ထိပ်ဆုံး သတင်း :
Home » » ဇာဂနာ နိုင်ငံကူး လက်မှတ်ရပြီ

ဇာဂနာ နိုင်ငံကူး လက်မှတ်ရပြီ

11/25/2011 10:42:00 PMတွင်ရေးသည်

                                                       (ဇာဂနာ နှင့် ဒေါ်အောင်ဆန်းစုကြည်)

သမ္မတ ဦးသိန်းစိန်၏ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် မကြာသေးခင်က မြစ်ကြီးနားထောင်မှ ပြန်လည် လွတ်မြောက် လာသော လူရွှင်တော် ဇာဂနာ အား အစိုးရက ပြည်ပ ခရီးထွက်ရန် အတွက် နိုင်ငံကူး လက်မှတ် ထုတ်ပေးလိုက်ပြီဖြစ်သည်။ 

လူရွှင်တော် ဇာဂနာကို ထိုင်းနှင့် ကမ္ဘောဒီးယား နိုင်ငံများက ရုပ်ရှင်ဆိုင်ရာ အစီအစဉ်နှင့်ပတ်သက်ပြီး လာမည့် ဒီဇင်ဘာလ လယ်ခန့်တွင် လာရောက်ရန် ဖိတ်ကြား ထားကြောင်း သိရသည်။ ။ 
ထို့အပြင် အမေရိကန် ပြည်ထောင်စုရှိ အဖွဲ့တခုမှလည်း ဇာဂနာကို ဖိတ်ကြားထားပြီး လေ့လာရေးခရီးစဉ် ထွက်ရန်လည်း  အတွက်အစီအစဉ်ရှိသည်။ 
ဇာဂနာသည် ၂၀၀၈ ခုနှစ်က တိုက်ခတ်ခဲ့သည့် နာဂစ်မုန်တိုင်း ဒုက္ခသည်များ ကူညီ ကယ်ဆယ်ရေး လုပ်ကိုင်နေစဉ် ဖမ်းဆီးခံခဲ့ရပြီး ထောင်ဒဏ် ၃၅ နှစ်ကျခံနေရာမှ အောက်တိုဘာ ၁၂ ရက်တွင် ပြန်လည် လွတ်မြောက်ခြင်းဖြစ်သည်။ 
ထို့အပြင် မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည်လည်း ပြည်ပ ခရီးစဉ်ထွက်နိုင်ဖွယ်ရှိ
ကြောင်း ရန်ကုန်နိုင်ငံရေးလောကကြားတိုးတိုးတိတ်တိတ် ပြောဆိုနေကြသည်။ 
အကြောင်းမှာ မကြာသေးမီက သမ္မတ ဦးသိန်းစိန်၏ အန္ဒိယနိုင်ငံ ခရီးစဉ်ပြန် လာပြီး နောက် ဒေါ်အောင်ဆန်းစုကြည် အား ဗုဒ္ဓဃာ့ယ လက်ဆောင်ပေးပြီး မြန်မာ့နိုင်ငံရေး ပိုမို တိုးတက်ဖြစ်ထွန်းမှုများရှိစေရေးအတွက် ပြည်ပ နိုင်ငံများသို့လည်း လေ့လာရေးခရီးများသွားသင့်သည်ဟု အကြံပြုကြောင်း သတင်းထွက်ပေါ်ခဲ့သည်။ 
ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် ပြည်ပခရီးစဉ်ထွက်ခွင့်ရမည်ဆိုပါက နော်ဝေ၊ အင်္ဂလန် စသည်တို့သည် ပထမ ဦးစားပေး နိုင်ငံများဖြစ်သည်ဟု သုံးသပ်ပြောဆိုနေကြသည်။ 
သို့သော် ဒေါ်အောင်ဆန်းစုကြည်အား ယနေ့ ထိ နိုင်ငံကူးလက်မှတ် ပြန်လည်ထုတ်ပေးခြင်း မရှိသေးသကဲ့သို့ လျှောက်ထားခြင်းလည်း မရှိဟု သိရသည်။
post by Guiding Stars
ဆက်လက် မျှဝေရန်... :

0 comments ::

စာဖတ်သူတွေရဲ့ ပြောရေးဆိုခွင့် ... !

မင်္ဂံလာပါ

close
cbox

မင်ဘာ ဝင်ပေးဖို့ ဖိတ်ခေါ်ပါတယ်

Ayar Myanmar Unicode Font
Zawgyi Font
Ayar Online Editor
Ayar Online Converter
Ayar Online Dictionary
Ayar Myanmar Unicode Group

like လေးနှိပ်ပြီး အားပေးခဲ့ပါ

ကျေးဇူးပြုပြီး 10 စက္ကန့် စောင့်ပါ ပိတ်ရန်
"၉၆၉"ဆိုတာဘာလဲ?ဘယ်သူတွေဖွဲ့တာလဲ?
ဘီဘီစီနှောက်ဆုံး အသံ လွှင့် အစီအစဉ်များ
နေ့အလိုက် အသံလွှင့် အစီအစဉ်များ နားထောင်လိုလျှင်
DVB နေ့စဉ် အစီအစဉ်များ
DVB တိုင်းရင်းသား ဘာသာ အစီအစဉ်များ
 
Support : Creating Website | Mas Template
Proudly powered by Blogger
Copyright © 2011. ဟတ်လှိုင်း မီဒီယာ တို့ လာရောက်သူအပေါင်း ကိုယ်စိတ်နှလုံး ကျန်းမာချမ်းသာကြပါစေဗျာ
Design by DauGyung lhaovo nao"