ထိပ်ဆုံး သတင်း :
Home » » အပြစ်မဲ့ ကချင်တိုင်းရင်းသားတွေကို မတရားဖမ်းဆီးနေတဲ့ တရုတ်ရဲတွေရဲ့ ပွဲလန့်တုန်းဖျာခင်းတဲ့လုပ်ရပ်...

အပြစ်မဲ့ ကချင်တိုင်းရင်းသားတွေကို မတရားဖမ်းဆီးနေတဲ့ တရုတ်ရဲတွေရဲ့ ပွဲလန့်တုန်းဖျာခင်းတဲ့လုပ်ရပ်...

11/07/2011 07:13:00 AMတွင်ရေးသည်

ယခင် မြောက်ပိုင်းတိုင်း စစ်ဋ္ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်စိုးဝင်း (တိုင်းဧည့်ခန်းမဆောင်)

တရုတ်ရဲတွေရဲ့ ပွဲလန့်တုန်းဖျာခင်းတဲ့လုပ်ရပ်
သတင်း၊ ဇော်ရှန် ( wunpawng ) 6 . 11 . 2011
ဓာတ်ပုံ... ဒီမိုဝေယံ၊ SM၊ ဇော်ရှန်...

KIA တပ်စခန်းတစ်ခု
တရုတ်ပြည်နယ် မြန်မာနယ်စပ် မှာရှိတဲ့ လောန်ရှောင်း ခရိုင် ဂျယ်ခေါင်မြို့နယ် မြန်မာ တရုတ်နယ်စပ် ဖြစ်တဲ့ လာယင်ကျေးရွာသို့ ဈေးဝယ်ထွက်ကြတဲ့ ကချင်ပြည်နယ် အရှေ့ဘက်မှာရှိတဲ့ ကချင်စစ်ပြေး ဒုက္ခသည်စခန်းမှ စစ်ပြေး ဒုက္ခသည် အမျိုးသားများကို တရုတ်ရဲများမှ  မဝတ်ဘဲ  မာဖီ အရပ်ဝတ်ဖြင့် မည်သည့်အကြောင်းပြချက်၊ စစ်ဆေးမေးမြန်းမှု မရှိဘဲ၊ ဘိန်းရှိတယ် မဟုတ်လား..ဆိုပြီး ကချင်အမျိုးသား (၃၀) ဦးအား ဖမ်းဆီး သွားကြောင်း စုံစမ်းသိရှိရပါတယ်။
ဖမ်းဆီးခေါ်ဆောင်သွားတဲ့ ကချင်တိုင်းရင်းသား အယောက် (၃၀) မှ ဇိန်ထုန်းယော် (Zing Htung Yaw) အသက် (၂၄) နှစ် ကိုတော့ တရုတ်ယွန် ငွေ (၂၀၀၀) ဖြင့် ရွေးထုတ် ယူခဲ့ကြောင်း သိရှိရပါတယ်။ ယခု ချိန်ထိ ဖမ်းဆီးခံရတဲ့ သူများထဲမှာ သူတစ်ဦး တည်းသာလျှင် လွတ်မြောက် လာသေးကြောင်း ဖမ်းဆီး ခံသွားရတဲ့ ဇိန်ထုန်းယော်မှ ပြောကြားလာပါတယ်။ ကျန်တဲ့ (၂၉) ဦး ဟာ လွတ်မြောက်လာခြင်း မရှိသေးကြောင်း စုံစမ်းသိရှိရပါတယ်။ ကျန်ရှိနေတဲ့ မိသားစုများနှင့် ဆွေမျိုး အသိုင်းအဝိုင်းများမှာ စိုးရိမ်နေကြ ရပါသည်။

တရုတ်ရဲများနှင့် စစ်အစိုးရ စစ်တပ်တို့ဟာ လွယ်ဂျယ် တရုတ်နယ်စပ်မှာ အချင်းချင်း သုံ့ပန့် လဲလှယ်မယ်ဆိုတဲ့ သတင်းများလည်း ထွက်ပေါ် နေသောကြောင့် အပြစ်မရှိပဲ မတရား ဖမ်းဆီးခံထားရသူများ၏ မိသားစုဝင်များမှာ အထူး စိုးရိမ်နေကြကြောင်း သိရှိရပါသည်။

ထိုအတောအတွင်း ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) ဋ္ဌာနချုပ်ရှိရာ လိုင်ဇာမြို့သို့ အစိုးရစစ်သည်အင်အား ရာနဲ့ချီ၍ ဝိုင်းမော်မြို့နယ်ဘက်မှ စစ်ကားအစီး (၈၀)ခန့် ဖြတ်သန်းသွားကြောင်း သိရှိရပါသည်...။
ဆက်လက် မျှဝေရန်... :

0 comments ::

စာဖတ်သူတွေရဲ့ ပြောရေးဆိုခွင့် ... !

မင်္ဂံလာပါ

close
cbox

မင်ဘာ ဝင်ပေးဖို့ ဖိတ်ခေါ်ပါတယ်

Ayar Myanmar Unicode Font
Zawgyi Font
Ayar Online Editor
Ayar Online Converter
Ayar Online Dictionary
Ayar Myanmar Unicode Group

like လေးနှိပ်ပြီး အားပေးခဲ့ပါ

ကျေးဇူးပြုပြီး 10 စက္ကန့် စောင့်ပါ ပိတ်ရန်
"၉၆၉"ဆိုတာဘာလဲ?ဘယ်သူတွေဖွဲ့တာလဲ?
ဘီဘီစီနှောက်ဆုံး အသံ လွှင့် အစီအစဉ်များ
နေ့အလိုက် အသံလွှင့် အစီအစဉ်များ နားထောင်လိုလျှင်
DVB နေ့စဉ် အစီအစဉ်များ
DVB တိုင်းရင်းသား ဘာသာ အစီအစဉ်များ
 
Support : Creating Website | Mas Template
Proudly powered by Blogger
Copyright © 2011. ဟတ်လှိုင်း မီဒီယာ တို့ လာရောက်သူအပေါင်း ကိုယ်စိတ်နှလုံး ကျန်းမာချမ်းသာကြပါစေဗျာ
Design by DauGyung lhaovo nao"