ထိပ်ဆုံး သတင်း :
Home » » မြန်မာပြည်မြောက်ပိုင်း ပြည်စစ်သတင်း

မြန်မာပြည်မြောက်ပိုင်း ပြည်စစ်သတင်း

11/23/2011 07:18:00 AMတွင်ရေးသည်


dinghkumajan-myen

နိုဝင်ဘာ ၂၂ ရက်၊ ၂၀၁၁ နံနက် ၆ နာရီ--- ရှမ်းပြည်နယ်စပ် ကချင်ပြည်နယ် ဗန်းမော်ခရိုင် မံဝင်းကြီးတွင် မြန်မာအစိုးရတပ်ကို KIA တပ်ရင်း ၁ ကတိုက်ခိုက်ရာ မြန်မာစစ်သား ၃ ဦး ကျဆုံးသည်ဟု မျက်မြင်များပြောသည်။

နိုဝင်ဘာ ၂၂ ရက်၊ ၂၀၁၁--- ကချင်ပြည်နယ် အရှေ့တောင်ဘက် တရုတ်နယ်စပ်၊ ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO)၏ အရှေ့ပိုင်းတိုင်း မိုင်ဂျာယန်မြို့သို့ စစ်ပြေးဒုက္ခသည်များ အများအပြား ရောက်ရှိလာကြကာ မူလရှိနေသည့် အရေအတွက် ၅၀၀၀ ကျော်မှ ယခုရက်အတွင်း ၉၀၀၀ ကျော်နိုင်သည်ဟု အကူအညီ ပေးနေသူများ ပြောသည်။

နိုဝင်ဘာ ၂၂ ရက်၊ ၂၀၁၁ နံနက် ၈ နာရီ--- ဗန်းမော်မြို့ခရိုင်၊ အင်မောက် (မိုင်းမောက်)မြို့နယ်တွင် နိုဝင်ဘာ ၁၇ ရက်က မြန်မာစစ်သားများ သိမ်းပိုက်ထားသော KIA ဖကောန် (Hpakawn) စခန်းအနီး Hkarawm Krung တွင် နှစ်ဖက်တိုက်ပွဲများ ဖြစ်ပွားနေသည်ဟု ဒေသခံများပြောသည်။

 နိုဝင်ဘာ ၂၂ ရက်၊ ၂၀၁၁--- ဗန်းမော်ခရိုင် ဒေါ့ဖွမ်းယန်မြို့နယ်ခွဲရှိ အင်တပ်ဘွမ် (N’Tap Bum)တွင် မြန်မာအစိုးရနှင့် ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ (KIA) ကြား တိုက်ပွဲငယ်များ ဆက်လက်ဖြစ်ပွားနေသည်ဟု သိရသည်။

kutkai-to-muse-road-Myan-myan
သြဂုတ် ၃၁၊၂၀၁၁ --- ဗန်းမော်မြို့နယ်၊ စိန်လုံစစ်စခန်း၌ တပ်ချနေသည့် မြန်မာစစ်အစိုးရ တပ်နှင့် KIA တပ်မဟာ ၃ လက်အောက်ခံ တပ်သားများ ကြား မနက်ပိုင်း ၉နာရ်ီတွင် ပစ်ခတ်မှုဖြစ်ပွားခဲ့ပါသည်။

ခုဖြစ်ပွှားမှုတွင် KIA ၏ မိုင်းမိပြီး အနည်းဆုံးမြန်မာစစ်သား ၄ ဦး ဒဏ်ရာရသည်ဟု KIA တပ်မဟာ ၃ အရာရှိများပြောသည်။


သြဂုတ် ၃၁၊၂၀၁၁- -- ရှမ်းပြည်မြောက်ပိုင်း နှစ်နေရာတွင်မြန်မာစစ်အစိုးရနှင့် ကချင်လွတ်မြောက်ရေးအဖွဲ့ (KIA) ပစ်ခတ်တိုက်ခိုက်မှုများဖြစ်ပွားခဲ့သည်။

မန္တလေး-မူဆယ် တရုတ်နယ်စပ် ကုန်သွယ်ရေးလမ်းမ၊ နမ်အွမ်ကျေးရွာ အနီးနေ့လည် ၁၁ နာရ်ီတွင် ပထမ ဖြစ်ပွားပြီး ညနေပိုင်း တွင် ကွတ်ခိုင်အနီး နမ်ဖွန်တောင်၌ ပစ်ခတ်မှုဖြစ်ပွားသည်ဟု ဒေသခံတဦး ပြောသည်။

ပစ်ခတ်မှုက မူဆယ် တရုတ်ပြည်နယ်စပ်ကုန်သွယ်လမ်းမတွင် လုံခြုံရေးယူနေသော မြန်မာတပ် နဲ့ KIA တပ်မဟာ ၄ စစ်သားများကြားဖြစ်ပွားခဲ့သည်။

အခု ပစ်ခတ်မှုတွင် နှစ်ဖက်လုံးမှ ထိခိုက်ဒဏ်ရာ နှင့်ကျဆုံးမှု  ရှိ မ ရှိ အတိကျမသိပါ။
post by ကချင်သတင်းဌာန

ဆက်လက် မျှဝေရန်... :

0 comments ::

စာဖတ်သူတွေရဲ့ ပြောရေးဆိုခွင့် ... !

မင်္ဂံလာပါ

close
cbox

မင်ဘာ ဝင်ပေးဖို့ ဖိတ်ခေါ်ပါတယ်

Ayar Myanmar Unicode Font
Zawgyi Font
Ayar Online Editor
Ayar Online Converter
Ayar Online Dictionary
Ayar Myanmar Unicode Group

like လေးနှိပ်ပြီး အားပေးခဲ့ပါ

ကျေးဇူးပြုပြီး 10 စက္ကန့် စောင့်ပါ ပိတ်ရန်
"၉၆၉"ဆိုတာဘာလဲ?ဘယ်သူတွေဖွဲ့တာလဲ?
ဘီဘီစီနှောက်ဆုံး အသံ လွှင့် အစီအစဉ်များ
နေ့အလိုက် အသံလွှင့် အစီအစဉ်များ နားထောင်လိုလျှင်
DVB နေ့စဉ် အစီအစဉ်များ
DVB တိုင်းရင်းသား ဘာသာ အစီအစဉ်များ
 
Support : Creating Website | Mas Template
Proudly powered by Blogger
Copyright © 2011. ဟတ်လှိုင်း မီဒီယာ တို့ လာရောက်သူအပေါင်း ကိုယ်စိတ်နှလုံး ကျန်းမာချမ်းသာကြပါစေဗျာ
Design by DauGyung lhaovo nao"