ထိပ်ဆုံး သတင်း :
Home » » မြန်မာကို ၂၀၁၄ ဥက္ကဋ္ဌ နေရာပေးရေး အာဆီယံ ထောက်ခံဖို့များနေ

မြန်မာကို ၂၀၁၄ ဥက္ကဋ္ဌ နေရာပေးရေး အာဆီယံ ထောက်ခံဖို့များနေ

11/09/2011 07:12:00 AMတွင်ရေးသည်

အာဆီယံ ထိပ်သီးညီလာခံကို ၂၀၁၄ ခု ကျရင် မြန်မာနိုင်ငံမှာ အလှည့်ကျ ကျင်းပဖို့ အာဆီယံ ခေါင်းဆောင် အများစုက ထောက်ခံမဲ့ သဘော ရှိတယ်လို့ အင်ဒိုနီးရှား နိုင်ငံခြားရေး ဝန်ကြီးက ဒီကနေ့ ပြောဆိုလိုက် ပါတယ်။

RFA
အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး မာတီ နာတလီဂါဝါ (Marty Natalegawa) ၏ ၂၀၁၁ ခုနှစ် အောက်တိုဘာလ ၂၈ ရက်နေ့က စတင်ခဲ့သည့် သုံးရက်ကြာ မြန်မာနိုင်ငံ ခရီးစဉ်အပြီး ရန်ကုန်မြို့ ဆီဒိုးနား ဟိုတယ်တွင် သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ပါသည်။ ဓါတ်ပုံ - RFA
နားဆင်ရန်...


ဒီနှစ် မေလမှာကျင်းပတဲ့ အာဆီယံ ထိပ်သီးညီလာခံနဲ့ ဇူလိုင်လမှာကျင်းပတဲ့ နိုင်ငံခြားရေး ဝန်ကြီးဆွေးနွေးပွဲတွေမှာ မြန်မာကို အာဆီယံ ဥက္ကဋ္ဌနေရာပေးရေးကိစ္စ အပြုသဘော တုံ့ပြန်ချက်တွေကို ရခဲ့တယ်လို့ မာတီ နာတာလီဂါဝါက ပြောပါတယ်။ မြန်မာနိုင်ငံမှာ အပြောင်းအလဲတွေ ဆက်လက်ဖြစ်ပေါ်လာဖို့ အင်ဒိုနီးရှား အနေနဲ့ ထောက်ခံ အားပေးသွားမယ်လို့ အင်ဒိုနီးရှား နိုင်ငံခြားရေး ဝန်ကြီးရဲ့ပြောခွင့်ရပုဂ္ဂိုလ် Michael Tene က အာရ်အက်ဖ်အေကို ပြောပါတယ်။ ပြုပြင်ပြောင်းလဲမှုတွေကို မြန်မာအစိုးရက ဆောင်ရွက်နေတယ်ဆိုတာ အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီးအနေနဲ့ အသိအမှတ်ပြုပါတယ်။ သိသာထင်ရှားတဲ့ တိုးတက်မှုတွေ အဖြစ်နဲ့လည်း ကြိုဆိုပါတယ်။ ဒီလိုပြောင်းလဲမှုတွေ ဆက်လက် ဆောင်ရွက်သွားဖို့ အင်ဒိုနီးရှား အစိုးရအနေနဲ့ အားပေးထောက်ခံပါတယ်လို့ Michael Tene ပြောသွားပါတယ်။ ၂၀၁၄ မှာ မြန်မာကို အာဆီယံ ဥက္ကဋ္ဌနေရာပေးရေး ကိစ္စနဲ့ပတ်သက်လို့ မြန်မာနိုင်ငံကို နောက်တစ်ကြိမ် ထပ်ပြီးသွားမသွား ဆိုတာကိုတော့ အခုချိန်မှာ အတိအကျ မဖြေနိုင်သေးဘူးလို့ အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး မာတီ နာတာလီဂါဝါက သတင်းထောက်တွေကိုပြောပါတယ်။ ပြီးခဲ့တဲ့ သီတင်းပတ်က မြန်မာနိုင်ငံကို သွားခဲ့တဲ့ ခရီးစဉ်အတွင်းမှာ အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီးဟာ လွှတ်တော် ဥက္ကဋ္ဌအပါအဝင် သမ္မတ ဦးသိန်းစိန် အစိုးရအဖွဲ့တို့၊ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် တို့နဲ့ တွေ့ဆုံခဲ့ပါတယ်။ ဝေဖန်သုံးသပ်ချက် အပြည့်အစုံကို နားဆင်ပါ။
ဆက်သွယ်မေးမြန်းချက်။
အသံဖိုင်ယူရန်။
ဆက်လက် မျှဝေရန်... :

0 comments ::

စာဖတ်သူတွေရဲ့ ပြောရေးဆိုခွင့် ... !

မင်္ဂံလာပါ

close
cbox

မင်ဘာ ဝင်ပေးဖို့ ဖိတ်ခေါ်ပါတယ်

Ayar Myanmar Unicode Font
Zawgyi Font
Ayar Online Editor
Ayar Online Converter
Ayar Online Dictionary
Ayar Myanmar Unicode Group

like လေးနှိပ်ပြီး အားပေးခဲ့ပါ

ကျေးဇူးပြုပြီး 10 စက္ကန့် စောင့်ပါ ပိတ်ရန်
"၉၆၉"ဆိုတာဘာလဲ?ဘယ်သူတွေဖွဲ့တာလဲ?
ဘီဘီစီနှောက်ဆုံး အသံ လွှင့် အစီအစဉ်များ
နေ့အလိုက် အသံလွှင့် အစီအစဉ်များ နားထောင်လိုလျှင်
DVB နေ့စဉ် အစီအစဉ်များ
DVB တိုင်းရင်းသား ဘာသာ အစီအစဉ်များ
 
Support : Creating Website | Mas Template
Proudly powered by Blogger
Copyright © 2011. ဟတ်လှိုင်း မီဒီယာ တို့ လာရောက်သူအပေါင်း ကိုယ်စိတ်နှလုံး ကျန်းမာချမ်းသာကြပါစေဗျာ
Design by DauGyung lhaovo nao"