မြန်မာနိုင်ငံမှာ ဒီကနေ့ ကျရောက်တဲ့ ၉၁ နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အခမ်း အနားကို အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD ရွှေဂုံတိုင်ရုံးချုပ်မှာ ကျင်းပခဲ့ပါ တယ်။
ဒီအခမ်းအနားကို ဒေါ်အောင်ဆန်းစုကြည် တက်ရောက် မိန့်ခွန်း ပြောကြားခဲ့ရာမှာ နိုင်ငံ တိုးတက်ရေးအတွက် ပညာရေးကို မြှင့်တင်ဖို့ လိုတယ်ဆိုတာကို အလေးထား ပြောကြား သွားပါတယ်။
အမျိုးသားအောင်ပွဲနေ့ ကာတွန်းပြပွဲနဲ့ စာပေ ဟောပြောပွဲတွေကိုလည်း NLD ရုံးချုပ်မှာ ကျင်းပခဲ့ရာမှာ လူတထောင်လောက် တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။

နိုင်ငံ တိုးတက်ရေးအတွက် ပညာရေးကို မြှင့်တင်ဖို့ လိုတယ်လို့ ဒေါ်စုပြောကြား
တနဂင်္နွေနေ့ထုတ် အစိုးရသတင်းစာတွေမှာ ဖေါ်ပြထားတဲ့ သမ္မတဦးသိန်းစိန်ရဲ့ အမျိုးသား နေ့ အထိမ်းအမှတ် သဝဏ်လွှာထဲမှာတော့ ပြည်သူတရပ်လုံးအနေနဲ့ ကမ္ဘာ့အလယ်မှာ ဂုဏ်သိက္ခာရှိတဲ့ နိုင်ငံအဖြစ်ရပ်တည်နိုင်အောင် အစိုးရနဲ့အတူ ဆောင်ရွက်ဖို့ လိုကြောင်းကို ရေးသားထားပါတယ်။
နိုင်ငံရေးအကျဉ်းသားဟောင်းတွေ စုပေါင်းပြီး အမျိုးသားနေ့အောင်ပွဲကို ရန်ကုန် သာဓု ကျောင်းတိုက်ဝင်း အတွင်းက ရွှေညဝါ ကျောင်းတိုက်မှာလည်း ကျင်းပခဲ့ပါတယ်။
အဲဒီအခမ်းအနားကို စာရေးဆရာကြီး ဒဂုန်တာရာနဲ့ NLD က ဦးဝင်းတင်၊ ဦးဝင်းထိန်တို့ တက်ရောက်ခဲ့ကြပါတယ်။
လွန်ခဲ့တဲ့ ၁၉၂၀ ခုနှစ်က အင်္ဂ္လိပ် ကိုလိုနီ ပညာရေး အက်ဥပဒေကို ဆန့်ကျင်ပြီး တက္ကသိုလ် ကျောင်းသားတွေက တန်ဆောင်မုန်းလပြည့်ကျော် ၁၀ ရက်နေ့မှာ သပိတ်မှောက် ရာကနေ အမျိုးသား အောင်ပွဲနေ့ ပေါ်ပေါက်လာတာ ဖြစ်ပါတယ်။
အခုလို အမျိုးသား အောင်ပွဲနေ့ အခမ်းအနားတွေကို မြန်မာနိုင်ငံ တဝန်းနဲ့ ပြည်ပနိုင်ငံ တွေမှာ လည်း ကျင်းပခဲ့ကြပါတယ်။
@ by http://www.bbc.co.uk/burmese/burma/2011/11/111120_burmese_national_day.shtml

 Baht Exchange Rate
   Baht Exchange Rate

0 comments ::
စာဖတ်သူတွေရဲ့ ပြောရေးဆိုခွင့် ... !