Thursday, November 17, 2011

အမျိုး​သမီး​မြား​ပစ် အား​ကစား​မယ် ​ရွှေတံဆိပ်ရရှိ


၂၀၁၁ ဆီး​ဂိမ်း​ပြိုင်ပွဲဝင်မြန်မာ အား​ကစား​အဖွဲ့​အတွက် ပထမဆုံး​ ရွှေတံဆိပ်ကို နိုဝင်ဘာလ ၁၆​ ရက်​နေ့​က မြား​ပစ်အား​ကစား​နည်း​မှာ ဆွတ်ခူး​ရရှိခဲ့​ပါတယ်။
၂၀၁၁ ဆီး​ဂိမ်း​ပြိုင်ပွဲ စတင်လို့​ ၆ ရက်​မြောက်​နေ့​မှ မြန်မာ အား​ကစား​အဖွဲ့​အ​နေနဲ့​ရွှေတံဆိပ်တခု စတင် ရရှိတာလည်း
ဖြစ်ပါတယ်။ မြန်မာတို့​အတွက် ပထမဆုံး​ရွှေတံဆိပ် ဆွတ်ခူး​ပေး​ခဲ့​သူက​တော့
အမျိုး​သမီး​မြား​ပစ် အား​ကစား​မယ် မ​အောင်ငှိမ်း​ ဖြစ်ပါတယ်။
အမျိုး​သမီး​တဦး​ချင်း​ ကွန်​ပေါင်း​မြား​ပစ်ပြိုင်ပွဲမှာ ဖိလစ်ပိုင်မှ အား​ကစား​သမား​ကို အနိုင်ရခဲ့​တာ​ ​ဖြစ်ပါတယ်။
မ​အောင်ငှိမ်း​နဲ့​​ ဖိလစ်ပိုင်​ အား​ကစား​မယ်တို့​ဟာ
သတ်မှတ် မြား​အ​ရေအတွက် ပစ်ပြီး​ချိန်မှာ အမှတ်ခြင်း​တူ​နေလို့​ မြား​ပိုတစ်​ချောင်း​စီ ထပ်မံပစ်ကာ ​ရွှေတံဆိပ်ဆုအတွက် ယှဉ်ပြိုင်ခဲ့​ကြပါတယ်။
မြား​ပိုယှဉ်ပြိုင်ရာမှာ ​အောင်ငှိမ်း​က အနိုင်ရခဲ့လို့​မြန်မာနိုင်ငံအတွက် ပထမဆုံး​ ရွှေတံဆိပ်ကို ဆွတ်ခူး​နိုင်ခဲ့တာ ဖြစ်ပါတယ်။
@ ဒီဗွီဘီ

No comments:

Post a Comment