Kachin IDPs
နိုဝင်ဘာလ ၆ ရက်နေ့ ဗန်းမော်မြို့ကနေ မြစ်ကြီးနားသို့ ချီတက်လာတဲ့ စစ်အစိုးရ စစ်ကားကြီး ၁၇ စီးထဲက (၁) စီးကို K.I.A တပ်မဟာ (၃) လက်အောက်ခံ တပ်ရင်း (၁၅) တပ်ဖွဲ့တို့မှ ခြုံခို တိုက်ခိုက် ဖောက်ခွဲခဲ့ကြောင်း စုံစမ်း သိရှိရပါတယ်။ တဆက်တည်းမှာဘဲ နိုဝင်ဘာလ ၆ ရက်နေ့မှာ K.I.A တပ်နှင့် စစ်အစိုးရ စစ်တပ်တို့အကြား အင်းမောက်ကျေးရွာမှ (၁၇) မိုင်ဝေးတဲ့ ဂျခန့်ဒပ် (Jahkan Dap) မှာ ပြင်းထန်းစွာ တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း သိရှိရပါတယ်။ စစ်အစိုးရ စစ်သားအင်အား (၆၀၀) ကျော်ဟာ ယခုချိန်တွင် ဗန်းမော် မြစ်ကြီးနားကားလမ်းရှိ မြို့သစ်ကျေးရွာမှာ ရောက်ရှိနေပြီ ဖြစ်ကြောင်း မျက်မြင်များထံမှ စုံစမ်းသိရှိရပါတယ်။ ဒီလို စစ်အားအင်းဖြည့်တင်းလာမှုဟာ ကျေးရွာနေ ရွာသူ ရွာသား များအတွက် လုံခြုံမှု ပိုမိုစိုးရိမ်လာ စရာရှိရပါတယ်။နိုဝင်ဘာလ ၆ ရက် နေ့က စတင်ပြီး ကချင်ပြည်နယ် မြစ်ကြီးနား အရှေ့ဘက် ၀ိုင်းမော်မြို့နယ် ဝူယန်နှင့် ၀ါးရှောင်ရွာ ဘက်တွင်လည်း K.I.A နှင့် စစ်အစိုးရ စစ်တပ်တို့ အကြား ပြင်းပြင်းထန်ထန် စတင် တိုက်ပွဲဖြစ်ပွား နေပြီဖြစ်ကြောင်း သိရှိရပါတယ်။ ယခုချိန်မှာ ဝိုင်းမော် ကန်ပိုင်တီ ကားလမ်းမကြီး ကို စစ်အစိုးရ စစ်တပ်တို့မှ ဝါးရှောင်အထက်ဘက် ဂေါ်စက်ယာန် ကနေ ပိတ်ထားလိုက်ပြီ ဖြစ်ကြောင်း ၊ ဒီလို ကား လမ်းမကြီး ပိတ်လိုက်ခြင်းကြောင့် တောင်ယာလုပ်ပြီး အသက် မွေးဝမ်းကြောင်း ပြုနေရတဲ့ ပြည်သူ လူထုများ အတွက် အခက် အခဲများနဲ့ ကြုံတွေ့ လာမှာကို စိုးရိမ် နေကြပါတယ်။
W.P Moses
No comments:
Post a Comment