Friday, November 18, 2011

အမျိုး​သား​ဒီမိုက​ရေစီအဖွဲ့​ချုပ် ပါတီမှတ်ပုံတင်ရန် ဗဟိုဦး​စီး​အဖွဲ့​ဝင်များ​ သ​ဘောတူ


အမျိုး ​သား​ဒီမိုက​ရေစီအဖွဲ့​ချုပ် အန်အယ်လ်ဒီပါတီ မှတ်ပုံတင်ဖို့​ ပြည်နယ်နဲ့​တိုင်း​ အသီး​သီး​က ဗဟိုဦး​စီး​အဖွဲ့​တွေက သ​ဘောတူလိုက်ပြီလို့​ ဗဟိုဦး​စီး​အဖွဲ့​ဝင် တဦး​က ​ပြောပါတယ်။
ပါတီမှတ်ပုံတင် ​ရေး​ မတင်​ရေး​နဲ့​ပတ်သက်ပြီး​ ဆုံး​ဖြတ်ချက်ချဖို့​ ရန်ကုန်မြို့​က ပါတီဗဟိုဌာနချုပ်မှာ ပြည်နယ်နဲ့​ တိုင်း​အသီး​သီး​က ဗဟိုဦး​စီး​ အဖွဲ့​ဝင် ၁ဝဝ​ကျော် တက်​ရောက်ပြီး​ တဖွဲ့​ကို ၅မိနစ် ​ဆွေး​နွေး​ တင်ပြခွင့်​ပေး​ရာမှာ အများ​စုက သ​ဘောတူခဲ့​ကြတာပါ။
ပြည်နယ်နဲ့​ တိုင်း​ ၁၄ခုအနက် ၁၃ ခုက ပါတီမှတ်ပုံတင်​ရေး​ကို ​ထောက်ခံ ​ဆွေး​နွေး​ခဲ့​ကြပြီး​ ကချင်ပြည်နယ် ကိုယ်စား​လှယ်​တွေက​တော့​ ငြိမ်း​ချမ်း​မှု မရ​သေး​တဲ့​အတွက် ထပ်မံစဉ်း​စား​ဖို့​ အကြံပြု ​ဆွေး​နွေး​ခဲ့​တယ်လို့​ သိရပါတယ်။
ဒေါ်​အောင်ဆန်း ​စုကြည်က ပါတီမှတ်ပုံတင်​ရေး​နဲ့​ပတ်သက်ပြီး​ သ​ဘောထား​ မှတ်ချက် အရင်မ​ပေး​ဘဲ ပြည်နယ်နဲ့​တိုင်း​က ကိုယ်စား​လှယ်​တွေကို အရင် သ​ဘောထား​တောင်း​ ခံခဲ့​တာဖြစ်ပါတယ်။
ဆွေး​နွေး​ ပွဲမစခင်မှာ​တော့​ ​ဒေါ်​အောင်ဆန်း​စုကြည်က ဆုံး​ဖြတ်တဲ့​နေရာမှာ မှန်ကန်တဲ့​စိတ်ဓာတ်နဲ့​ ပညာရှိပီပီ ချင့်​ချင့်​ချိန်ချိန် ​သေ​သေချာချာ အ​ခြေအ​နေကို မှန်မှန်ကန်ကန် သုံး​သပ်ပြီး​တော့​ အဂတိတရား​လေး​ပါး​ ကင်း​ဝေး​စွာနဲ့​ဆုံး​ဖြတ်ချက်ချပါလို့​ ​ပြောကြား​ခဲ့​ပါတယ်။
ပါတီမှတ်ပုံတင် ​ရေး​ မတင်​ရေး​နဲ့​ ပတ်သက်ပြီး​ တရား​ဝင်ဆုံး​ဖြတ်​ကြောင်း​ ​ကြေညာချက်ကို​တော့​ ဗဟိုအလုပ် အမှု​ဆောင်အစည်း​အ​ဝေး​အပြီး​ ထုတ်ပြန်မှာဖြစ်တယ်လို့​သိရပါတယ်။
 အဖွဲ့​ချုပ် ပါတီမှတ်ပုံတင်ရန် ဗဟိုဦး​စီး​အဖွဲ့​ဝင်များ​ သ​ဘောတူ (ဓာတ်ပုံ)



No comments:

Post a Comment