Friday, November 04, 2011

ဆီး​ဂိမ်း​အဖွင့်​ပွဲစဉ်တွင် မြန်မာအသင်း​က လာအိုကို ၃-၂ ဂိုး​ဖြင့်​ အနိုင်ရရှိ


၂၀၁၁ ဆီး​ဂိမ်း​ဘောလုံး​ပြိုင်ပွဲ အုပ်စု(ခ) ရဲ့​အဖွင့်​ပွဲစဉ်​တွေကို အင်ဒိုနီး​ရှား​နိုင်ငံ ဂျာကာတာမြို့​မှာ မ​နေ့​ ည​နေပိုင်း​က စတင်ကျင်း​ပခဲ့​ရာ မြန်မာအသင်း​က လာအိုကို ၃-၂ ဂိုး​နဲ့​ အနိုင်ရခဲ့​ပါတယ်။
အုပ်စု (ခ) မှာ မြန်မာ၊​ ဗီယက်နမ်၊​ ဖိလစ်ပိုင်၊​ လာအို၊​တီ​မောနဲ့​ဘရူနိုင်း​အသင်း​တို့​ပါဝင်ကြပြီး​ မြန်မာအသင်း​ဟာ ၂၀၀၅ ဆီး​ဂိမ်း​တုန်း​က လာအိုအသင်း​ဆီမှာ တင်ခဲ့​တဲ့​ ရှုံး​ကြွေး​ကို ပြန်ဆပ်နိုင်ခဲ့​တာပါ။
မြန်မာစံ​ တော်ချိန် ၆ နာရီ ၃၀ ဂျကာတာမြို့​က ဘန်ကာနိုကွင်း​မှာ မြန်မာအသင်း​အ​နေနဲ့​လာအိုအသင်း​ကို ခက်ခက်ခဲခဲကစား​ပြီး​မှ အနိုင်ရခဲ့​တာပါ။
မြန်မာအသင်း​ ဟာ ဒီပွဲစဉ်ကို အနိုင်ရဖို့​အတွက် တိုက်စစ်ဦး​စား​ပေး​ ၄-၂-၃-၁ ကစား​ကွက်နဲ့​ပွဲထွက်ခဲ့​ပြီး​ တိုက်စစ်မှာ ​ကျော်ကိုကိုနဲ့​ မင်း​မင်း​သူတို့​ခြေစွမ်း​ပြကစား​နိုင်ခဲ့​ကြတယ်။
ဒါ ​ပေမယ့်​ ပွဲချိန် ၁၅ မိနစ်မှာ ​နောက်တန်း​ဘယ်အစွန်လူ ဉာဏလွင် တိုက်ရိုက် အနီကတ်ပြ အထုတ်ခံခဲ့​ရလို လက်ကျန်ပွဲချိန်​တွေကို ကစား​သမား​တ​ယောက်​လျော့​နဲ့​ ရုန်း​ကန်ခဲ့​ရပြီး​ ခံစစ်ပိုင်း​ကလည်း​ အမှား​များ​ခဲ့​လို့​အနိုင်ရဖို့​ခက်ခက်ခဲခဲ ကြိုး​ပမ်း​ခဲ့​ရတာပါ။
ပထမပိုင်း​ ၁၄ မိနစ်မှာ တန်ပြန်တိုက်စစ်က​နေ လာအိုအသင်း​ တိုက်စစ်မှူး​ လမ်နာအို တိုဆင် လွတ်လွတ်ကျွတ်ကျွတ်ထိုး​ဖောက်ဆွဲ​ပြေး​တာကို ​နောက်က​နေ မမှီမကမ်း​နဲ့​လျှောထိုး​ဖျက်ထုတ်ခဲ့​တဲ့​ ဉာဏလွင် တိုက်ရိုက်အနီကတ်ပြခံရပြီး​ ထွက်ခဲ့​ရပါတယ်။
မြန်မာအသင်း​ တစယောက်​လျော့​သွား​ပေမယ့်​ ကစား​ပုံပျက်မသွား​ဘဲ လာအိုအသင်း​ထက် ဂိုး​သွင်း​ခွင့်​တွေ ပိုရခဲ့​ပါတယ်။ ပွဲချိန် ၁၈ မိနစ်မှာ မြန်မာအသင်း​ ​ထောင့်​ကန်​ဘောရခဲ့​ပြီး​ ပြည်ဖြိုး​ဦး​ ကန်တင်တာကို ​ကျော်​ကျော်ကိုက ​ခေါင်း​တိုက်သွင်း​ယူနိုင်ခဲ့​လို့​မြန်မာအသင်း​ ဦး​ဆောင်ဂိုး​ရရှိခဲ့​ပါတယ်။
လာအိုအသင်း​က​ တော့​ ကစား​သမား​တ​ယောက်သာပြီး​တဲ့​နောက် ​ဘောလုံး​ပိုင်ဆိုင်မှုအသာစီး​ရ​ပေမယ့်​ ထိုး​ဖောက်ဂိုး​သွင်း​နိုင်မှုမှာ မြန်မာအသင်း​က ပိုမိုရရှိခဲ့​ပါတယ်။
မြန်မာအသင်း ​ရဲ့​ရှေ့​တန်း​က ​ကျော်ကိုကိုနဲ့​ ကွင်း​လယ်တိုက်စစ်ကစား​သမား​ မင်း​မင်း​သူတို့​ကို လာအို​နောက်ခံလူ​တွေ ခက်ခက်ခဲခဲ ထိန်း​ခဲ့​ရတယ်။ ဒုတိယပိုင်း​မှာ​တော့​ မြန်မာအသင်း​က အနိုင်ဂိုး​ကိုထိန်း​ဖို့​ခံစစ်ထိုင်ကစား​ခဲ့​လို့​လာအိုအသင်း​ကို အခွင့်​အ​ရေး​ပေး​သလို ဖြစ်သွား​ခဲ့​တယ်။ မြန်မာ ​နောက်တန်း​ကစား​သမား​တွေကလည်း​ အမှား​များ​လာပြီး​ မြန်မာအသင်း​ရဲ့​ပယ်နယ်တီဧရီယာတဝိုက်မှာ မကြာခဏဆိုသလို ပြစ်ဒဏ်​ဘော​တွေ ​ပေး​ခဲ့​ရပါတယ်။
ပွဲချိန် ၆၄ မိနစ်မှာ မြန်မာအသင်း​ ပယ်နယ်တီဧရိယာနဲ့​မလှမ်း​မကမ်း​ ဘယ်ဘက်ခြမ်း​မှာ လာအိုအသင်း​ ဖရီး​ကစ်ကန်ခွင့်​ရခဲ့​ပြီး​ ဒီဖရီး​ကစ်က​နေတဆင့်​ လာအိုအသင်း​တိုက်စစ်မှူး​ လမ်နာအိုက ​ချေပဂိုး​ကို ​ခေါင်း​တိုက်သွင်း​ယူခဲ့​ပါတယ်။ လာအိုတိုက်စစ်မှူး​ လမ်နာအိုအနား​မှာ မြန်မာ​နောက်ခံလူ ၃ ဦး​ရှိ​ပေမယ့်​ တား​ဆီး​နိုင်ခြင်း​မရှိလို့​ဂိုး​ပေး​လိုက်ရတာပါ။
ချေပဂိုး​ပေး​ လိုက်ရတဲ့​ မြန်မာအသင်း​ ဂိုး​ထပ်ရဖို့​ပြန်လည်တိုက်စစ်မြှင့်​တင်ခဲ့​ရာ ပွဲချိန် ၆၉ မိနစ်မှာ ​ကျော်ကိုကိုရဲ့​ပေး​ပို့​မှုက​နေ မင်း​မင်း​သူက ဒုတိယဂိုး​သွင်း​ယူခဲ့​ပါတယ်။ `
မြန်မာအသင်း​ ရဲ့​ဒုတိယဦး​ဆောင်ဂိုး​ ဟာ ၅မိနစ်သာခံပြီး​ ​ချေပဂိုး​ပြန်​ပေး​လိုက်ရပါတယ်။ မြန်မာ​နောက်ခံလူ​တွေ ​ဘောလုံး​ ဖျက်ထုတ်ပုံ မ​သေသပ်လို့​ လာအိုအသင်း​ တိုက်စစ်မှူး​ ​ဆောင်ဗိုနီက သွင်း​ယူခဲ့​တာပါ။
ဒုတိယ​ ချေပဂိုး​ ​ပေး​လိုက်ရ​ပေမယ့်​ စိတ်ဓာတ်ကျမသွား​ဘဲ ပြန်လည်တိုက်စစ်ဆင်ရာ ပွဲချိန် ၇၉ မိနစ်မှာ မြန်မာအသင်း​အတွက် အနိုင်ဂိုး​ကို ကြည်လင်း​ရဲ့​ပေး​ပို့​မှုက​နေ ရန်​အောင်ဝင်း​က သွင်း​ယူခဲ့​ပြီး​ ပွဲဦး​ထွက်မှာ အမှတ်ပြည့်​ ရရှိခဲ့​တာ ဖြစ်ပါတယ်။
မြန်မာအသင်း​ ဟာ အုပ်စုက တက်​ရေး​အတွက် ဖိလစ်ပိုင်အသင်း​ကို ၃-၁ ဂိုး​နဲ့​ အနိုင်ရရှိထား​တဲ့​ ဗီယက်နမ်အသင်း​နဲ့​ နိုဝင်ဘာ ၅ ရက်​နေ့ ကစား​မယ့်​ပွဲကို အနိုင်ကစား​ဖို့​ လိုပါတယ်။

No comments:

Post a Comment