Thursday, November 24, 2011

မြန်မာ​ဘောလုံး​အသင်း​ ​အောင်မြင်တာမဟုတ်ဘူး​၊​ တိုး​တက်တာ (ဦး​ခင်​မောင်​ထွေး​နှင့်​ ​မေး​မြန်း​ချက်)

နိုဝင်ဘာ ၂၂ ရက်က ပြီး​ဆုံး​သွား​တဲ့​ ၁၉ ကြိမ်​မြောက် အ​ရှေ့​တောင်အာရှ အားကစားပြိုင်ပွဲမှာ မြန်မာ​ဘောလုံး​အသင်း​ဟာ တတိယ ​ကြေး​တံဆိပ်ရရှိခဲ့​ပါတယ်။
မြန်မာ​ ဘောလုံး​အသင်း​ရဲ့​ လက်ရှိအ​နေအထား​၊​ မြန်မာ​ဘောလုံး​အသင်း​ ​အောင်မြင်ဖို့​ ​ရေတို​ရေရှည် ဘယ်လို စီမံထား​တာ​တွေရှိလဲ၊​ ၂၀၁၃ ခုနှစ်ကျရင် အိမ်ရှင်အဖြစ်လက်ခံကျင်း​ပတဲ့​အချိန်မှာ​ရော မြန်မာ​ဘောလုံး​အသင်း​ ​အောင်မြင်မှုရှိနိုင်မလား​ ဆိုတာ​တွေနဲ့​ ပတ်သက်ပြီး​ ဝါရင့်​အား​ကစား​က​လောင်ရှင် ဦး​ခင်​မောင်​ထွေး​ကို ဆက်သွယ်​မေး​မြန်း​ထား​ပါတယ်။
ပြီး​ခဲ့​တဲ့​ ဆီး​ဂိမ်း​မှာ မြန်မာ​ဘောလုံး​အသင်း​ရဲ့​ အ​နေအထား​ကို အန်ကယ်လ် ဘယ်လိုသုံး​သပ်ပါသလဲ။
“မြန်မာအသင်း​ က​တော့​ အသင်း​တွေထဲမှာ တိုး​တက်မှု ရှိတယ်​ပေါ့​ဗျာ။ တိုး​တက်မှုရှိတယ်ဆိုတာကလည်း​ အုပ်စုပွဲမှာ ၅ ပွဲ ကစား​ခဲ့​ရတယ်ဗျာ။ ၅ ပွဲကစား​ရာမှာ ၄ ပွဲနိုင် ၁ ပွဲသ​ရေကျတယ်။ ​နောက် လာအိုတို့​ ဗီယက်နမ်တို့​ ကစား​တော့​ ၁၀ ​ယောက် ၁၁ ​ယောက်နဲ့​ ကစား​ခဲ့​တယ်ဆို​တော့​ ဘာပဲ​ပြော​ပြော တိုး​တက်တယ်လို့​ ​ပြောရမှာ​ပေါ့​။ မြန်မာ​ဘောလုံး​အသင်း​ ​အောင်မြင်တာမဟုတ်ဘူး​ တိုး​တက်တာ။ အရင်အသင်း​တွေထက် ပို​ကောင်း​လာတယ်​ပေါ့​ဗျာ။ အဲဒီလိုပဲ မှတ်ချက်ချလို့​ ရပါတယ်။”
ဆီး ​ဂိမ်း​မတိုင်ခင်မှာ အန်ကယ်တို့​ ​နေပြည်​တော်မှာ မြန်မာ့​ဘောလုံး​ တိုး​တက်ဖို့​ အလုပ်ရုံ​ဆွေး​ဆွေး​ပွဲ လုပ်တယ်လို့​ သိရပါတယ်။ အဲဒီ​ဆွေး​နွေး​ပွဲမှာ ​ဘောလုံး​နဲ့​ပတ်သက်ပြီး​ ပြုပြင်​ပြောင်း​လဲစရာ​တွေ အ​ဖြေ​တွေ ရပါသလဲခင်ဗျ။
“နှစ်ပိုင်း​ ပေါ့​နော်။ တချို့​ဆန္ဒရှင်​တွေက ​ရေတိုစီမံကိန်း​ပေါ့​။ လက်ရှိလက် ​ရွေး​စင် ​ဘောလုံး​အသင်း​အ​ပေါ်မှာ သုံး​သပ်ချက်​တွေ ဘာ​တွေပြင်ရမလဲ။ နည်း​ပြဆရာကအစ က​လေး​တွေရဲ့​ စိတ်ဓာတ်က အစ​ပေါ့​။ ဒါ​တွေပြုပြင်ဖို့​ တင်ပြတာရှိတယ်။ တချို့​က​တော့​ ​ရေရှည်​ပေါ့​။ ​ရေရှည်က​တော့​ ​အောက်​ခြေကစပြီး​ ​ကျောင်း​တွေကစပြီး​ အရင်တုန်း​ကလို့​ပေါ့​။ အရင်တုန်း​က ရှိခဲ့​တာကို ပြန်လုပ်ဖို့​ ကျ​နော်တို့​ အ​ဖြေရှာကြတာ အ​ဖြေရသွား​တယ်။”
ဘယ်လိုလုပ်ဖို့​အ​ဖြေရလဲ ဆရာ။
“​ကျောင်း​တွေ ​ပေါ့​နော် အထက်တန်း​ကျောင်း​တွေ၊​ မူလတန်း​ကျောင်း​တွေ၊​ အလယ်တန်း​ကျောင်း​တွေမှာ ​ဘောလုံး​ကွင်း​တွေ​ပေါ်ဖို့​၊​ ​ဘောလုံး​ကစား​ဖို့​ အချိန်​တွေ​ပေး​နိုင်ဖို့​။ က​လေး​တွေ ​ဘောလုံး​ကစား​ကြဖို့​ ထိုနည်း​အတူပဲ တက္ကသိုလ်​တွေ၊​ ​ကောလိပ်​တွေမှာလည်း​ ​ဘောလုံး​ကွင်း​တွေရှိဖို့​ ​ဘောလုံး​ကစား​ နိုင်မယ့်​အ​ခြေအ​နေ​တွေကို ဖန်တီး​ပေး​ဖို့​။ အဲဒါ​တွေကို ကျ​နော်တို့​ ​ဆွေး​နွေး​ကြတာ​ပေါ့​။”
ကျ​နော်တို့​ အလုပ်ရုံ​ဆွေး​နွေး​ပွဲက ရတဲ့​အ​ဖြေ​တွေကို ဘယ်​တော့​လောက် ဘယ်လိုအ​ကောင်အထည်​ဖော်ဖို့​ ရှိလဲခင်ဗျ။
“အဲဒါကျ​တော့​ အား​ကစား​ဝန်ကြီး​ဌာနရယ် ​ဘောလုံး​အဖွဲ့​ချုပ်က​တော့​ ချက်ချင်း​ပဲ။ လုပ်နိုင်သမျှ ချက်ချင်း​လုပ်​ပေါ့​။ အခုဒီမှာ ဘာလုပ်​နေလဲဆို​တော့​ အား​ကစား​နဲ့​ပညာ​ရေး​ ​ပေါင်း​ကူး​စနစ်ဆိုပြီး​ ​ဘောလုံး​က စထွင်တာ​ပေါ့​ဗျာ။ ​ကျောင်း​တွေမှာ ​ဘောလုံး​ကစား​နိုင်ဖို့​ ဒီ​ဘောလုံး​အဖွဲ့​ချုပ်နဲ့​ အား​ကစား​ဝန်ကြီး​ဌာနက အကူအညီ​ပေး​နေတာ​တွေ ရှိတယ်။ အခု စလုပ်​နေပါပြီ။ ဒါ​ပေမယ့်​ တတိုင်း​ပြည်လုံး​ အတိုင်း​အတာနဲ့​ဆိုရင်​တော့​ ပညာ​ရေး​ဝန်ကြီး​ဌာနက ဦး​ဆောင်လုပ်ရမယ့်​ အ​နေအထား​ပါ။ ဒီဘက်က အား​ကစား​ဘက်က​တော့​ အကူအညီ ​ပေး​မယ်​ပေါ့​နော် စ​နေပါပြီ။”
ဘယ်မှာစ​နေပါပြီလဲ အန်ကယ်။
“ရန်ကုန်တို့​ မန္တ​လေး​တို့​မှာ ကလပ်အသင်း​တွေက ​ဒေသအလိုက် ​ဘောလုံး​ သင်တန်း​ကျောင်း​လေး​တွေ ​နေပြည်​တော်တို့​မှာ ရှိတယ်။ ​နောက် ရတနာပုံဆိုတာ မန္တ​လေး​မှာ ရှိတယ်၊​ ရန်ကုန်က ဦး​တေဇတို့​ ကလပ်မှာ ရှိတယ်။ ​နောက် မ​နေ့​တ​နေ့​ကပဲ ဧရာဝတီမှာ အကယ်ဒမီ ​ဘောလုံး​သင်တန်း​ကျောင်း​ သွား​ဖွင့်​တာရှိတယ် အဲဒီလိုပဲ စ​နေတယ်။ ​ကျောင်း​တွေက အခု​တော့​ ပြိုင်ပွဲ​တွေ ပြန်ပြီး​တော့​ လုပ်​ပေး​နေတယ်။ ပြိုင်ပွဲ​တွေ လုပ်​ပေး​တယ်ဆိုတာ က​လေး​တွေက ​ဘောလုံး​ကစား​ဖို့​ စိတ်ဝင်စား​လာတာ​ပေါ့​ဗျာ။ ပြိုင်ပွဲ​တွေဆိုတာက​တော့​ တက္ကသိုလ်​တွေမှာ​ရော ​ကောလိပ်​တွေမှာ​ရော အခုမှ ပြန်စတာ။ ပြန်စတာဆိုတာ အရင်က ရှိပြီး​သား​ကို ပြန်စတာ​ပေါ့​နော်။ အသစ်ထွင်တာ​တော့​ မဟုတ်ပါဘူး​။”
မြန်မာ့ ​ဘောလုံး​နဲ့​ ပတ်သက်ပြီး​တော့​ ​ရေတို​အောင်မြင်မှု ရနိုင်မလား​၊​ ​ရေရှည်မှ ​အောင်မြင်မှု ရနိုင်မလား​။ ဆိုကြပါစို့​ အနီး​ဆုံး​က ကျ​နော်တို့​ ၂၀၁၃ ဆို မြန်မာအိမ်ရှင် လုပ်​တော့​မယ်​ပေါ့​နော်။ အဲဒီ​လောက်အ​နေအထား​ ဒီ ၁ နှစ် ၂ နှစ်အတွင်း​မှာ ဖြစ်နိုင်ပါ့​မလား​ခင်ဗျ။
“အခု ၂၀၁၁ ဂျာကာတာမှာ ကစား​သွား​တဲ့​ ​ဘောလုံး​အသင်း​ရဲ့​ အ​နေအထား​ကို ကြည့်​ရရင် ​ရေတိုစီမံကိန်း​အရ ​အောင်မြင်မှာပါ။ ​အောင်မြင်နိုင်ပါတယ်။ ​အောင်မြင်မှာပါလို့​ ကျ​နော် မ​ပြောရဲဘူး​။ ဒီ ၂၀၁၁ ဂျာကာတာ ဆီး​ဂိမ်း​မှာ ဝင်ပြိုင်သလို အစစအရာရာ အား​လုံး​က တက်ညီလက်ညီ လုပ်​ပေး​နိုင်မယ်ဆိုရင်​တော့​ ၂၀၁၃ မှာ ကျ​နော်တို့​ ​ရွှေတံဆိပ် ရနိုင်ပါတယ်။ ဘာလို့​တုန်း​ဆို​တော့​ ဂျာကာတာမှာလည်း​ ကျ​နော်တို့​က ချန်ပီယံ ဖြစ်သွား​တဲ့​ မ​လေး​ရှား​အသင်း​ကို ၈၅ မိနစ်​လောက်အထိ တန်း​တူရည်တူ ကစား​ပြီး​ တချက်မှား​လို့​ တဂိုး​ပေး​လိုက်ရတာ။ ​နောက်တခါ ဗီယက်နမ်လို အသင်း​မျိုး​ကို ၄ ဂိုး​ ၁ ဂိုး​နဲ့​ ပြန်နိုင်တယ်ဆိုတာ ဒီမှာဘက် ​နောက်ပိုင်း​မှာ တခါမှ မရှိဖူး​သေး​ဘူး​။ အဲဒါကို ထိန်း​ထား​နိုင်ရင် အဲဒီအ​ပေါ်မှာ ပိုပြီး​တော့​ မွမ်း​မံပြင်ဆင်​ပေး​နိုင်ရင် ၂၀၁၃မှာ ​မျှော်လင့်​ရနိုင်ပါတယ်။” 
post by DVB

No comments:

Post a Comment