ယခုလ ၁၈ ရက်နေ့ကကချင်ပြည်နယ်မန်ဝိန်းကြီး ကျေးရွာအတွင်းသို့ အစိုးရစစ်တပ်များ ဝင်ရောက်တပ် စွဲခဲ့ရာ ရွာသားများ ထွက်ပြေးတိမ်းရှောင်နေပြီးရွာ ပျက်မလို ဖြစ်နေကြောင်း ゞင်းရွာသားများ အဆိုအရ သိရသည်။
“အခုမန်ဝိန်းကြီးက ရွာပျက်သလိုဖြစ်နေပြီ စစ်တပ်တွေ ရောက်လာတော့ ရွာသားတွေမနေရဲဘူး။ သူတို့က ထွက်ပြေးတာမကြိုက်ဘူး။ ခေါ်ရင်လာ မေးရင်ပြန်ပြောလို့ ပြောတယ်။ လူမရှိတဲ့အိမ်ရှင်တွေကို ပြန်ခေါ်တယ် အသက်ကြီးတဲ့ လူတွေပဲ အိမ်စောင့်ကျန်တယ်” ဟု တရုတ်နယ်စပ်ဘက် တိမ်းရှောင်လာသူ ရွာသားတစ်ဦးက ဆိုသည်။
အိမ်ခြေ ၅၀ဝ ကျော်ခန့်ရှိ အဆိုပါရွာအနီးတစ်ဝိုက်တွင် KIA နှင့် အစိုးရတပ်တို့ မကြာခဏ တိုက်ပွဲ ဖြစ်ပွား နေပြီး ယခုလ ၁၃ ရက်နေ့က ရွာအနီးရှိ ကျားခေါင်းတောင်ကို ထွင်းဖေါက်ထားသော အစိုးရဆက်သွယ်ရေး တပ်ဖွဲ့စခန်းအား KIA က တိုက်ခိုက်ခဲ့ပြီးနောက် ရွာအတွင်းသို့ အစိုးရတပ်များ အလုံးအရင်းဖြင့် ဝင်ရောက် လာကြောင်း သိရသည်။
ゞင်းအစိုးရတပ်များသည် မန်ဝိန်းကြီးရွာနှင့် နယ်စပ်ခြင်းကပ်နေသည့် သျှမ်းပြည် (မြောက်ပိုင်း) နမ့်ခမ်းမြို့ ဘက်မှဝင်ရောက်လာကြောင်း နောက်ထပ်မျက်မြင်ဒေသခံတစ်ဦးက ဆိုသည်။
“သောကြာနေ့က နမ့်ခမ်းမြို့နယ် ဟန်ကမ်းကနေ ဒီဘက်ကွန်လုံတံတား အကျော်အထိ (၂) ကီလိုမီတာ ကျော်ခန့်) တစ်လမ်းလုံး စစ်သားအပြည့်ချထားတယ်။ မန်ဝိန်းကြီးဈေးထဲမှာလည်း အပြည့်ပဲ၊ လမ်းသွားလမ်း လာတွေကို ခေါ်မေးတယ် ” ဟု သူက ဆိုသည်။
သျှမ်းပြည် (မြောက်ပိုင်း) နမ့်ခမ်းမြို့မှ ကချင်ပြည်နယ် မန်ဝိန်းကြီးရွာသို့ ဝင်ရောက်လာသော အဆိုပါအစိုး ရတပ်များ အား KIA က ဗုံးခွဲတိုက်ခိုက်ခဲ့သေးကြောင်း သိရသည်။
post by သျှမ်းသံတော်ဆင့်

0 comments ::
စာဖတ်သူတွေရဲ့ ပြောရေးဆိုခွင့် ... !