ထိပ်ဆုံး သတင်း :
Home » » မြစ်ကြီးနား -ဆဒုံး-ကန်ပိုက်တီ လမ်းပိုင်းသို့ မြန်မာအစိုးရတပ် စစ်ကြောင်းထိုး

မြစ်ကြီးနား -ဆဒုံး-ကန်ပိုက်တီ လမ်းပိုင်းသို့ မြန်မာအစိုးရတပ် စစ်ကြောင်းထိုး

11/09/2011 03:13:00 PMတွင်ရေးသည်


ဆဒုံး-ကန်ပိုက်တီ လမ်းကြောင်းမှ စစ်ကြောင်းထိုးတက်လာနေသော မြန်မာစစ်ကြောင်း

ကချင်လွတ်မြောက်ရေးတပ်မတော် ကေအိုင်အေ အား စစ်ရေးအရအနိုင်ယူတိုက်ခိုက်နိုင်ရန်ရည်ရွယ်ချက်ဖြင့် မြန်မာအစိုးရ စစ်တပ်တို့ သည် စစ်မျက်နှာပေါင်းစုံဖွင့်လျက် ကေအိုင်အေ တပ်မတော်အားအပြင်းအထန်ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိနေရာ ယခုအခါ ဆဒုံး ( Sadung ) ကန်ပိုက်တီ ( KamPai Ti ) လဖိုင်( Lahpai ) လမ်းးပိုင်း ဘက်မှထိုးစစ်ဆင်တိုက်ခိုက်ရန်ပြင်ဆင်သည့်အနေဖြင့် အဆိုပါဒေသသို့ စစ်အင်အားအလုံးအရင်းပို့ ဆောင်လျက်ရှိနေပါသည်။





လွန်ခဲ့သော တနင်္ဂနွေနေ့ ည ( ၉)နာရီခန့် က ၀ိုင်းမော်မြို့ ခလရ(၅၈)တပ်ရင်းတွင် ရောက်ရှိနေသော တပ်မ(၈၈)မှတပ်ဖွဲ့ ဝင်အင်အား ( ၁၅၀-၂၀၀)ခန့် သည် ညအမှောင်ကို အကာအကွယ်ယူကာ ဆဒုံး-ကန်ပိုက်တီဒေသ သို့ စစ်ကြောင်းထိုး ချီတက်သွားကာ တနလာင်္မနက်ပိုင်းတွင်လည်း ထပ်မံ၍ နောက်ထပ် စစ်အင်အား အယောက် ( ၃၅၀-၄၀၀)ခန့် အဆိုပါဒေသသို့ ထပ်မံချီတက်သွားကြောင်းသိရှိရသည်။ စစ်ကြောင်းနှင့်အတူ ရိက္ခာ လက်နက်ခဲယမ်း သယ်ဆောင်သော စစ်ကားတန်းများ၊ ၀န်တင်သော မြင်း ၊ လား များ အကောင် (၅၀)ခန့် ပါရှိကြောင်းသိရှိရသည်။

အဆိုပါ စစ်ကြောင်းထိုးတက်သွားပြီး နောက် စစ်ကြောင်းချီတက်ရာလမ်းကြောင်းပေါ်ရှိ ၀ါးရှောင်- ဂေါ်ဆက်ယန် ကျေးရွာ အထက်ဘက်ရှိ ဘွမ်တောမ် ( Bum Tawng) ဒေသတွင် တိုက်ပွဲများ စတင်ဖြစ်ပွားရာ နိုဝင်ဘာ(၆-၇)နှစ်ရက်ဆက်ကာ တိုက်ပွဲပြင်းထန်စွာဖြစ်ပွားနေကြောင်းသိရှိရသည်။ ၄င်းတိုက်ပွဲ အသေးစိတ်သတင်းအား မသိရှိရသေးပါ.။



ထို့ အပြင် ယခုအခါ မြစ်ကြီးနား-ကန်ပိုက်တီ ကားလမ်းကို လည်းပိတ်ပစ်လိုက်ပြီး ဖြတ်သန်းသွားလာခွင့်မပြုတော့ကြောင်းသိရှိရသည်။ှအရပ်သား တစ်ဦးအားလည်း အဆိုပါစစ်ကြောင်းမှ ကေအိုင်အေ သူပုန်အဖြစ်စွပ်စွဲကာ သုံ့ ပန်းအဖြစ်ဖမ်းဆီးခေါ်ဆောင်သွားကြောင်းထပ်မံသိရှိရသည်။

Source ( Jinghpawkasa )
ဆက်လက် မျှဝေရန်... :

0 comments ::

စာဖတ်သူတွေရဲ့ ပြောရေးဆိုခွင့် ... !

မင်္ဂံလာပါ

close
cbox

မင်ဘာ ဝင်ပေးဖို့ ဖိတ်ခေါ်ပါတယ်

Ayar Myanmar Unicode Font
Zawgyi Font
Ayar Online Editor
Ayar Online Converter
Ayar Online Dictionary
Ayar Myanmar Unicode Group

like လေးနှိပ်ပြီး အားပေးခဲ့ပါ

ကျေးဇူးပြုပြီး 10 စက္ကန့် စောင့်ပါ ပိတ်ရန်
"၉၆၉"ဆိုတာဘာလဲ?ဘယ်သူတွေဖွဲ့တာလဲ?
ဘီဘီစီနှောက်ဆုံး အသံ လွှင့် အစီအစဉ်များ
နေ့အလိုက် အသံလွှင့် အစီအစဉ်များ နားထောင်လိုလျှင်
DVB နေ့စဉ် အစီအစဉ်များ
DVB တိုင်းရင်းသား ဘာသာ အစီအစဉ်များ
 
Support : Creating Website | Mas Template
Proudly powered by Blogger
Copyright © 2011. ဟတ်လှိုင်း မီဒီယာ တို့ လာရောက်သူအပေါင်း ကိုယ်စိတ်နှလုံး ကျန်းမာချမ်းသာကြပါစေဗျာ
Design by DauGyung lhaovo nao"