မြန်မာအစိုး ရကို လက်နက်ကိုင်တိုက်နေတဲ့ ကချင်လက်နက်ကိုင်အဖွဲ့နဲ့ အစိုးရကိုယ်စားလှယ်တွေ တရုတ်၊ မြန်မာနယ်စပ်မှာ ဒုတိယအကျော့ ငြိမ်းချမ်းရေး ဆွေးနွေးမှုတွေ ပြီးဆုံးသွားပြီလို့သိရပါတယ်။
ကေအိုင်အို ကချင်လွတ်မြောက်ရေးအဖွဲ့နဲ့ မြန်မာအစိုးရ ကိုယ်စားလှယ်တွေဟာ တရုတ်နိုင်ငံ ရွှေလီက ဟိုတယ်တခုမှာ မနေ့ မွန်းလွဲပိုင်းကနေ ညနေအထိ ၃ နာရီနီးပါးကြာ အလွတ်သဘော တွေ့ဆုံ ဆွေးနွေးခဲ့ကြတာပါ။
ဒီဆွေးနွေး ပွဲမှာ ကချင်ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင် ဥက္ကဋ္ဌ ဦးဇောင်းဟရာက ကေအိုင်အိုအဖွဲ့ရဲ့ ငြိမ်းချမ်းရေးသဘောထားကို တင်ပြခဲ့တယ်လို့ကေအိုင်အိုပြောခွင့်ရသူ ဦးလနန်းက ပြောပါတယ်။
“ကျနော်တို့ ဥက္က|ကြီးကိုယ်တိုင်က ပြောတဲ့အချက်ဆိုတော့ နံပgတ် ၁ ကဘာလဲဆိုတော့ ကချင်ပြည်နယ်သာမက ရှမ်းပြည်မြောက်ပိုင်းပေါ့ဗျာ။ ကချင်လူမျိုးတွေ နေထိုင်ရာဒေသမှာ ဖြစ်ပွားနေတဲ့ ပြဿနာတွေရဲ့ အရင်းခံအကြောင်းတရားကို ဆန်းစစ်ကြည့်မယ်ဆိုရင် နိုင်ငံရေးစနစ်ကြောင့် ဖြစ်ပွားရတယ်လို့ သဘောထားမှတ်ယူတယ်။ ဒုတိယတချက်ကတော့ နိုင်ငံရေးကြောင့် ဖြစ်ပွားတဲ့ ပြည်တွင်းစစ် ပြဿနာအားလုံကို နိုင်ငံရေးနည်းလမ်းနဲ့ပဲ ဖြေရှင်းဖို့ လိုအပ်တယ်။ တတိယ အချက်ကတော့ ဒီလိုမျိုး ပြဿနာကို စစ်ရေးနည်းနဲ့သာ ဆက်ပြီးတော့ ဖြေရှင်းမယ်ဆိုရင်တော့ ပြည်တွင်းငြိမ်းချမ်းရေးကို တည်ဆောင်နိုင်မှာ မဟုတ်ဘူးဆိုတဲ့ အချက်တွေပေါ့။ ဒီအချက်သုံးချက်ပါပဲ။ ဆိုလိုတာက ဘာလဲဆိုတော့ ပြဿနာအားလုံးရဲ့ အရင်းခံဟာ နိုင်ငံရေးပြဿနာအားလုံးကို အရင်းခံတဲ့ ပြည်တွင်းစစ် ဖြစ်တဲ့အတွက်ကြောင့် ချုပ်ငြိမ်းဖို့ကတော့ နိုင်ငံရေးနည်းလမ်းနဲ့ပဲ ဖြေရှင်းဖို့လိုအပ်တယ်ဆိုတဲ့ အချက်ပါပဲ။ ဒီအချက်တွေကို ဥက္ကဋ္ဌအနေနဲ့ ပြောကြားခဲ့တာပေါ့။”
ကချင်ကိုယ်စား လှယ်အဖွဲ့မှာ ဥက္ကဋ္ဌ ဦးဇောင်းဟရာနဲ့ ဒုဗိုလ်မှူးကြီး ဂျီးနောင်တို့အပါအဝင် အဖွဲ့ဝင် ၆ ဦးလောက် ပါသွားပြီး အစိုးရဘက်က ပြည်တွင်း ငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့ခေါင်းဆောင် ဦးအောင်သောင်း၊ ဦးသိန်းဇော်၊ ဦးအောင်မင်းနဲ့ကချင်ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးခက်ထိန်နန် စသူတို့ပါဝင်တယ်။ ဒါပေမယ့် ဘာတွေ ဆွေးနွေးခဲ့ကြတယ် ဆိုတာကိုတော့ မသိရသေးပါဘူး။
ကေအိုင်အို ကိုယ်စားလှယ်အဖွဲ့ဟာ ဒီကနေ့မနက်က ကေအိုင်အို ဌာနချုပ်ရှိရာ လိုင်ဇာကိုအပြန် လမ်းမှာပဲ ရှိနေသေးပြီး ပြန်ရောက်လာမှ ဆွေးနွေးပွဲနဲ့ပတ်သက်ပြီး အကြောင်းစုံသိရမယ်လို့ ကေအိုင်အိုက ပြောပါတယ်။
ကေအိုင်အို အဖွဲ့ဟာ မီးရထားဝန်ကြီး ဦးအောင်မင်း ဦးဆောင်တဲ့ အစိုးရကိုယ်စားလှယ်တချို့နဲ့ ထိုင်းနိုင်ငံ ချင်းရိုင်ခရိုင်မှာ ပြီးခဲ့တဲ့နိုဝင်ဘာ ၁၉ ရက်ကလည်း တွေ့ဆုံဆွေးနွေးခဲ့ပြီး ဒါဟာ သီတင်းတပတ်ကျော် ကာလအတွင်း ဒုတိယအကြိမ်မြောက် တွေ့ဆုံဆွေးနွေးမှု ဖြစ်ပါတယ်။
post by DVB
0 comments ::
စာဖတ်သူတွေရဲ့ ပြောရေးဆိုခွင့် ... !