Friday, November 18, 2011

အမေရိကန်နိုင်ငံခြားရေးဝန်ကြီးမြန်မာပြည်သွားမည်

အမေရိကန်  နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်ဟာ လာမယ့် ဒီဇင်ဘာလမှာ  မြန်မာနိုင်ငံကို သွားရောက်မှာ ဖြစ်တယ်လို့ အမေရိကန်အဆင့်မြင့် အရာရှိတဦးရဲ့ ပြောဆိုချက်ကို ကိုးကားပြီး အေပီသတင်းမှာ ဖော်ပြပါတယ်။

ဟီ​လာ​ရီ​က​လင်​တန်​ (photo-reuters)
အာဆီယံ ထိပ်သီးအစည်းအဝေးပွဲ တက်ဖို့ အင်ဒိုနီးရှားနိုင်ငံကို သွားရောက်စဉ်  သမ္မတ အိုဘားမားက သောကြာနေ့မှာ ဒီသတင်းကို ပြောကြားခဲ့တာလို့ အမေရိကန် အရာရှိက ပြောပါတယ်။
သမ္မတအိုဘားမားဟာ ​ကြာသပတေးနေ့ညက​ ​ဩစတေးလျနိုင်ငံ ဒါဝင်မြို့ ကနေ အင်ဒိုနီးရှားနိုင်ငံ ဘာလီကျွန်းကိုအသွား​ ​မြန်မာ့ဒီမိုကရေစီခေါင်းဆောင်​ ​ဒေါ်အောင်ဆန်းစုကြည်နဲ့ တယ်လီဖုန်းနဲ့​ ဆက်သွယ်​ စကားပြောခဲ့ပြီး​ ​မြန်မာအစိုးရရဲ့ ပြုပြင်ပြောင်းလဲရေး ခြေလှမ်းတွေကို အားပေးဖို့ အမေရိကန်ရဲ့ စေ့စပ်ဆွေးနွေးရေးမူဝါဒကို​ ​ဒေါ်အာင်ဆန်းစုကြည်က​ ​ထောက်ခံတယ်လို့လည်း ပြောပါတယ်။
ဒေါ်အောင်ဆန်းစုကြည်နဲ့ ဖုန်းပြောပြီးနောက်မှာ သမ္မတအိုဘားမားက  ဟီလာရီကလင်တန်ကို မြန်မာနိုင်ငံသွားဖို့ ပြောကြားခဲ့တာလည်း ဖြစ်ပါတယ်။  ဒါဟာ အမေရိကန်ရဲ့ နိုင်ငံခြားရေးဝန်ကြီးအဆင့် ပုဂ္ဂိုလ်တဦးအနေနဲ့ မြန်မာနိုင်ငံကို နှစ်ပေါင်း ၅၀ ကျော်အတွင်း ပထဆုံး သွားရောက်မယ့် ခရီးစဉ် ဖြစ်ဖို့ ရှိနေပါတယ်။

No comments:

Post a Comment