ထိပ်ဆုံး သတင်း :
Home » » အညတရသူရဲကောင်းဆု အမျိုးသားအောင်ပွဲနေ့မှာ ချီးမြှင့်မည်

အညတရသူရဲကောင်းဆု အမျိုးသားအောင်ပွဲနေ့မှာ ချီးမြှင့်မည်

11/10/2011 11:43:00 AMတွင်ရေးသည်

ဒုတိယအကြိမ်မြောက် အညတရ သူရဲကောင်းဆုတွေကို နိုဝင်ဘာ ၂၀ ကျရင် ရန်ကုန်မြို့ အင်န်အယ်လ်ဒီ ရုံးချုပ်မှာ ကျင်းပမဲ့ အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် အခမ်းအနားမှာ ပေးအပ် ချီးမြှင့်သွားမယ်လို့ သိရပါတယ်။
Photo: RFA
ဒုတိယအကြိမ်မြောက် အညတရ သူရဲကောင်းဆု အတွက် ဂျပန်နိုင်ငံရောက် မြန်မာ စေတနာရှင်တွေနဲ့ ဖွဲ့စည်းထားတဲ့ ချီးမြှင့်ရေး ကော်မတီက ထုတ်ပြန်ထားသောစာ ဖြစ်ပါသည်။
အညတရ သူရဲကောင်းဆုဟာ မြန်မာပြည် ဒီမိုကရေစီ ပေါ်ထွန်းရေး အတွက် စွန့်လွှတ် လှုပ်ရှားရင်း အကျဉ်းကျနေတဲ့ မထင်မရှား နိုင်ငံရေး အကျဉ်းသားတွေကို ဂျပန်နိုင်ငံရောက် မြန်မာ စေတနာရှင်တွေနဲ့ ဖွဲ့စည်းထားတဲ့ အညတရ သူရဲကောင်းဆု ချီးမြှင့်ရေး ကော်မတီက လှူဒါန်း ချီးမြှင့်နေတဲ့ဆုပါ။ ဒီအကြိမ် ရွေးချယ်ထားတဲ့ အညတရ သူရဲကောင်း ၄ ဦးကို ကျပ်ငွေ ၁၀ သိန်းစီနဲ့ ဆုတံဆိပ်တွေကို ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် ပေးအပ်သွားမယ်လို့ တိုကျိုမြို့က အညတရ သူရဲကောင်းဆု ချီးမြှင့်ရေးကော်မတီဝင် ကိုမင်းထက်ဇော်က ပြောပါတယ်။ အခု ဒုတိယအကြိမ်မှာ အညတရ သူရဲကောင်းဆု ချီးမြှင့်ရေး ကော်မတီက မြစ်ကြီးနားထောင်မှာ အကျဉ်းကျနေတဲ့ ရဟန်းတော် ဦးဝိရသူ၊ ကျောက်ဖြူထောင်က ဦးစိုင်းလှအောင်၊ သရက်ထောင်က ကိုသန့်ဇော်နဲ့ ဗန်းမော်ထောင်က မမာမာဦး တို့ကို ရွေးချယ်ထားပါတယ်။ ပထမအကြိမ် အညတရ သူရဲကောင်းဆုကို မဂ္ဂင် ကျောင်းတိုက် ဆရာတော် ဦးဣန္ဒက၊ ဘိုးတော် ခင်ဝင်းနဲ့ HIV/AIDS ဝေဒနာရှင်တွေကို ကူညီခဲ့သူ ဦးသန်းနိုင်တို့ကို ပြီးခဲ့တဲ့ ဧပြီလက ချီးမြှင့်ခဲ့ပါတယ်။ အခုလို နိုင်ငံရေး အကျဉ်းသားတွေကို ဆုချီးမြှင့် ထောက်ပံ့နိုင်ဖို့ ငွေကြေး အလှူထည့်ဝင်ခဲ့ကြတဲ့ ဂျပန်နိုင်ငံရောက် မြန်မာနိုင်ငံသားတွေကို ဂုဏ်ပြုတဲ့ပွဲ တစ်ရပ် လာမဲ့ ဒီဇင်ဘာ ၁၈ ရက်မှာ ပြုလုပ်သွားမယ်လို့ ဆုပေးရေး ကော်မတီက ပြောပါတယ်။
ဆက်လက် မျှဝေရန်... :

0 comments ::

စာဖတ်သူတွေရဲ့ ပြောရေးဆိုခွင့် ... !

မင်္ဂံလာပါ

close
cbox

မင်ဘာ ဝင်ပေးဖို့ ဖိတ်ခေါ်ပါတယ်

Ayar Myanmar Unicode Font
Zawgyi Font
Ayar Online Editor
Ayar Online Converter
Ayar Online Dictionary
Ayar Myanmar Unicode Group

like လေးနှိပ်ပြီး အားပေးခဲ့ပါ

ကျေးဇူးပြုပြီး 10 စက္ကန့် စောင့်ပါ ပိတ်ရန်
"၉၆၉"ဆိုတာဘာလဲ?ဘယ်သူတွေဖွဲ့တာလဲ?
ဘီဘီစီနှောက်ဆုံး အသံ လွှင့် အစီအစဉ်များ
နေ့အလိုက် အသံလွှင့် အစီအစဉ်များ နားထောင်လိုလျှင်
DVB နေ့စဉ် အစီအစဉ်များ
DVB တိုင်းရင်းသား ဘာသာ အစီအစဉ်များ
 
Support : Creating Website | Mas Template
Proudly powered by Blogger
Copyright © 2011. ဟတ်လှိုင်း မီဒီယာ တို့ လာရောက်သူအပေါင်း ကိုယ်စိတ်နှလုံး ကျန်းမာချမ်းသာကြပါစေဗျာ
Design by DauGyung lhaovo nao"