Sunday, November 13, 2011

ကချင်လွတ်မြောက်ရေးတပ်မတော်မှ ထိခိုက်ကျဆုံးမှုများပြားနေသဖြင့် တပ်သားသစ်များ အရှိန်မြှင့်စုဆောင်း

ယခုရက်ပိုင်းအတွင်း ကချင်လွတ်မြောက်ရေးတပ်မတော် အနေဖြင့် ထိခိုက်ကျဆုံးမှုများလာပါတယ်။ ဗမာစစ်တပ်က ထိုးစစ်အရှိန်ကိုမြှင့် ပြီးနောက် KIA တပ်များ အနေဖြင့် အင်အားနည်းပါးလာတယ်။ လိုင်ဇာဌာနချုပ်ကိုတောင် ကာကွယ်ဖို့မရှိတာကြောင့် အခြားတပ်မဟာတွေကို ဖြည့်တင်းထားတဲ့ တပ်တွေကို ပြန်ပြီးတော့ စုစည်းထားရပါတယ်။ တပ်မဟာ ၄ နဲ့ တပ်မဟာ ၆ နေရာတွေမှာတောင် အင်အားတွေလျော့နေပြီး တိုက်ခိုက်ဖို့ မပြောနဲ့ ကင်းစောင့်မယ့်လူတောင် မရှိဖြစ်နေတယ်။
တနိုင်း၊ နိုဝင်ဘာလ ၁၂ ရက်
စစ်ပွဲ အတွင်း ဒုက္ခရောက်နေသော ကချင်မိသားစုများ

အဆိုးဆုံးကတော့ တပ်မဟာ ၄ နေရာပဲ။ အရင်ကလိုင်ဇာကနေလွှတ်ထားတဲ့ တိုက်ခိုက်ရေးတပ်တွေကို ပြန်ရုပ်သိမ်းလိုက်တော့ တိုက်မယ့်အင်အား မရှိတော့ဘူး။ နဂိုကတည်းက တပ်မဟာ ၄ က လူတွေက စစ်တိုက်တာထက် စီးပွားရေးလုပ်ငန်းတွေကို လုပ်ရတာ ပိုပြီး စိတ်ဝင်စားပါတယ်။ တပ်မဟာ ၂  နယ်မြေဖြစ်တဲ့ အတွင်းပိုင်းနယ်မြေတွေကို ၀ိုင်းပတ်ပတ်ဆို့ တိုက်ခိုက်မှာ စိုးလို့ အင်အားတွေကို အတွင်းပိုင်းတွေမှာ အင်အားတွေကို  ဖြည့်တင်းတာဖြစ်တယ်။ ဒီလို အခြေအနေတွေမှာ တပ်တွေကို အင်အားဖြည့်တင်းဖို့ အတင်းလူသစ်စုဆောင်းတာကို လုပ်လာပါတယ်။
အောက်တိုဘာလ ၈ ရက်နေ့ ည ၁၁နာရီခွဲတွင် KIA တပ်မဟာ ၂ မှ ဗိုလ်ကြီး ဆိုင်းတူးခေါင်းဆောင်ပြီး နောက်ပါ ၁၀ ဦးဟာ တနိုင်းမြို့နယ် ရှိန်လုံဂါးကျေးရွာ ကိုရောက်ရှိလာပြီး ဖော်ပြပါ ရွာသား ၁၁ ဦးကို အတင်းအဓ္ဓမ ဖမ်းဆီး ခေါ်ဆောင်သွားခဲ့ပါတယ်
        ၁။       ဦးဇော်ဒန်အောင် ၂၄ နှစ်။
        ၂။       ဦးနော်ဒွန်း ၂၇ နှစ်။
        ၃။       ဦးလဂေါင်ဆင်ဝါးနော် ၂၉ နှစ်။
        ၄။       ဦးမုန်ဒိန် ၂၈ နှစ်။
        ၅။       ဦးလဂေါင်ဆင်ဝါး ၃၀ နှစ်။
        ၆။       ဦးဂျာဝမ်လရိန် ၃၄ နှစ်။
        ၇။       ဦးရှိန်လုံဝမ်အောင် ၃၅ နှစ်။
        ၈။       ဦးဂျာလ ၃၀ နှစ်။
        ၉။       ဦးနော်ခွန်ဖမ်းအောင် ၃၀ နှစ်။
        ၁၀။     ဦးရှရွယ်နန်တူး ၃၃ နှစ်။
        ၁၁။     ဦးကျနမ်ဂမ် ၂၅ နှစ်။
 အောက်တိုဘာလ ၁၀ ရက်နေ့က ဆင်ဘိုမြို့ အနောက်မြောက်ဘက် ၅ မိုင်ခန့်အကွာ နတ်ထုတ်လယ်ကွင်းမှာ လယ်လုပ်နေတဲ့ ရှမ်းလူမျိုးတွေကို KIA တပ်ရင်း ၅ က ၀ဒူ စခန်းဘက်ကို အတင်းအဓ္ဓမ  ဖမ်းဆီး ခေါ်ဆောင်သွားပါတယ်။ ဖမ်းဆီးခံရတဲ့သူတွေကတော့
     
၁။       မသွင်သွင်ကြည်  ၂၃ နှစ်၊ ဧရာဦးရပ်ကွက်။
၂။       မမိချော  ၂၃ နှစ်၊ ဧရာဦးရပ်ကွက်။
၃။       မမာမာအေး  ၂၀ နှစ်၊ ဧရာဦးရပ်ကွက်။
၎။       မောင်သိန်းဇော်  ၁၈ နှစ်၊ အောင်ချမ်းသာရပ်ကွက်။
၅။       ဦးမောင်ကြီး ၃၀ နှစ်၊ အောင်ချမ်းသာရပ်ကွက်။
၆။       မောင်ရွှေ ၂၄ နှစ်၊ အောင်ချမ်းသာရပ်ကွက်။
၇။       ဦးမောင်သန်းထွန်း ၃၂ နှစ်၊ အောင်မင်္ဂလာရပ်ကွက်။
၈။       မောင်အောင်အောင် ၂၂ နှစ်၊ ဧရာဦးရပ်ကွက်။
ဒီလိုဖမ်းဆီးခံရတာနဲ့ ပတ်သတ်ပြီး ဖမ်းဆီးခံရသူတွေရဲ့ မိသားစုတွေက “ ခုအဖမ်းခံရတဲ့သူတွေက ရှမ်းတွေချည်းပဲ၊ ကချင်က ခေါင်းဆောင်တွေကလည်း လူမျိုးရေး ခွဲခြားတော့ စိတ်ပူမိတယ်လေ။ နောက် မိန်းကလေးတွေလည်း ပါသွားတော့ ပိုစိတ်မချနိုင်ဘူး။ လောလောဆယ်တော့ ကချင်ခေါင်းဆောင်တွေကို တိုင်ကြားထားတယ်။ သူတို့က စစ်ရုံးချုပ်ကို ထပ်ပြီး သတင်းပို့ပေးမယ်လို့တော့ ပြောတယ် ” ။ 

No comments:

Post a Comment