ထိပ်ဆုံး သတင်း :
Home » » လက်မှတ်မရှိသည့်​ မြန်မာအလုပ်သမား​များ​ကို မဟာချိုင် လဝက အဖိုး​အခ ပိုယူပြီး​ ပို့​ဆောင်

လက်မှတ်မရှိသည့်​ မြန်မာအလုပ်သမား​များ​ကို မဟာချိုင် လဝက အဖိုး​အခ ပိုယူပြီး​ ပို့​ဆောင်

11/01/2011 10:11:00 PMတွင်ရေးသည်

ထိုင်း​ နိုင်ငံ ဘန်​ကောက်မြို့​အနီး​ မဟာချိုင်​ဒေသက အလုပ်သမား​မှတ်ပုံတင်မရှိတဲ့​ မြန်မာအလုပ်သမား​တွေကို မဟာချိုင် လဝကရဲ​တွေက အဖိုး​အခပိုယူပြီး​ ပို့​ပေး​နေတယ်လို့​ သိရပါတယ်။
ရေ​ဘေး​ရှောင် မြန်မာ​တွေထဲက အလုပ်သမား​မှတ်ပုံတင် မရှိသူ​ရော၊​ မှတ်ပုံတင်ရှိ​ပေမယ့်​ နယ်​မြေဖြတ်သန်း​ခွင့်​မရတဲ့​ အလုပ်သမား​တွေကိုပါ မဟာချိုင် လဝကရဲ​တွေက သာမန်ထက် ငါး​ဆ​လောက် အဖိုး​အခပိုယူပြီး​ ကရင်ပြည်နယ် မြဝတီ တဖက်ကမ်း​က မဲ​ဆောက်ကိုပို့​ပေး​နေတာလို့​ မြန်မာအလုပ်သမား​အ​ရေး​ ဝန်​ဆောင်မှု​ပေး​နေတဲ့​ HRDF ​ခေါ် လူ့​အခွင့်​အ​ရေး​နဲ့​ဖွံ့​ဖြိုး​ရေး​ဖောင်​ဒေး​ရှင်း​အဖွဲ့​ (မဟာချိုင်)ဝင် ကိုစစ်သူက ​ပြောပါတယ်။
http://burmese.dvb.no/wp-content/uploads/2011/11/migrant-worker.jpg
“ဘယ်လိုပို့​ ပေး​လဲဆို​တော့​ ပိုက်ဆံတ​ယောက်ကို ၂၄၀၀ ​ပေး​ရတယ်။ ပတ်စပို့​ရှိတဲ့​ လူတ​ယောက်အ​နေနဲ့​မော်ချစ်မှာ ကား​သွား​စီး​တယ်ဆိုရင် တ​ယောက်ကို ၄၀၀ ပဲထား​လိုက်။ မဲ​ဆောက်​ရောက်တယ်​လေ။ ​အေး​အေး​ဆေး​ဆေး​သွား​ရတယ်။ ဒီမှာ ၂၄၀၀ ဘတ်​ပေး​ပြီး​ စီး​ရတာက ရိုး​ရိုး​ ၆ ဘီး​ကား​၊​ လိုင်း​ကား​အရှည်တစီး​ကို လူ အ​ယောက် ၁၅၀ တင်တယ်။ အခု မဟာချိုင်မှာ ပျမ်း​မျှ တ​နေ့​ကို လူတ​ထောင် ပြန်တယ်။ ​ရေမလာ​သေး​ဘူး​၊​ လူ​တွေက ​ကြောက်ပြီး​ပြန်ကြတယ်။”
ဒါ့​အပြင် ​ရေ​ဘေး​ရှောင်လာတဲ့​ မြန်မာအလုပ်သမား​တွေကို မဲ​ဆောက် လဝကရဲစခန်း​မှာ ယာယီထိန်း​သိမ်း​ထား​တုန်း​ အစာ​ရေစာမ​ပေး​ တဲ့​သတင်း​တွေ ထွက်​ပေါ်​နေတာနဲ့​ပတ်သက်ပြီး​ မဲ​ဆောက်အ​ခြေစိုက် NGO ​တွေက လဝကနဲ့​ ဒီ​နေ့​ ​တွေ့​ဆုံ​ဆွေး​နွေး​ကြပါတယ်။
တွေ့​ဆုံ​ဆွေး ​နွေး​ပွဲမှာပါတဲ့​ MAP ​ဖောင်​ဒေး​ရှင်း​အဖွဲ့​ တာဝန်ရှိသူ မစ္စတာ စူထိစတ် ရုန့်​ရန်း​ဖာစွတ်က “က​လေး​ရဲ နို့​မှုန့်​တွေ၊​ ပြီး​တော့​ က​လေး​ အ​ပေါ့​အ​လေး​သွား​ဖို့​ခွက်​တွေ၊​ က​လေး​တွေဟာ ခံခွက်မရှိ​တော့​ ဟိုချီး​ပါ ဒီ​သေး​ပေါက်​ပေါ့​။ အမျိုး​သမီး​သုံး​တဲ့​ ပစ္စည်း​တွေ အဓိကလိုတယ်။ ​နောက်ပြီး​တော့​ ​ရေက အရမ်း​လိုတယ်တဲ့​။ ထမင်း​က ဟိုနည်း​နည်း​ ဒီနည်း​နည်း​လာ​နေတာ​ပေါ့​နော်။ ​နောက် ​ခေါင်း​ကိုက်​ဆေး​တို့​ကို NGO အဖွဲ့​တွေအ​နေနဲ့​ အကူအညီ​ပေး​ရင် အရမ်း​ကောင်း​မှာပဲတဲ့​ သူတို့​ပြောတာ” လို့​ ဆိုပါတယ်။
မဲ​ ဆောက်လဝကစခန်း​ကို လိုအပ်တဲ့​အကူအညီ​တွေ ​ပေး​ဖို့​ မဲ​ဆောက် NGO ​တွေက အစည်း​အ​ဝေး​တရပ် ​ခေါ်ယူမယ်လို့​လည်း​ မစ္စတာ စူထိစတ်က ​ပြောပါတယ်။
ထိုင်း​အစိုး​ ရရဲ့​နောက်ဆုံး​ထုတ်ပြန်ချက်မှာ ​ရေ​ဘေး​ကြောင့်​ ​သေဆုံး​သူ ၃၈၄ ​ယောက်ရှိပြီး​ ဘန်​ကောက် အနီး​ခရိုင်​တွေက ​ရေ​ဘေး​ခိုလှုံ​ရေး​ စင်တာ​တွေဆီကို ဘန်​ကောက်​မြောက်ပိုင်း​နဲ့​အ​နောက်ပိုင်း​ ရပ်ကွက်ဇုန် ၇ ခုက လူ ၄ ​သောင်း​ကျော်ကို ​ရွှေ့​ပြောင်း​လိုက်ရပြီလို့​ဆိုပါတယ်။
ထိုင်း​နိုင်ငံ မြို့​တော် ဘန်​ကောက်မှာ ရပ်ကွက်ဇုန် ၅၀ ရှိပြီး​ လူဦး​ရေ ၁၀ သန်း​ကျော် ရှိပါတယ်။
ဆက်လက် မျှဝေရန်... :

0 comments ::

စာဖတ်သူတွေရဲ့ ပြောရေးဆိုခွင့် ... !

မင်္ဂံလာပါ

close
cbox

မင်ဘာ ဝင်ပေးဖို့ ဖိတ်ခေါ်ပါတယ်

Ayar Myanmar Unicode Font
Zawgyi Font
Ayar Online Editor
Ayar Online Converter
Ayar Online Dictionary
Ayar Myanmar Unicode Group

like လေးနှိပ်ပြီး အားပေးခဲ့ပါ

ကျေးဇူးပြုပြီး 10 စက္ကန့် စောင့်ပါ ပိတ်ရန်
"၉၆၉"ဆိုတာဘာလဲ?ဘယ်သူတွေဖွဲ့တာလဲ?
ဘီဘီစီနှောက်ဆုံး အသံ လွှင့် အစီအစဉ်များ
နေ့အလိုက် အသံလွှင့် အစီအစဉ်များ နားထောင်လိုလျှင်
DVB နေ့စဉ် အစီအစဉ်များ
DVB တိုင်းရင်းသား ဘာသာ အစီအစဉ်များ
 
Support : Creating Website | Mas Template
Proudly powered by Blogger
Copyright © 2011. ဟတ်လှိုင်း မီဒီယာ တို့ လာရောက်သူအပေါင်း ကိုယ်စိတ်နှလုံး ကျန်းမာချမ်းသာကြပါစေဗျာ
Design by DauGyung lhaovo nao"