ထိပ်ဆုံး သတင်း :
Home » » ၈၈ မျိုးဆက် ကျောင်းသား အဖွဲ့ဝင် အားလုံး လွတ်မြောက်ရေး ဆက်လုပ်မယ်

၈၈ မျိုးဆက် ကျောင်းသား အဖွဲ့ဝင် အားလုံး လွတ်မြောက်ရေး ဆက်လုပ်မယ်

11/10/2011 07:09:00 AMတွင်ရေးသည်

ကိုမင်းကိုနိုင်၊ ကိုကိုကြီး အပါအ၀င် အကျဉ်းထောင် အသီးသီးမှာ ကျခံနေရဆဲ ၈၈ မျိုးဆက် ကျောင်းသား အဖွဲ့ဝင် အားလုံး အမြန်ဆုံး လွတ်မြောက်ရေး ဆက်လုပ်သွားမယ်လို့ မကြာသေးမီက ပြန်လည် လွတ်မြောက်လာတဲ့ ၈၈ မျိုးဆက် ကျောင်းသားတွေက ဒီကနေ့ ပြောဆိုလိုက်ပါတယ်။

88 Generation Students Group
၂၀၁၁ ခုနှစ် အောက်တိုဘာလ အတွင်း ပြန်လည် လွတ်မြောက်လာသော ၈၈ မျိုးဆက် ကျောင်းသားများ၏ ဆွမ်းကပ် လှူဒါန်းပွဲ ဖိတ်ကြားလွှာ။
နားဆင်ရန်...


၂၀၀၇ ခုနှစ် အတွင်း အကျဉ်းချခံရတဲ့ ၈၈ မျိုးဆက်ကျောင်းသား အဖွဲ့ဝင် ၃၇ ဦး အနက် လွတ်မြောက်လာသူ ၁၁ ဦးက ရန်ကုန် စမ်းချောင်း မြို့နယ် တိုက်ကြီး ဓမ္မာရုံမှာ သံဃာတော်တွေကို ဒီကနေ့ ဆွမ်းကပ် လှူဒါန်းရင်း အကျဉ်းထောင်အ သီးသီးမှာ ကျန်နေတဲ့ ၈၈ မျိုးဆက် ကျောင်းသားတွေရဲ့ မိသားစုဝင်တွေနဲ့ တွေ့ဆုံ အားပေးခဲ့တယ်လို့ မကြာမီက ပြန်လည် လွတ်မြောက်လာသူ စမ်းချောင်း ကိုကိုကြီးက ပြောပါတယ်။ ၂၀၀၇ ခု သြဂုတ်လထဲမှာ စစ်အစိုးရက လောင်စာဆီ ဈေးနှုန်းတွေ ရုတ်တရက် မြှင့်တင်လိုက်တာကြောင့် အခက်အခဲ ဖြစ်နေတဲ့ ပြည်သူတွေ ကိုယ်စား ၈၈ မျိုးဆက် ကျောင်းသား အဖွဲ့က စီတန်း လမ်းလျှောက် ဆန္ဒပြခဲ့တာကို စစ်အာဏာပိုင်တွေက လိုက်လံ ဖမ်းဆီးပြီး အနှစ် ၆၀ ကျော် နှစ်ရှည် ထောင်ဒဏ်တွေ ချမှတ်ပြီး နယ်ဝေးထောင် အသီးသီးကို ပို့ထားခဲ့ပါတယ်။ အဲဒီလို ဖမ်းဆီး ထောင်ချမှု နောက်ပိုင်းမှာတော့ ၈၈ မျိုးဆက် ကျောင်းသား အဖွဲ့ဝင် တချို့ဟာ မြေအောက် လှုပ်ရှားမှု ပုံစံနဲ့ ဆက်လက် လှုပ်ရှားနေခဲ့တာပါ။ စမ်းချောင်း မြို့နယ်မှာ ဒီကနေ့ ပြုလုပ်တဲ့ တွေ့ဆုံပွဲမှာတော့ ၈၈ မျိုးဆက် ကျောင်းသား အဖွဲ့ အနေနဲ့ လူထုကြားမှာ တရားဝင် ရပ်တည် လှုပ်ရှားသွားမယ်လို့ ပြောဆိုပါတယ်။ ၈၈ မျိုးဆက် ကျောင်းသား ကိုဖြိုးမင်းသိန်း၊ စမ်းချောင်း ကိုကိုကြီး (ခေါ်) ကိုသိန်းသန်ထွန်း၊ ကိုစိုးထွန်းတို့နဲ့ ဆက်သွယ် မေးမြန်းပြီး ကိုဉာဏ်ဝင်းအောင်က စုစည်း တင်ပြထားပါတယ်။
ဆက်သွယ်မေးမြန်းချက်။
အသံဖိုင်ယူရန်။
ဆက်လက် မျှဝေရန်... :

0 comments ::

စာဖတ်သူတွေရဲ့ ပြောရေးဆိုခွင့် ... !

မင်္ဂံလာပါ

close
cbox

မင်ဘာ ဝင်ပေးဖို့ ဖိတ်ခေါ်ပါတယ်

Ayar Myanmar Unicode Font
Zawgyi Font
Ayar Online Editor
Ayar Online Converter
Ayar Online Dictionary
Ayar Myanmar Unicode Group

like လေးနှိပ်ပြီး အားပေးခဲ့ပါ

ကျေးဇူးပြုပြီး 10 စက္ကန့် စောင့်ပါ ပိတ်ရန်
"၉၆၉"ဆိုတာဘာလဲ?ဘယ်သူတွေဖွဲ့တာလဲ?
ဘီဘီစီနှောက်ဆုံး အသံ လွှင့် အစီအစဉ်များ
နေ့အလိုက် အသံလွှင့် အစီအစဉ်များ နားထောင်လိုလျှင်
DVB နေ့စဉ် အစီအစဉ်များ
DVB တိုင်းရင်းသား ဘာသာ အစီအစဉ်များ
 
Support : Creating Website | Mas Template
Proudly powered by Blogger
Copyright © 2011. ဟတ်လှိုင်း မီဒီယာ တို့ လာရောက်သူအပေါင်း ကိုယ်စိတ်နှလုံး ကျန်းမာချမ်းသာကြပါစေဗျာ
Design by DauGyung lhaovo nao"