ထိပ်ဆုံး သတင်း :

ဒီနေ့ တနင်္ဂနွေနေ့ပါ, ဇွန်လိုင်လ 20, 2025

Home » » တရုတ်နယ်စပ်တွင် သျှမ်းပြည်နယ် အစိုးရ အခွန်ကောက်ခံမှု စတင်

တရုတ်နယ်စပ်တွင် သျှမ်းပြည်နယ် အစိုးရ အခွန်ကောက်ခံမှု စတင်

11/02/2011 09:54:00 PMတွင်ရေးသည်

သျှမ်းပြည်နယ်အစိုးရ အတွက် တရားဝင်အခွန် ကောက် ခံခြင်းကို တရုတ် - မြန်မာ နှစ်နိုင်ငံနယ်စပ် မူစယ် - ကျယ်ဂေါင် အဝင်အထွက်ဂိတ်တစ်ခုဖြစ်သည့် ဆင်ဖြူ ဂိတ်တွင်နိုဝင်ဘာလ ၁ ရက်နေ့ နံနက်ပိုင်း ကစတင် လိုက် ကြောင်း သိရသည်။

ရဲ ၊ စည်ပင်သာယာ ၊ စိုက်ပျိုးရေး ၊ အကောက်အခွန်နှင့် လဝက စသည့် ဋ္ဌဌာနစုံပါဝင်သည့် ဝန်ထမ်းများက ကုန် ပစ္စည်း တန်ဖိုး၏ ၃ ရာခိုင်နှုန်းကို ပြည်နယ်အစိုးရ အခွန်ငွေအဖြစ် ကောက်ယူကြောင်း မူစယ်မြို့ အုပ်ချုပ်ရေး ဝန်ထမ်း အသိုင်း အဝိုင်းက သျှမ်းသံတော်ဆင့်သို့ ပြောသည်။http://www.mongloi.org/burmese/images/stories/newspictures/2011/october/MM-Chiina_Border.jpg
“ဒီနေ့မနက်ပိုင်းမှာ စကောက်နေပြီ အခွန်ကတော့ ပစ္စည်းတန်ဖိုးရဲ့ ၃ ရာခိုင်နှုန်း ကောက်မယ် ” ဟု မူစယ်မြို့ အုပ်ချုပ် ရေးဝန်ထမ်းတစ်ဦးကဆိုသည်။

ယခင်မူစယ်မြို့နယ် ဋ္ဌဌာနဆိုင်ရာဝန်ထမ်းများ ရံပုံငွေအတွက် အခွန်ကောက်ခံနေသော ဆင်ဖြူဂိတ်တာဝန်ကျ ဝန်ထမ်း များနှင့် ပြည်နယ်အစိုးရအတွက် အခွန်ကောက်ယူမည့် ဝန်ထမ်းများအကြားယနေ့နံနက်ပိုင်းကပြဿနာ ဖြစ်ပွားခဲ့ သေး ကြောင်း သိရသည်။

“အရင်အဖွဲ့တွေက အခုအဖွဲ့တွေကို အခွန်မကောက်ခိုင်းလို့ဆိုပြီး ဒီမနက် မြို့နယ်အုပ်ချုပ်ရေးမှူးကိုယ်တိုင် ပြဿနာ သွား ရှင်းရသေးတယ်။ ရဲတွေလည်း သေနတ်တွေနဲ့စောင့်နေရတယ် အခုပြည်နယ်အစိုးရ က အခွန်ကောက် တယ်။ ဒါပေမဲ့အရင်အဖွဲ့တွေလည်း ဆက်ရှိနေတာပဲ။ ရှုပ်တော့ရူပ်တယ်” - ဟု သူကဆက်ပြော သည်။

လာမည့်နှစ် ဧပြီလပိုင်းမှစ၍ သျှမ်းပြည်နယ်အတွင်း လက်နက်ကိုင်ဝန်ထမ်းများမှအပအရပ်ဘက်ဝန်ထမ်းအားလုံး ကို ပြည် နယ် အစိုးရအစီအစဉ်ဖြင့် လစာငွေထုတ်ပေးရန်ရှိပြီး ၃လ စမ်းသပ်ကာလအဖြစ် ဗဟိုအစိုးရနှင့်ပူးပေါင်း ဆောင် ရွက်မည် ဟု အုပ်ချုပ်ရေးအသိုင်းအဝိုင်းက ဆိုသည်။
ဆက်လက် မျှဝေရန်... :

0 comments ::

စာဖတ်သူတွေရဲ့ ပြောရေးဆိုခွင့် ... !

မင်္ဂံလာပါ

close
cbox

မင်ဘာ ဝင်ပေးဖို့ ဖိတ်ခေါ်ပါတယ်

Ayar Myanmar Unicode Font
Zawgyi Font
Ayar Online Editor
Ayar Online Converter
Ayar Online Dictionary
Ayar Myanmar Unicode Group

like လေးနှိပ်ပြီး အားပေးခဲ့ပါ

ကျေးဇူးပြုပြီး 8 စက္ကန့် စောင့်ပါ ပိတ်ရန်
"၉၆၉"ဆိုတာဘာလဲ?ဘယ်သူတွေဖွဲ့တာလဲ?
ဘီဘီစီနှောက်ဆုံး အသံ လွှင့် အစီအစဉ်များ
နေ့အလိုက် အသံလွှင့် အစီအစဉ်များ နားထောင်လိုလျှင်
DVB နေ့စဉ် အစီအစဉ်များ
DVB တိုင်းရင်းသား ဘာသာ အစီအစဉ်များ
 
Support : Creating Website | Mas Template
Proudly powered by Blogger
Copyright © 2011. ဟတ်လှိုင်း မီဒီယာ တို့ လာရောက်သူအပေါင်း ကိုယ်စိတ်နှလုံး ကျန်းမာချမ်းသာကြပါစေဗျာ
Design by DauGyung lhaovo nao"