ထိပ်ဆုံး သတင်း :
Home » » ကေအိုင်အိုနှင့်​ မြန်မာအစိုး​ရ ​ရွှေလီ​ဆွေး​နွေး​ပွဲ ပြီး​ဆုံး

ကေအိုင်အိုနှင့်​ မြန်မာအစိုး​ရ ​ရွှေလီ​ဆွေး​နွေး​ပွဲ ပြီး​ဆုံး

11/30/2011 09:41:00 PMတွင်ရေးသည်


မြန်မာအစိုး ​ရကို လက်နက်ကိုင်တိုက်​နေတဲ့​ ကချင်လက်နက်ကိုင်အဖွဲ့​နဲ့​ အစိုး​ရကိုယ်စား​လှယ်​တွေ တရုတ်၊​ မြန်မာနယ်စပ်မှာ ဒုတိယအ​ကျော့​ ငြိမ်း​ချမ်း​ရေး​ ​ဆွေး​နွေး​မှု​တွေ ပြီး​ဆုံး​သွား​ပြီလို့​သိရပါတယ်။
ကေအိုင်အို ကချင်လွတ်​မြောက်​ရေး​အဖွဲ့​နဲ့​ မြန်မာအစိုး​ရ ကိုယ်စား​လှယ်​တွေဟာ တရုတ်နိုင်ငံ ​ရွှေလီက ဟိုတယ်တခုမှာ မ​နေ့​ မွန်း​လွဲပိုင်း​က​နေ ည​နေအထိ ၃ နာရီနီး​ပါး​ကြာ အလွတ်သ​ဘော ​တွေ့​ဆုံ ​ဆွေး​နွေး​ခဲ့​ကြတာပါ။
ဒီ​ဆွေး​နွေး​ ပွဲမှာ ကချင်ကိုယ်စား​လှယ်အဖွဲ့​ခေါင်း​ဆောင် ဥက္ကဋ္ဌ ဦး​ဇောင်း​ဟရာက ​ကေအိုင်အိုအဖွဲ့​ရဲ့​ ငြိမ်း​ချမ်း​ရေး​သ​ဘောထား​ကို တင်ပြခဲ့​တယ်လို့​ကေအိုင်အို​ပြောခွင့်​ရသူ ဦး​လနန်း​က ​ပြောပါတယ်။
“ကျ​နော်တို့​ ဥက္က|ကြီး​ကိုယ်တိုင်က ​ပြောတဲ့​အချက်ဆို​တော့​ နံပgတ် ၁ ကဘာလဲဆို​တော့​ ကချင်ပြည်နယ်သာမက ရှမ်း​ပြည်​မြောက်ပိုင်း​ပေါ့​ဗျာ။ ကချင်လူမျိုး​တွေ ​နေထိုင်ရာ​ဒေသမှာ ဖြစ်ပွား​နေတဲ့​ ပြဿနာ​တွေရဲ့​ အရင်း​ခံအ​ကြောင်း​တရား​ကို ဆန်း​စစ်ကြည့်​မယ်ဆိုရင် နိုင်ငံ​ရေး​စနစ်​ကြောင့်​ ဖြစ်ပွား​ရတယ်လို့​ သ​ဘောထား​မှတ်ယူတယ်။ ဒုတိယတချက်က​တော့​ နိုင်ငံ​ရေး​ကြောင့်​ ဖြစ်ပွား​တဲ့​ ပြည်တွင်း​စစ် ပြဿနာအား​လုံကို နိုင်ငံ​ရေး​နည်း​လမ်း​နဲ့​ပဲ ​ဖြေရှင်း​ဖို့​ လိုအပ်တယ်။ တတိယ အချက်က​တော့​ ဒီလိုမျိုး​ ပြဿနာကို စစ်​ရေး​နည်း​နဲ့​သာ ဆက်ပြီး​တော့​ ​ဖြေရှင်း​မယ်ဆိုရင်​တော့​ ပြည်တွင်း​ငြိမ်း​ချမ်း​ရေး​ကို တည်​ဆောင်နိုင်မှာ မဟုတ်ဘူး​ဆိုတဲ့​ အချက်​တွေ​ပေါ့​။ ဒီအချက်သုံး​ချက်ပါပဲ။ ဆိုလိုတာက ဘာလဲဆို​တော့​ ပြဿနာအား​လုံး​ရဲ့​ အရင်း​ခံဟာ နိုင်ငံ​ရေး​ပြဿနာအား​လုံး​ကို အရင်း​ခံတဲ့​ ပြည်တွင်း​စစ် ဖြစ်တဲ့​အတွက်​ကြောင့်​ ချုပ်ငြိမ်း​ဖို့​က​တော့​ နိုင်ငံ​ရေး​နည်း​လမ်း​နဲ့​ပဲ ​ဖြေရှင်း​ဖို့​လိုအပ်တယ်ဆိုတဲ့​ အချက်ပါပဲ။ ဒီအချက်​တွေကို ဥက္ကဋ္ဌအ​နေနဲ့​ ​ပြောကြား​ခဲ့​တာ​ပေါ့​။”
ကချင်ကိုယ်စား ​လှယ်အဖွဲ့​မှာ ဥက္ကဋ္ဌ ဦး​ဇောင်း​ဟရာနဲ့​ ဒုဗိုလ်မှူး​ကြီး​ ဂျီး​နောင်တို့​အပါအဝင် အဖွဲ့​ဝင် ၆ ဦး​လောက် ပါသွား​ပြီး​ အစိုး​ရဘက်က ပြည်တွင်း​ ငြိမ်း​ချမ်း​ရေး​ ​ဖော်​ဆောင်​ရေး​အဖွဲ့​ခေါင်း​ဆောင် ဦး​အောင်​သောင်း​၊​ ဦး​သိန်း​ဇော်၊​ ဦး​အောင်မင်း​နဲ့​ကချင်ပြည်နယ် လွှတ်​တော်ကိုယ်စား​လှယ် ဦး​ခက်ထိန်နန် စသူတို့​ပါဝင်တယ်။ ဒါ​ပေမယ့်​ ဘာ​တွေ ​ဆွေး​နွေး​ခဲ့​ကြတယ် ဆိုတာကို​တော့​ မသိရ​သေး​ပါဘူး​။
ကေအိုင်အို ကိုယ်စား​လှယ်အဖွဲ့​ဟာ ဒီက​နေ့​မနက်က ​ကေအိုင်အို ဌာနချုပ်ရှိရာ လိုင်ဇာကိုအပြန် လမ်း​မှာပဲ ရှိ​နေ​သေး​ပြီး​ ပြန်​ရောက်လာမှ ​ဆွေး​နွေး​ပွဲနဲ့​ပတ်သက်ပြီး​ အ​ကြောင်း​စုံသိရမယ်လို့​ ​ကေအိုင်အိုက ​ပြောပါတယ်။
ကေအိုင်အို အဖွဲ့​ဟာ မီး​ရထား​ဝန်ကြီး​ ဦး​အောင်မင်း​ ဦး​ဆောင်တဲ့​ အစိုး​ရကိုယ်စား​လှယ်တချို့​နဲ့​ ထိုင်း​နိုင်ငံ ချင်း​ရိုင်ခရိုင်မှာ ပြီး​ခဲ့​တဲ့​နိုဝင်ဘာ ၁၉ ရက်ကလည်း​ ​တွေ့​ဆုံ​ဆွေး​နွေး​ခဲ့​ပြီး​ ဒါဟာ သီတင်း​တပတ်​ကျော် ကာလအတွင်း​ ဒုတိယအကြိမ်​မြောက် ​တွေ့​ဆုံ​ဆွေး​နွေး​မှု ဖြစ်ပါတယ်။ 
post by DVB
ဆက်လက် မျှဝေရန်... :

0 comments ::

စာဖတ်သူတွေရဲ့ ပြောရေးဆိုခွင့် ... !

မင်္ဂံလာပါ

close
cbox

မင်ဘာ ဝင်ပေးဖို့ ဖိတ်ခေါ်ပါတယ်

Ayar Myanmar Unicode Font
Zawgyi Font
Ayar Online Editor
Ayar Online Converter
Ayar Online Dictionary
Ayar Myanmar Unicode Group

like လေးနှိပ်ပြီး အားပေးခဲ့ပါ

ကျေးဇူးပြုပြီး 10 စက္ကန့် စောင့်ပါ ပိတ်ရန်
"၉၆၉"ဆိုတာဘာလဲ?ဘယ်သူတွေဖွဲ့တာလဲ?
ဘီဘီစီနှောက်ဆုံး အသံ လွှင့် အစီအစဉ်များ
နေ့အလိုက် အသံလွှင့် အစီအစဉ်များ နားထောင်လိုလျှင်
DVB နေ့စဉ် အစီအစဉ်များ
DVB တိုင်းရင်းသား ဘာသာ အစီအစဉ်များ
 
Support : Creating Website | Mas Template
Proudly powered by Blogger
Copyright © 2011. ဟတ်လှိုင်း မီဒီယာ တို့ လာရောက်သူအပေါင်း ကိုယ်စိတ်နှလုံး ကျန်းမာချမ်းသာကြပါစေဗျာ
Design by DauGyung lhaovo nao"