Thursday, November 24, 2011

အဝါ​ရောင်မိုး​ကြောင့်​ ​ဒေသခံများ​ ကျန်း​မာ​ရေး​အတွက် စိုး​ရိမ်

ကချင်ပြည်နယ် မိုး​မောက်မြို့​နယ်အတွင်း​ မိုင်ဂျာယန်​ဒေသနဲ့​အနီး​တဝိုက်မှာ နိုဝင်ဘာ ၂၀ ရက်​နေ့​က အဝါ​ရောင် မိုး​ရွာသွန်း​မှုဖြစ်ပွား​ခဲ့​ပြီး​ ​ဒေသခံ​တွေ ကျန်း​မာ​ရေး​အတွက် စိုး​ရိမ်​နေကြပါတယ်။
အဝါ ​ရောင်မိုး​ဟာ ကချင်လွတ်လပ်​ရေး​တပ်မ​တော် တမ်မဟာ ၃ ဌာနချုပ်ဖြစ်တဲ့​ မိုင်ဂျာယန် ​ဒေသတဝိုက် ရွာသွန်း​တာဖြစ်ပြီး​ အဲဒီ​ဒေသမှာ ​နေထိုင်သူ​တွေက ကျန်း​မာ​ရေး​အတွက် စိုး​ရိမ်​နေကြတာပါ။
နိုဝင်ဘာ ၂၀ ရက်က စရွာတဲ့​ အဝါ​ရောင်မိုး​ရေဟာ သစ်ပင်ရွက် ​ပေါ်မှာကျတဲ့​အခါ ​ခြောက်​သွေ့​သွား​တဲ့​ပုံစံဖြစ်​နေတယ်လို့​ မိုင်ဂျာယန် ရွာသား​တဦး​က ​ပြောပါတယ်။
“အဝါ​ ရောင်မိုး​က သူက ကျလာတာ ဟင်း​သီး​ဟင်း​ရွက်​တွေအ​ပေါ်မှာ အဝါ​ရောင်​တွေ ကျန်ခဲ့​တယ်။ ဥပမာ မုန်ညင်း​ရွက် ဆိုလို့​ရှိရင် အဲဒီ ​ရေစက်ကျတဲ့​ ​နေရာမှာ အဝါ​ရောင် နည်း​နည်း​ အဝါဖြစ်သွား​တယ်။ အပင်က ​သေသွား​သ​လောက်အထိ​တော့​ မဟုတ်ဘူး​။ ဒါ​ပေမယ့်​ သူကျတဲ့​ ​ဘေး​ပတ်ဝန်း​ကျင်မှာ အဝါ​ရောင်အကွက်​တွေ ဖြစ်သွား​တာ။ မစား​ရဲသလို ဖြစ်​နေတာ​ပေါ့​နော်။ အစ်မတို့​ကိုယ်တိုင်က အစ​ပေါ့​။ အခုက ​ရေတွင်း​ရေပဲ သုံး​နေကြတာ။”
အဝါ ​ရောင်မိုး​ဟာ မိုင်ဂျာယန်​ဒေသမှာ သာမက အနီး​အနား​က ရွာ​တွေမှာလည်း​ သွန်း​ခဲ့​တယ်လို့​လည်း​ ဆိုပါတယ်။ ဒါ​ပေမယ့်​ အခုချိန်ထိ​တော့​ အဲဒီ​ဒေသတဝိုက်က ရွာသူရွာသား​တွေ ကျန်း​မာ​ရေး​နဲ့​ပတ်သက်ပြီး​ ထူး​ခြား​ခြား​ထိခိုက်တဲ့​ သတင်း​တွေ​တော့​ မရရှိ​သေး​ပါဘူး​။
သာမာန်မဟုတ်တဲ့ ​ မိုး​ရွာသွန်း​မှု​တွေ​ကြောင့်​ ​ကေအိုင်အိုက​တော့​ ​ဒေသခံ ပြည်သူ​တွေကို အသီး​အရွက်​တွေ မစား​ကြဖို့​နဲ့​ ​ချောင်း​ရေ​တွေ မ​သောက်ဖို့​ သတိ​ပေး​ထား​ပါတယ်။
ကေအိုင်အို ​ပြောခွင့်​ရသူ ဦး​လနန်း​က “သတိထား​ဖို့​က​တော့​ ကိုယ့်​ရဲ့​တောင်ကုန်း​မှာ စိုက်ထား​တဲ့​ ဟင်း​သီး​ဟင်း​ရွက်ကို မစား​ကြဖို့​ပေါ့​နော်၊​ အဲဒါ အဓိကပါ။ ​နောက်တခုက​တော့​ ဒီရွာ​တွေမှာ သုံး​တဲ့​ရေ​တွေက ​ချောင်း​ရေ​တွေက ပိုက်နဲ့​ သွယ်တန်း​ပြီး​တော့​ ယူတဲ့​ဟာ​တွေ ရှိတယ်။ ​ရေယူတဲ့​ မြစ်ရဲ့​ ​ချောင်း​ဖျား​ဘက်မှာလည်း​ အဲဒီလိုဟာမျိုး​ အဖတ်​တွေ သွား​ပြီး​တော့​ စစ်​ဆေး​တဲ့​အခါ ​တွေ့​ရတဲ့​အတွက်​ကြောင့်​ အဲဒီက ​ရေကို မသုံး​ကြဖို့​တော့​ ​လော​လောဆယ်​တော့​ အဲဒီ​လောက်အထိပဲ သတိ​ပေး​ထား​တယ်။ ဘယ်လို ကာကွယ်ရမယ် ဆိုတဲ့​အပိုင်း​က ကျ​နော်တို့​ဘက်မှာ အဲဒီ​လောက်အထိ​တော့​ လက်လှမ်း​မမီ​သေး​ဘူး​ခင်ဗျ။”
လက်ရှိအစိုး​ ရနဲ့​ ကချင်တပ်​တွေအကြား​ ဖြစ်​နေတဲ့​ တိုက်ပွဲအတွင်း​ အစိုး​ရတပ်​တွေဘက် ဓာတုလက်နက် သုံး​တယ်လို့​ ​ကေအိုင်အိုက စွပ်စွဲထား​ပြီး​ အဝါ​ရောင်မိုး​ဟာ ဓါတုလက်နက်နဲ့​ ပတ်သက်ဆက်နွယ်မှာကို စိုး​ရိမ်တာ​ကြောင့်​ ​ဒေသခံ​တွေကို သတိ​ပေး​တာဖြစ်တယ်လို့​ ​ကေအိုင်အိုက ​ပြောပါတယ်။
ဒီသတိ ​ပေး​ချက်​တွေ​ကြောင့်​ ​ဒေသခံ​တွေအ​နေနဲ့​က ​သောက်သုံး​ရေအတွက် တွင်း​ရေနဲ့​ အ​ခြောက်အခြမ်း​တွေဖြစ်တဲ့​ ပဲ​တွေ၊​ ငါး​ခြောက်​တွေကိုသား​ စား​သုံး​နေကြရတယ်လို့​ ​ဒေသခံ​တွေက ​ပြောပါတယ်။
ကချင်ပြနယ်ထဲမှာ ပြီး​ခဲ့​တဲ့​ရက်​တွေက မိုး​မရွာသွန်း​ကြောင်း​၊​ မိုး​ ​လေဝသ တိုင်း​ထွာ​ရေး​စခန်း​တွေ မရှိတဲ့​နေရာမှာ ရွာတာဖြစ်​ကောင်း​ ဖြစ်နိုင်တယ်လို့​ အဝါ​ရောင်မိုး​နဲ့​ပတ်သက်ပြီး​ မိုး​လေဝသနဲ့​ဇလ​ဗေဒ ညွှန်ကြား​ရေး​မှူး​ ဦး​ချစ်​ကျော်ကိုက ​ပြောပါတယ်။
အဝါ​ရောင်မိုး​ရွာသွန်း​မှုဟာ တခါတရံဖြစ်​ပေါ်တတ်ပြီး​ သ​ဘောဝပတ်ဝန်း​ကျင်နဲ့​ သက်ဆိုင်တယ်လို့​ အခုလို ရှင်း​ပြပါတယ်။
“မိုး​က​တော့​ အမျိုး​မျိုး​ရွာတတ်ပါတယ်။ သဘာဝပတ်ဝန်း​ကျင်နဲ့​ ဆိုင်ပါတယ်။ တခါတ​လေကျ​တော့​လည်း​ မိုး​ထဲမှာ အမှိုက်​တွေဘာ​တွေ ခဲ​လေး​တွေကအစ ပါလာတတ်ပါတယ်။ အဲဒီလိုမျိုး​ ဖြစ်တာက​တော့​ အ​နောက်ဘက် ဘင်္ဂလား​ဒေ့​ရှ်၊​ အိန္ဒိယ အဲဒီ​နေရာ​တွေမှာ စီမံကိန်း​လုပ်ငန်း​တွေ လုပ်တဲ့​အခါမှာ ဖုန်​တွေက ​လေထဲပါတယ်။ အဲဒီ ကချင်က မြင့်​တော့​ ​လေ​အေး​တွေက အ​ပေါ်က​နေ ​အောက်ကို ဆင်း​လာတဲ့​အခါကျ​တော့​ သူက ​လေး​အေး​နဲ့​ အတူ ​အောက်ကို အမှန်​တော့​ မိုး​တော့​မဟုတ်ဘူး​ပေါ့​ဗျာ နှင်း​ပေါ့​။ နှင်း​လိုဟာမျိုး​ ကျတဲ့​အခါကျ​တော့​ အဲဒီမှာ ဖုန်မှုန့်​တွေ ပါတာ​ပေါ့​။ ပါတဲ့​အခါကျ​တော့​ ​ခြောက်သွား​လို့​ရှိရင် ဖုန်မှုန့်​လေး​တွေ​ပေါ့​ နှုန်း​လေး​တွေဟာမျိုး​တွေ အဲဒါ​လေး​တွေ ဖြစ်ကျန်တာ ဖြစ်မှာပါ။ မိုး​ရွာတာက​တော့​ သဘာဝပတ်ဝန်း​ကျင် အကျိုး​သက်​ရောက်မှုနဲ့​ ဆိုင်ပါတယ်။” 
post by DVB

No comments:

Post a Comment