Friday, November 04, 2011

တရုတ်အမျိုးသမီး ၃ ဦးအား မြန်မာစစ်သားများ အဓ္ဓမပြုကျင့် သတ်ဖြတ်


nov4-myen
နမ်ဆာ မြန်မာစစ်စခန်း၊ တာမိုးညဲ၊ ရှမ်းပြည်မြောက်ပိုင်း။
အောက်တိုဘာ ၂၇ ရက်က ရှမ်းပြည်မြောက်ပိုင်း မူဆယ်ခရိုင် နမ်ရှဲပါ(Nam She Pa)ရွာမှ ဆယ်ကျော်သက် တရုတ်အမျိုးသမီး (၃)ဦးအား မြန်မာအစိုးရစစ်သားများ အုပ်စုလိုက် အဓ္ဓမပြုကျင့်ပြီး သတ်ဖြတ်ခဲ့ကြောင်း ဒေသခံများပြောသည်။
ထိုအမျိုးသမီး ၃ ဦးသည် အသက် ၁၈ နှစ် မပြည့်သေးသောအမျိုးသမီးငယ်များဖြစ်သည်သု ၎င်းတို့နှင့် နီးစပ်သူများဆိုသည်။

ကျူးလွန်သည့် စစ်သားများသည် လားရှိုးအခြေစိုက် အရှေ့မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် (ရမခ) လက် အောက်ခံ ခလရ (၂၉၀)တပ်ရင်းမှ ဖြစ်သည်ဟု ဒေသခံတစ်ဦးကပြောသည်။

ထို့အပြင် ၎င်းစစ်သားများသည် အောက်တိုဘာ ၂၅ ရက်တွင်လည်း နမ့်တောင်း (Nam Tau)နှင့် မုန်ပေါ် (Mungbaw) ကြားရှိ ကောင်းခါး(Kawng Hka)ရွာမှ ပြည်သူများ၏ အိမ်မွေးတိရိစ္ဆာန်များကိုလည်း ကြိုက်သလို သတ်စားခြင်းများပြုလုပ်နေသည်ဟု ဒေသခံများ ဆက်ဆိုသည်။

ထိုရွာမှ ကလေးမွေးကင်းစ ၃ ရက်သာရှိသေးသော ကချင်အိမ်တစ်အိမ်တွင်လည်း မြန်မာစစ်သားများ ကြက်လာတောင်းရာ မရှိကြောင်းပြောလျင် ထိုအိမ်မှရှိသမျှပစ္စည်းတွေကို လုယူသွားကြောင်း ဒေသခံများပြောသည်။

No comments:

Post a Comment