ထိပ်ဆုံး သတင်း :
Home » » ငြိမ်း​ချမ်း​စွာစီတန်း​လှည့်​လည်ခွင့်​ ဥပ​ဒေနှင့်​ပတ်သက်ပြီး​ လွှတ်​တော်ကိုယ်စား​လှယ်နှင့်​မေး​မြန်း​ချက်

ငြိမ်း​ချမ်း​စွာစီတန်း​လှည့်​လည်ခွင့်​ ဥပ​ဒေနှင့်​ပတ်သက်ပြီး​ လွှတ်​တော်ကိုယ်စား​လှယ်နှင့်​မေး​မြန်း​ချက်

11/23/2011 12:33:00 AMတွင်ရေးသည်

ငြိမ်း​ချမ်း​ စွာစု​ဝေး​ခွင့်​နဲ့​ ငြိမ်း​ချမ်း​စွာ စီတန်း​လှည့်​လည်ခွင့်​ ဥပ​ဒေကို လွှတ်​တော်တွင်း​ ​ဆွေး​နွေး​တာ ပြီး​ပြတ်သွား​ပြီဖြစ်လို့​ သမ္မတထံတင်လိုက်ပြီ ဖြစ်ပါတယ်။
ငြိမ်း​ချမ်း​ စွာစု​ဝေး​ခွင့်​ဥပ​ဒေကို ဒီ​နေ့​ပြည်သူ့​လွှတ်​တော်မှာ အပြီး​သတ် ​ဆွေး​နွေး​ကြရာမှာ နိုင်ငံ​တော်အလံကိုင်​ဆောင်ပြီး​ စီတန်း​လှည့်​လည်ခွင့်​ပြုဖို့​ မဲခွဲဆုံး​ဖြတ်တဲ့​ဘက်က အနိုင်ရတာမို့​၊​ ငြိမ်း​ချမ်း​စွာ စီတန်း​လှည့်​လည်တဲ့​နေရာမှာ အလံကိုင်​ဆောင်ခွင့်​ရရှိကြမှာ ဖြစ်ပါတယ်။
ငြိမ်း​ချမ်း​ စွာ စီတန်း​လှည့်​လည်ခွင့်​ဥပ​ဒေနဲ့​ ပတ်သက်ပြီး​ သင်္ဃန်း​ကျွန်း​မြို့​နယ် ပြည်သူ့​လွှတ်​တော်ကိုယ်စား​လှယ် ဦး​သိန်း​ညွန့်​ကို ဆက်သွယ်​မေး​မြန်း​ထား​ပါတယ်။
ဥပ​ဒေထွက်လာရင် အများ​ပြည်သူက ကိုယ့်​ဆန္ဒကို​ဖော်ထုတ်မယ်ဆိုရင် ဘယ်လို​ဖော်ထုတ်ခွင့်​ရပြီလဲဆိုတာ အကြမ်း​ဖျဉ်း​လေး​ပြော​ပေး​ပါ။
ဦးသိန်းညွန့်
“ဥ​ပေဒမှာ သတ်မှတ်ထား​တဲ့​အတိုင်း​ပေါ့။ ဆန္ဒ​ဖော်ထုတ်ဖို့​ သတ်မှတ်ထား​တဲ့​နေရာမှာ သွား​တင်ရမယ်။ အဲ့​က ခွင့်​ပြုချက်ယူပြီး​တော့​ ဆန္ဒပြနိုင်တယ်။ ငြိမ်း​ချမ်း​စွာ စု​ဝေး​ခွင့်​နဲ့​ စီတန်း​လှည့်​လည်ခွင့်​လုပ်နိုင်တယ်။ လုပ်တဲ့​အခါ ကိုယ်လုပ်ချင်တဲ့​ ရည်ရွယ်ချက်၊​ လမ်း​ကြောင်း​၊​ ​နေ့​တို့​အချိန်တို့​ကို ​ဖော်ပြရမှာ​ပေါ့​။ ​ဖော်ပြပြီး​တော့​ သက်ဆိုင်ရာ မြို့​နယ် ရဲတပ်ဖွဲ့​မှူး​၊​ သက်ဆိုင်ရာ မြို့​နယ်အ​ထွေ​ထွေအုပ်ချုပ်​ရေး​ဦး​စီး​ဌာနရဲ့​ အတည်ပြုချက်နဲ့​ ခွင့်​ပြုမိန့်​ထုတ်​ပေး​ခြင်း​ (သို့​) ခွင့်​ပြုမိန့်​ ငြင်း​ပယ်ခြင်း​တွေ ပြုလုပ်နိုင်တယ်။ စီတန်း​လှည့်​လည်တဲ့​အခါမှာလည်း​ သူတို့​ဘက်က ဥပ​ဒေနဲ့​ အကာအကွယ်​ပေး​ရမှာ​ပေါ့​။ အဲ့​မှာ သတ်မှတ်ထား​တဲ့​ ​ကြွေး​ကြော်သံ​တွေ။ ခွင့်​ပြုထား​တဲ့​ ​ကြွေး​ကြော်သံ​တွေ​အော်နိုင်တာ​ပေါ့​။ ​အော်တဲ့​အခါ တရား​ဥပ​ဒေ တည်ဆဲဥပ​ဒေကို​တော့​ ကိုယ်ကသတိထား​ရမှာ​ပေါ့​။ ဒါကနိုင်ငံတကာမှာ လုပ်တဲ့​အတိုင်း​ပါပဲ။ ခွင့်​တောင်း​ပြီး​တော့​ ခွင့်​ပြုချက်အရ ချီတတ်တဲ့​အခါမှာလည်း​ သူတို့​က ဥပ​ဒေအတိုင်း​ အကာအကွယ်​တွေ​ပေး​ရမှာ​ပေါ့​။”
ဥပ​ဒေမှာ ဘယ်​နေရာ​တွေမှာ​တော့​ မလုပ်ရဘူး​ဆိုတာ ကန့်​သတ်ထား​တာ​ရော ရှိပါသလား။
“သတ်မှတ်ထား​ တာ​တော့​ရှိတယ်။ တချို့​နေရာ​တွေ​ပေါ့​။ အဲ့​ဒါက​တော့​ ဥပ​ဒေ အ​သေး​စိတ်ဖြစ်လာရင်​တော့​ သိရမှာ​ပေါ့​။ အဲ့​တော့​ ခွင့်​ပြုထား​တဲ့​နေရာ​တွေ​ပေါ့​။”
ခွင့် ​ပြုထား​တဲ့​နေရာ​တွေဆိုတာ သူတို့​က သတ်မှတ်​ပေး​တဲ့​ ​နေရာကို​ပြောတာပါလား​။ ဥပမာ ရန်ကုန်မှာဆိုရင် မြို့​တော်ခန်း​မ​ရှေ့​မှာ ဆန္ဒပြချင်တယ်ဆိုရင် အဲ့​နေရာ​တွေက ခွင့်​ပြုတဲ့​ထဲမှာပါလား​။
“ဥပ​ဒေမှာ ထွက်လာတဲ့​အခါကျ​တော့​ အ​သေး​စိတ် ဘယ်​နေရာပါမယ်၊​ မပါဘူး​ ထွက်လာမှာပါ။ အခုက ဥပ​ဒေအပြင်ဘက် နည်း​ဥပ​ဒေပဲရှိ​သေး​တာဆို​တော့​။”
အန်ကယ်လည်း ​ ဥပ​ဒေကိုနား​လည်တဲ့​သူတ​ယောက်ဖြစ်​တော့​ ဒီဥပ​ဒေအရ ကျ​နော်တို့​နိုင်ငံမှာ မိမိရဲ့​ဆန္ဒကို ငြိမ်း​ချမ်း​စွာထုတ်​ဖော်ပြသခွင့်​ အခြား​နိုင်ငံ​တွေတန်း​တူ ရပြီလို့​ ​ပြောနိုင်ပါလား​။ ဒီဥပ​ဒေထွက်လာရင်။
“အဲ့​ ဒီလိုရဖို့​ ဒီဂရီအား​ဖြင့်​ မြင့်​မား​တာ​တွေ။ လူ့​အခွင့်​အ​ရေး​ကြေညာစာတမ်း​ အပိုဒ် ၂၀ မှာပါတဲ့​ လူတိုင်း​လွတ်လပ်စွာ ​အေး​ချမ်း​စွာ စု​ဝေး​ခွင့်​နဲ့​ ဖွဲ့​စည်း​ခွင့်​ရှိသည်ဆိုတဲ့​ လူ့​အခွင့်​အ​ရေး​ကြေညာချက် အပိုဒ် ၂၀ ကို ဒီဥပ​ဒေကြမ်း​က အသိအမှတ်ပြုပြီး​တော့​ လက်ခံ​ဆောင်ရွက်လိုက်တာပါ။ လိုတာက​တော့​ လုပ်ရင်း​ကိုင်ရင်း​နဲ့​ ပြင်စရာရှိတာ ပြင်ရမှာ​ပေါ့​။”
အန်ကယ် ဒီဥပ​ဒေက မကြာခင် ထုတ်ပြန်ဖို့​ ရှိတယ်လို့​ ​ပြောရင်ရမလား​။
“ရပါတယ်။ လွှတ်​တော်ပိုင်း​ဆိုင်ရာပြီး​သွား​ပြီ။ သမ္မတဆီပို့​ရုံပဲ။ တခုရှိတာက သမ္မတက ပြင်စရာရှိလို့​ ပြင်ဆင်ချက်နဲ့​ ပြန်ပို့​ရင်​တော့​ ​ဆွေး​နွေး​ရမှာ​ပေါ့​။ ဒါသမ္မတအပိုင်း​ပေါ့​။ လွှတ်​တော်ပိုင်း​အ​နေနဲ့​တော့​ ပြီး​သွား​ပြီ။”
အခုပြုလုပ်​ နေတဲ့​ လွှတ်​တော်တွင်း​ ​ဆွေး​နွေး​မှု​တွေက​နေ ဒီမိုက​ရေစီ​ရေး​နဲ့​ လူ့​အခွင့်​အ​ရေး​အတွက် အဓိကလိုအပ်တဲ့​ ဥပ​ဒေသုံး​ခု ​ဆောင်ရွက်နိုင်မယ်လို့​ သိရပါတယ်။ အဲ့​ဒီထဲက အလုပ်သမား​ရပိုင်ခွင့်​ဥပ​ဒေကို ထုတ်ပြန်ခဲ့​ပြီး​ဖြစ်ပါတယ်။
ငြိမ်း​ချမ်း​ စွာ စီတန်း​လှည့်​လည်ခွင့်​ဥပ​ဒေကအပြီး​သတ်နိုင်ခဲ့​ပြီဖြစ်ပြီး​ ရပ်ကွက်​ကျေး​ရွာအုပ်ချုပ်​ရေး​မှူး​ ဥပ​ဒေကို​တော့​ ဒီတပတ်ထဲ အပြီး​သတ် ​ဆွေး​နွေး​ကြ​တော့​မှာ ဖြစ်ပါတယ်။
ကျင်း​ပ​နေတဲ့​လွှတ်​တော်​တွေဟာ လာမယ့်​ နိုဝင်ဘာ ၂၅ ရက်မှာ ပြီး​ဆုံး​တော့​မှာ ဖြစ်ပါတယ်။ 
post by DVB
ဆက်လက် မျှဝေရန်... :

0 comments ::

စာဖတ်သူတွေရဲ့ ပြောရေးဆိုခွင့် ... !

မင်္ဂံလာပါ

close
cbox

မင်ဘာ ဝင်ပေးဖို့ ဖိတ်ခေါ်ပါတယ်

Ayar Myanmar Unicode Font
Zawgyi Font
Ayar Online Editor
Ayar Online Converter
Ayar Online Dictionary
Ayar Myanmar Unicode Group

like လေးနှိပ်ပြီး အားပေးခဲ့ပါ

ကျေးဇူးပြုပြီး 10 စက္ကန့် စောင့်ပါ ပိတ်ရန်
"၉၆၉"ဆိုတာဘာလဲ?ဘယ်သူတွေဖွဲ့တာလဲ?
ဘီဘီစီနှောက်ဆုံး အသံ လွှင့် အစီအစဉ်များ
နေ့အလိုက် အသံလွှင့် အစီအစဉ်များ နားထောင်လိုလျှင်
DVB နေ့စဉ် အစီအစဉ်များ
DVB တိုင်းရင်းသား ဘာသာ အစီအစဉ်များ
 
Support : Creating Website | Mas Template
Proudly powered by Blogger
Copyright © 2011. ဟတ်လှိုင်း မီဒီယာ တို့ လာရောက်သူအပေါင်း ကိုယ်စိတ်နှလုံး ကျန်းမာချမ်းသာကြပါစေဗျာ
Design by DauGyung lhaovo nao"