ထိပ်ဆုံး သတင်း :
Home » » မြန်မာကို ဖွံ့ဖြိုးရေး အကူအညီ ပြန်ပေးဖို့ ဂျပန် ဆွေးနွေးမယ်

မြန်မာကို ဖွံ့ဖြိုးရေး အကူအညီ ပြန်ပေးဖို့ ဂျပန် ဆွေးနွေးမယ်

11/25/2011 12:11:00 AMတွင်ရေးသည်

BBCမြန်မာနိုင်ငံရဲ့ ဖွံ့ဖြိုး တိုးတက်ရေး စီမံကိန်းတွေမှာ ဂျပန်က အကူအညီတွေ ပြန်လည် ပေးအပ်ရေးနဲ့ ပတ်သက်လို့ လာမယ့် သီတင်းပတ်မှာ နှစ်နိုင်ငံ အစိုးရ ကိုယ်စားလှယ်တွေ ဆွေးနွေးကြလိမ့်မယ်လို့ မနေ့က ဗုဒ္ဓဟူးနေ့တုန်းက ဂျပန် အစိုးရက ထုတ်ပြန် ပြောကြား လိုက်ပါတယ်။
http://wscdn.bbc.co.uk/worldservice/assets/images/2011/08/29/110829090338_jp_japan226x170_nocredit.jpg
ဂျပန် ဝန်ကြီးချုပ် မြန်မာပြောင်းလဲမှုကို ကြိုဆို
နှစ်ဖက် အစိုးရ ထိပ်တန်း အရာရှိတွေ တွေ့ဆုံတဲ့အခါ ဘယ်စီမံကိန်းတွေမှာ ကူညီ ထောက်ပံ့မှုတွေ ပေးမလဲဆိုတာကို ဆွေးနွေးကြမှာ ဖြစ်ပြီး အဲဒီ အထဲမှာ ဘီလူးချောင်း ရေအား လျှပ်စစ် ထုတ်လုပ်ရေး စီမံကိန်း ပြုပြင် တည်ဆောက်ရေး ပါကောင်း ပါနိုင်တယ် လို့ ဂျပန် နိုင်ငံခြားရေး ဝန်ကြီးဌာနက ပြောပါတယ်။

နှစ်ပေါင်းများစွာ အထီးကျန် ဖြစ်နေတဲ့ မြန်မာနိုင်ငံရဲ့ လတ်တလော ဒီမိုကရေစီ ရေးရာ အကောင်အထည် ဖော်မှုတွေကို နိုင်ငံတကာ တွန်းအားပေးနေရာမှာ ဒါဟာ နောက်ထပ် ခြေလှမ်းတရပ် ဖြစ်ပါတယ်။

စစ်တပ်က ဆယ်စုနှစ်ပေါင်း များစွာ အုပ်ချုပ်ခဲ့တဲ့ မြန်မာနိုင်ငံမှာ ပိုမို ပြုပြင်ပြောင်းလဲရေး တွေလုပ်ဆောင်ဖို့ တိုက်တွန်းနေသလို ဒီနှစ်ကုန်လောက်မှာ ကျင်းပမယ့် ကြားဖြတ် ရွေးကောက်ပွဲတွေမှာ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ဝင်ရောက် ယှဉ်ပြိုင်မယ်လို့ အန်အယ်ဒီ ပါတီ ထိပ်တန်း အရာရှိ တယောက်က ပြောပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်တုန်းက ဂျပန် ဝန်ကြီးချုပ် ယိုရှီဟီကို နိုဒါက မြန်မာ သမ္မတ ဦးသိန်းစိန်နဲ့ တွေ့ဆုံရာမှာ မြန်မာပြည်က ပြုပြင်ပြောင်းလဲမှုတွေကို ကြိုဆိုကြောင်း ပြောခဲ့ပြီး ဂျပန် အစိုးရ ကူညီထောက်ပံ့မှု တွေနဲ့ ပတ်သက်လို့ လာမယ့် တနင်္လ࿿ာနေ့မှာ နေပြည်တော်မှာ ဆွေးနွေးကြမှာ ဖြစ်ပါတယ်။

ဂျပန်နိုင်ငံက မြန်မာနိုင်ငံ အပေါ် ဖွံ့ဖြိုးတိုးတက်ရေး အကူအညီတွေ ဒီပဲရင်း အရေးအခင်း အပြီး၂ဝဝ၃ ခုနှစ် ကတည်းက ဖြတ်တောက် ထားခဲ့တာ ဖြစ်ပေမယ့် လူမှု ကယ်ဆယ်ရေး အကူအညီတွေ ကိုတော့ ဆက်လက် ပေးအပ်နေခဲ့တာ ဖြစ်ပါတယ်။

ဂျပန်နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောခွင့်ရ ပုဂ္ဂိုလ် Mr Masaru Sato က မြန်မာနိုင်ငံမှာ တိုးတက်မှု ရှိတဲ့ အပေါ် မူတည်ပြီး အကူအညီ တိုးပေးဖို့ ဆုံးဖြတ်ကြောင်း ဘီဘီစီ ကို ပြောပြပါတယ်။
post by BBC
ဆက်လက် မျှဝေရန်... :

0 comments ::

စာဖတ်သူတွေရဲ့ ပြောရေးဆိုခွင့် ... !

မင်္ဂံလာပါ

close
cbox

မင်ဘာ ဝင်ပေးဖို့ ဖိတ်ခေါ်ပါတယ်

Ayar Myanmar Unicode Font
Zawgyi Font
Ayar Online Editor
Ayar Online Converter
Ayar Online Dictionary
Ayar Myanmar Unicode Group

like လေးနှိပ်ပြီး အားပေးခဲ့ပါ

ကျေးဇူးပြုပြီး 10 စက္ကန့် စောင့်ပါ ပိတ်ရန်
"၉၆၉"ဆိုတာဘာလဲ?ဘယ်သူတွေဖွဲ့တာလဲ?
ဘီဘီစီနှောက်ဆုံး အသံ လွှင့် အစီအစဉ်များ
နေ့အလိုက် အသံလွှင့် အစီအစဉ်များ နားထောင်လိုလျှင်
DVB နေ့စဉ် အစီအစဉ်များ
DVB တိုင်းရင်းသား ဘာသာ အစီအစဉ်များ
 
Support : Creating Website | Mas Template
Proudly powered by Blogger
Copyright © 2011. ဟတ်လှိုင်း မီဒီယာ တို့ လာရောက်သူအပေါင်း ကိုယ်စိတ်နှလုံး ကျန်းမာချမ်းသာကြပါစေဗျာ
Design by DauGyung lhaovo nao"