ထိပ်ဆုံး သတင်း :
Home » » မြန်မာအစိုးရ စစ်တပ်မှ ကလေးအမေ တဦးကို ဖမ်းဆီးထား

မြန်မာအစိုးရ စစ်တပ်မှ ကလေးအမေ တဦးကို ဖမ်းဆီးထား

11/02/2011 02:38:00 PMတွင်ရေးသည်

မြန်မာအစိုရ စစ်တပ်စခန်း (မုဘွမ်း)
ကေအိုင်အေတပ်များနှင့် တိုက်ပွဲဖြစ် ပွားရာနေရာ များတွင် မြန်မာအစိုးရ စစ်တပ်အနေနှင့် ကျေးရွာသား များကိုအကြောင်းမဲ့ ဖမ်းဆီးနိပ်စက်ခြင်း၊ ပစ္စည်းပိုင်ဆိုင်မှုများ လုယက်ခြင်း များပြုလုပ်နေမှု တနေ့ထက် တနေ့ ပိုများလာကြောင်းသိရသည်။
အောက်တိုဘာလ ၂၈ ရက်နေ့၊ ညနေ ၃ နာရီဝန်းကျင်တွင် ကချင်ပြည်နယ်၊ လွယ်ဂျယ်မြို့နယ်၊ တရုတ် နယ်စပ် မု တောင်တွင် ပြောင်းဖူးခင်းတွင် အလုပ်လုပ်နေသည့် ရွာသား ၃ ဦးကို မြန်မာအစိုးရစစ်တပ် မှ ဖမ်းဆီးသွားကြောင်းသိရသည်။ ယင်းနေရာ အနီးတ၀ိုက်တွင် မြန်မာအစိုးရစစ်တပ်မှ နေရာယူထား ကြောင်းသိရသည်။

မုဘွမ်း ပြမြေပုံ
ဖမ်းဆီးခံရသူများမှာ ဦးမရှုလွမ်းဒေါင် ၃၁နှစ်၊ ဦးဇဲဒေါင် ၇၀ နှစ်၊ မရွယ်ဂျီ ၂၈ နှစ်တို့ဖြစ်သည်။ ၄င်းတို့ ၃ ဦးသည် ပြောင်းဖူးခင်းတွင် အလုပ်လုပ်နေချိန်တွင် မြန်မာအစိုးရစစ်တပ်မှ သေနတ်နှင့် ချိန်ပြီး ဖမ်းဆီး သွားခြင်းဖြစ်သည်။ ဖမ်းဆီး ခံရချိန်တွင် မရွယ်ဂျီသည် တနှစ်သား အရွယ် ကလေးငယ်၏ မိခင် ဖြစ်သည်။ ဦးမရှုလွမ်း ဒေါင် ၃၁ နှစ်၊ ဦးဇဲဒေါင် ၇၀ နှစ် တို့ပြန် လည် ထွက်ပြေးလွတ် မြောက်လာခဲ့သော်လည်း မရွယ်ဂျီမှာ မပြေးနိုင်ပဲ မြန်မာအစိုးရ စစ်တပ်ရှေ့တန်း စခန်းတွင် ဖမ်းဆီးခံထားရဆဲဖြစ်သည်။ ဖမ်းဆီးခံထားရသည့် မရွယ်ဂျီသည် တရုတ်နိုင်ငံသား ဖြစ်ပြီး မု တောင်ခြေတွင် တောင်ယာလုပ်ကိုင်သူ ကချင်အမျိုးသမီးဖြစ်သည်။
ထို့ပြင် မု တောင်ခြေတ၀ိုက်တွင် မြန်မာအစိုးရစစ်တပ်မှ မိုင်းထောင်ထားသဖြင့် ရွာသူရွာသားများ အနေနှင့် တောင်ယာသို့ သွားရန်အခက်အခဲများနှင့် ရင်ဆိုင်နေရကြောင်းသိရသည်။ စပါးပင် များစတင်ရင့်မှည့်လာသည့် အချိန်ဖြစ်သောကြောင့် တောင်ယာသို့မဖြစ်မနေသွားရမည့် အချိန်ဖြစ်သော် လည်း ထောင်ထားသည့် မိုင်းများကြောင့် မသွားနိုင်ဘဲ၊ နှမြောသည့် စိတ်ဖြင့် အဝေးကပင် လှမ်းကြည့် နေရကြောင်း တောင်ယာပိုင်ရှင်တဦးက ပြောပြသည်။
ဆက်လက် မျှဝေရန်... :

0 comments ::

စာဖတ်သူတွေရဲ့ ပြောရေးဆိုခွင့် ... !

မင်္ဂံလာပါ

close
cbox

မင်ဘာ ဝင်ပေးဖို့ ဖိတ်ခေါ်ပါတယ်

Ayar Myanmar Unicode Font
Zawgyi Font
Ayar Online Editor
Ayar Online Converter
Ayar Online Dictionary
Ayar Myanmar Unicode Group

like လေးနှိပ်ပြီး အားပေးခဲ့ပါ

ကျေးဇူးပြုပြီး 10 စက္ကန့် စောင့်ပါ ပိတ်ရန်
"၉၆၉"ဆိုတာဘာလဲ?ဘယ်သူတွေဖွဲ့တာလဲ?
ဘီဘီစီနှောက်ဆုံး အသံ လွှင့် အစီအစဉ်များ
နေ့အလိုက် အသံလွှင့် အစီအစဉ်များ နားထောင်လိုလျှင်
DVB နေ့စဉ် အစီအစဉ်များ
DVB တိုင်းရင်းသား ဘာသာ အစီအစဉ်များ
 
Support : Creating Website | Mas Template
Proudly powered by Blogger
Copyright © 2011. ဟတ်လှိုင်း မီဒီယာ တို့ လာရောက်သူအပေါင်း ကိုယ်စိတ်နှလုံး ကျန်းမာချမ်းသာကြပါစေဗျာ
Design by DauGyung lhaovo nao"