Wednesday, November 23, 2011

မြေမြှုပ်မိုင်း​အသုံး​ပြုမှုအဆိုး​ဆုံး​ နိုင်ငံများ​တွင် မြန်မာပါဝင်

မြန်မာ၊​ လစ်ဗျား​နဲ့​အစ္စ​ရေး​နိုင်ငံ ၃ နိုင်ငံက အစိုး​ရ​တွေဟာ လူ​တွေကို အသက်အန္တရာယ် ​ပေး​နိုင်တဲ့​ ​မြေမြှုပ်မိုင်း​တွေ ဆက်လက်အသုံး​ပြု​နေတယ်လို့​ အိုင်စီဘီအယ်လ် ​ခေါ် ​မြေမြုပ်မိုင်း​တား​ဆီး​ရေး​ နိုင်ငံတကာလှုပ်ရှား​မှုအဖွဲ့​က စွပ်စွဲလိုက်ပါတယ်။
ထိုင်း​ နိုင်ငံ၊​ ဘန်​ကောက်မြို့​က နိုင်ငံခြား​သတင်း​ထောက်များ​အသင်း​မှာ ဒီက​နေ့​ ထုတ်ပြန်လိုက်တဲ့​ ၂၀၁၁ ခုနှစ်အတွက် ​မြေမြှုပ်မိုင်း​စောင့်​ကြည့်​ရေး​ အစီရင်ခံစာသစ်မှာ ခုလို စွပ်စွဲလိုက်တာပါ။
မြန်မာ၊​ အစ္စ​ရေး​နဲ့​ လစ်ဗျား​အစိုး​ရ​တွေ ​မြေမြှုပ်မိုင်း​တွေပိုမို အသုံး​ပြု​နေပြီး​ မြန်မာ၊​ အာဖဂန်နစ္စတန်၊​ ပါကစ္စတန်နဲ့​ ကိုလံဘီယာနိုင်ငံ​တွေက အစိုး​ရမဟုတ်တဲ့​ လက်နက်ကိုင်အဖွဲ့​တွေလည်း​ ​မြေမြှုပ်မိုင်း​တွေ အသုံး​ပြု​နေတယ်လို့​ အိုင်စီဘီအယ်လ်က ဆိုပါတယ်။
၂၀၁၀ ခုနှစ်မှာ ​မြေမြှုပ်မိုင်း​ကြောင့်​ ကမ္ဘာတဝန်း​လုံး​မှာ ​သေ​ကျေ ဒဏ်ရာရသူ​ပေါင်း​ ၄၁၉၁ ဦး​ရှိပြီး​ မြန်မာနိုင်ငံမှာ​တော့​ ​သေ​ကျေဒဏ်ရာရသူ ​ပေါင်း​ ၂၇၄ ဦး​ရှိတယ်လို့​ အစီရင်ခံစာမှာ ​ဖော်ပြထား​ပါတယ်။ အဲဒီအထဲက စစ်တပ်က ၂၁ ဦး​ ပါဝင်ပြီး​ ကျန်သူအများ​စုက​တော့​ အရပ်သား​တွေဖြစ်ပါတယ်။
မြေမြှုပ်မိုင်း ​ထိသူ​တွေထဲမှာ အနည်း​ဆုံး​က​လေး​ငယ် ၁၀ ဦး​ ပါဝင်ပြီး​ လူ​တွေအပြင် အနည်း​ဆုံး​ ဆင်နှစ်​ကောင်လည်း​ ​မြေမြှုပ်မိုင်း​ ဒဏ်ခံရတယ်လို့​ဆိုပါတယ်။
မစ္စတာ ရက်စ်ရွှာ မိုဆာ ဖူအန်ဆူဝန်
အိုင်စီဘီအယ်လ် အာရှပစိဖိတ်​ဒေသဆိုင်ရာ ​မြေမြှုပ်မိုင်း​ သု​တေသီ မစ္စတာ ရက်စ်ရွှာ မိုဆာ ဖူအန်ဆူဝန် (Mr. Yeshua Moser-Puangsuwan) က အစီရင်ခံစာပါ အချက်အလက်​တွေကို ​သေချာ​အောင် သက်ဆိုင်ရာ​ဒေသမှာ ​နေထိုင် အလုပ်လုပ်ကိုင်​နေတဲ့​ ​ဆေး​ဝန်ထမ်း​တွေ အန်ဂျီအိုအမှုထမ်း​တွေနဲ့​အစိုး​ရဆီကပါ ​နေရာမျိုး​စုံက ရယူ စု​ဆောင်း​ထား​တာဖြစ်ပြီး​ ဒီအချက်အလက်​တွေဟာ အတည်ပြုစိစစ်နိုင်တဲ့​ အချက်အလက်​တွေကိုသာ ​ဖော်ပြထား​တာ ဖြစ်တဲ့​အ​ကြောင်း​ အမှန်တကယ် ​သေ​ကျေဒဏ်ရာရသူ အ​ရေအတွက်ဟာ ဒီထက်ပိုများ​နိုင်တယ်လို့​ ​ပြောပါတယ်။
ဒါ့​အပြင် ​မြေမြှုပ်မိုင်း​ဒဏ်ခံရသူ​တွေကို အကူအညီ​ပေး​ဖို့​နိုင်ငံတကာ အဖွဲ့​အစည်း​တွေက မြန်မာနိုင်ငံထဲ ဝင်​ရောက် ကူညီ​ပေး​ချင်​နေတဲ့​ အ​ကြောင်း​နဲ့​ ဒီကိစ္စဟာ အစိုး​ရက ဖွင့်​ပေး​မှုအ​ပေါ်မှာ မူတည်တယ်လို့​လည်း​ သူက​ပြောပါတယ်။
မြန်မာနိုင်ငံဟာ ​မြေမြှုပ်မိုင်း​တား​ဆီး​ရေး​ နိုင်ငံတကာစာချုပ်ကို လက်မှတ်​ရေး​ထိုး​ဖို့​ပျက်ကွက်တဲ့​ နိုင်ငံအဖြစ်လည်း​ သတ်မှတ်ခံထား​ရပါတယ်။
ကရင်၊​ ကယား​၊​ ရှမ်း​၊​ ကချင်၊​ ချင်း​၊​ မွန်၊​ ရခိုင် စတဲ့​ပြည်နယ်​တွေနဲ့​ ပဲခူး​တိုင်း​၊​ တနင်္သာရီတိုင်း​ အတွင်း​က မြို့​နယ်​ပေါင်း​ ၃၀ ​ကျော်မှာ ​မြေမြှုပ်မိုင်း​ အသုံး​ပြုမှု ​တွေ့​ရပြီး​ အဆိုး​ရွား​ဆုံး​က​တော့​ ကရင်ပြည်နယ်နဲ့​ပဲခူး​တိုင်း​မှာ ဖြစ်ပါတယ်။
မြေမြှုပ်မိုင်း ​အန္တရာယ် အ​ရေး​ပေါ်ပညာ​ပေး​ရေး​လုပ်ငန်း​တွေ မြန်မာ၊​ က​မ္ဘောဒီယား​၊​ လစ်ဗျား​၊​ ပါကစ္စတန်နဲ့​ ဆိုမား​လီး​ယား​နိုင်ငံ​တွေမှာ လိုအပ်​နေတယ်လို့​လည်း​ အိုင်စီဘီအယ်လ်က အကြံပြုထား​ပါတယ်။
post by DVB

No comments:

Post a Comment