မြန်မာအစိုးရဟာ ပြုပြင်ပြောင်းလဲရေးအတွက် အပြုသဘောဆောင်လုပ်ရပ်တွေ လုပ်ခဲ့ပြီဖြစ်ပေမဲ့ အများကြီးထပ်လုပ်ဖို့ လိုသေးတယ်လို့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ပြောလိုက်ပါတယ်။ နေအိမ်အကျယ်ချုပ်က လွတ်မြောက်ခဲ့တဲ့ တစ်နှစ်ပြည့် နှစ်ပတ်လည်အဖြစ် ဒီကနေ့လုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲအတွင်း ဒေါ်အောင်ဆန်းစုကြည်က အဲဒီလို ပြောခဲ့တာပါ။
လွန်ခဲ့တဲ့တစ်နှစ်တာ ကာလက အဖြစ်အပျက်တွေနဲ့ ပြည့်နှက်နေခဲ့တဲ့ အင်အားတွေတိုးစေတဲ့၊ အတိုင်းအတာ တစ်ခုအထိ အားတက်ဖွယ်ရာဖြစ်ခဲ့တဲ့ ကာလပါပဲလို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။
http://media.voanews.com/images/PNN_-Aung-San-Suu-Kyi_230.jpg
နားဆင်ရန်...

ဒါပေမဲ့လည်း နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်ရေး၊ လူမျိုးစု တိုင်းရင်းသားတွေအရေး၊ တရားဥပဒေ စိုးမိုးရေးနဲ့ လွတ်လပ်တဲ့ တရားရေးစနစ် ဖြစ်ပေါ်ရေးဆိုင်ရာတွေ အပါအ၀င် အဓိကကျတဲ့ ကိစ္စရပ်တွေကို ကိုင်တွယ်ဖြေရှင်းဖို့ ရှိနေသေးတယ်လို့ ဆိုပါတယ်။
ဒီကနေ့ တနင်္လာနေ့မှာ အကျဉ်းသားတွေ လွတ်လာမယ်ဆိုပြီး ကောလဟာလတွေ ကျယ်ကျယ်ပြန့်ပြန့် ထွက်နေတာနဲ့ ပတ်သက်လို့တော့ သူဘာသတင်းမှ မရသေးပါဘူးလို့ ဒေါ်အောင်ဆန်းစုကြည်က ပြောခဲ့ပါတယ်။