ကြားထဲက သွင်းလိုက်တာလို့ ဆိုပါတယ်။
ဗီယက်နမ်ရဲ့ တလုံးတည်းသော ချေပဂိုးက ပွဲပြီးခါနီး မိနစ်ပိုင်းလိုမှာ ဖြစ်ပါတယ်။
ဘဲဥခွဲသူက Lam Anh Quang လို့ ဆိုပါတယ်။
@ by http://www.irrawaddyblog.com/2011/11/blog-post_4780.html
ကိုးကားသတင်း = http://www.tuoitrenews.vn/cmlink/tuoitrenews/sports/vietnam-myanmar-1-4-second-half-1.51979
No comments:
Post a Comment