Wednesday, November 16, 2011

သုံး​ပွင့်​ဆိုင်​ဆွေး​နွေး​ပွဲ ​ပေါ်​ပေါက်​ရေး​အထိ ​တောင်း​ဆိုသွား​မည်ဟု ဆန္ဒပြသံဃာများ​ မိန့်​ကြား


သုံး ​ပွင့်​ဆိုင်​ဆွေး​နွေး​ပွဲ​တွေ ​ပေါ်​ပေါက်ဖို့​ ​တောင်း​ဆိုသွား​မယ်လို့​ မန္တ​လေး​မှာ ဆန္ဒပြ​နေတဲ့​ သံဃာ​တော်​တွေက မိန့်​ကြား​ပါတယ်။
နိုင်ငံ​ရေး​ အကျဉ်း​သား​လွတ်​မြောက်​ရေး​၊​ ပြည်တွင်း​ငြိမ်း​ချမ်း​ရေး​နဲ့​ လွတ်လပ်စွာ ဆန္ဒထုတ်​ဖော်ခွင့်​ရ​ရေး​တို့​အတွက် တရား​ဟော​နေတဲ့​ ကိုယ်​တော် ၅ ပါး​ထဲက တပါး​ဖြစ်တဲ့​ ဦး​မာဃက ​ဒေါ်​အောင်ဆန်း​စုကြည့်​၊​ သမ္မတဦး​သိန်း​စိန်နဲ့​ တိုင်း​ရင်း​သား​ကိုယ် စား​လှယ်​တွေ စတဲ့​ပုဂ္ဂိုလ်​တွေ ပါဝင်တဲ့​ သုံး​ပွင့်​ဆိုင်​ဆွေး​နွေး​ပွဲကို အမြန်​ဆောင်ရွက်​စေ ချင်တယ်လို့​ မိန့်​ပါတယ်။
“သမ္မတကြီး​ကို တိုင်း​ရင်း​သား​ကိုယ်စား​လှယ်​တွေ အား​လုံး​ပါဝင်တဲ့​၊​ နိုင်ငံ​ရေး​ကိုယ် စား​လှယ်​တွေ အား​လုံး​ စု​ပေါင်း​ပြီး​တော့​ ​ဆွေး​နွေး​ကြဖို့​ အဲဒီအတွက် အမြန်​ရောက်​အောင် သွား​စေချင်တယ်။ သုံး​ပွင့်​ဆိုင်​ပေါ့​၊​ တိုင်း​ဖရိမ် (Time Frame) ​တွေ၊​ ကန့်​သတ်ချက် ရက်​တွေနဲ့​ … အဲဒီအ​နေအထား​မျိုး​တော့​ ဦး​ဇင်း​တို့​ ပိုပြီး​တော့​ လိုလား​ပါတယ်။”
ဒီသံဃာ​တော် ၅ ပါး​ဟာ မန္တ​လေး​ မဟာမြတ်မုနိဘုရား​ကြီး​ဝင်း​မှာ ဒီ​နေ့​ မနက်က ​နေ ည​နေ ၄ နာရီအထိ ငြိမ်း​ချမ်း​ရေး​တရား​ပွဲလုပ်ပြီး​ သံဃမဟာနာယက ဆရာ​တော်​တွေ ရဲ့​ ​မေတ္တာရပ်ခံချက်​ကြောင့်​ မစိုး​ရိမ်တိုက်ကို​ရွှေ့​ပြီး​ တရား​ပွဲ​တွေ ဆက်လုပ်ဖို့​ စီစဉ်​နေပါ တယ်။
“ဆရာ​တော်တို့ ​ စီစဉ်​ပေး​တာက ဦး​ဇင်း​တို့​လုပ်​နေတာက တရား​ဝင်တာမျိုး​ မဟုတ်ဘူး​တဲ့​။ ဒါ​ကြောင့်​မို့​ တရား​ဝင်တဲ့​နည်း​နဲ့​ ​တောင်း​ဆိုဖို့​ဆိုပြီး​တော့​ လုပ်ထုံး​လုပ် နည်း​အရ ဦး​ဇင်း​တို့​ကို ဆရာ​တော်​တွေက လမ်း​ညွှန်​ပေး​ပြီး​တော့​ ဦး​ဇင်း​တို့​ ပထမ ပြဌာန်း​ ထား​တဲ့​ အချက်သုံး​ချက်ကို တရား​ဝင် ​တောင်း​ဆိုထား​တာဖြစ်ပါတယ်။”
ဒီမနက်က တရား​ပွဲကို ရဟန်း​နဲ့​ ပြည်သူ​တွေ ရာနဲ့​ချီ လာ​ရောက်နား​ထောင်ခဲ့​ကြပြီး​ အစိုး​ရဘက်က အ​နှောင့်​အယှက်မ​ပေး​ခဲ့​ပါဘူး​။
မစိုး​ ရိမ်တိုက်မှာ စာသင်သား​တွေ စာ​မေး​ပွဲကာလနဲ့​ တိုက်ဆိုင်​နေတာ​ကြောင့်​ ​ရှေ့​ဆက်ပြီး​တရား​ဟောရာမှာ အကန့်​အသတ်တချို့​ ရှိနိုင်​ပေမယ့်​ စီစဉ်ထား​တဲ့​အတိုင်း​ပဲ ဆက်လုပ်သွား​မယ်လို့​ ဦး​မာဃက မိန့်​ကြား​ပါတယ်။

No comments:

Post a Comment