Thursday, November 24, 2011

မြန်မာကို ပိတ်ဆို့ အရေးယူတာ ရုတ်သိမ်းဖို့ မလေးရှား တိုက်တွန်း

မြန်မာနိုင်ငံ အပေါ် ပိတ်ဆို့ အရေးယူမှုတွေ ရုတ်သိမ်းပေးဖို့ မလေးရှား နိုင်ငံခြားရေး ဝန်ကြီးက ကမ္ဘာ အသိုင်းအဝိုင်းကို တိုက်တွန်းလိုက်ကြောင်း နိုဝင်ဘာ ၂၁ရက်နေ့စွဲနဲ့ မလေးရှား နိုင်ငံထုတ် Star သတင်းစာ အင်တာနက် စာမျက်နှာမှာ ဖော်ပြထားပါတယ်။
http://wscdn.bbc.co.uk/worldservice/assets/images/2011/11/17/111117134012_asean_burma_226x170_afp_nocredit.jpg
လက်တွဲဝန်းရံ အာဆီယမ်
နိုင်ငံတကာ အနေနဲ့ မြန်မာ နိုင်ငံ အပေါ် အရေးယူ ပိတ်ဆို့မှုကို ဖျက်သိမ်းပြီး တိုင်းပြည် တိုးတက်စေမယ့် ထောက်ပံ့မှုတွေနဲ့ အကူအညီပေးသင့်တယ်လို့ ကျွန်တော်တို့ ထင်မြင်ကြောင်း မလေးရှား နိုင်ငံခြားရေး ဝန်ကြီး Datuk Seri Anifah Aman က ပြောပါတယ်။

ဒါမှသာ ၂ဝ၁၅ ခုနှစ်ကျရင် အာဆီယံ အသိုင်းအဝိုင်း ထူထောင်တဲ့ အခါ လိုက်လျောညီထွေတဲ့ တိုးတက်မှုတွေ ဖြစ်လာနိုင်မှာပါလို့ ဆိုပါတယ်။

မြန်မာနိုင်ငံကို ပိတ်ဆို့အရေးယူထားတဲ့ အမေရိကန်နိုင်ငံက နိုင်ငံခြားရေး ဝန်ကြီး ဟီလာရီ ကလင်တန်လည်း ဒီဇင်ဘာလ အစောပိုင်းမှာ မြန်မာနိုင်ငံကို သွားရောက်ဖို့ ရှိပါတယ်။
post by BBC

No comments:

Post a Comment