
ကချင်ပြည်နယ်ပြည်တွင်းစစ်ကြောင့် ဒေသခံများ စွန့်ခွာထားလိုက်ရသော ဗန်းမော်ခရိုင် နားလုံ ဘုရားကျောင်း။
ကချင်ပြည်နယ် အနောက်ဘက် ကျောက်စိမ်းထွက်ရှိရာဒေသ ဖားကန့်မြို့နယ်တွင် ခရစ်ယာန်ဘာသာရေးလှုပ်ရှားမှုများအား မြန်မာအစိုးရ အုပ်ချုပ်ရေးအရာရှိများက ကန့်သတ်မှုသစ်များ ပြုလုပ်လာသည်ဟု CSW ကဆိုသည်။
ဓမ္မပညာဋ္ဌာနရက်တိုသင်တန်း၊ ကျမ်းစာသင်တန်း၊ တနင်္ဂနွေဥပုသ်စာဖြေစခန်းသွင်းခြင်း၊ ကျမ်းစာဖတ်ခြင်း၊ ဥပုသ်စောင့်ဆုတောင်းခြင်း၊ မုတ်သုန်ကျမ်းစာလေ့လာခြင်းနှင့် မယ်တော်မာရီယာ၏ အပြစ်မဲ့သန္ဓေယူခြင်းတို့အား ကျင်းပပြုလုပ်မည်ဆိုပါက သက်ဆိုင်ရာဌာနအသီးသီး၏ ထောက်ခံချက် ခံဝန်ကတိနှင့်အတူ ပြည့်စုံစွာဖြင့် (၁၅) ရက်ကြိုတင်၍ မြို့နယ်အုပ်ချုပ်ရေးမှူးရုံး(ဖားကန့်)သို့တင်ပြ၍ ခွင့်ပြုချက်ရယူပြီးမှ ကျင်းပပြုလုပ်သွားရန် မော်ဝမ်းရပ်ကွက်အုပ်ချုပ်ရေးမှူးက ၎င်းတို့ရပ်ကွက်ထဲရှိ ခရစ်ယာန်အသင်းတော်များထံ ပေးပို့သည့် အောက်တိုဘာလ ၁၄ ရက်က စာကို သက်သေအဖြစ် CSW က ပြောဆိုထားသည်။
မြန်မာနိုင်ငံတွင် အထူးသဖြင့် ခရစ်ယာန်ဘာသာနှင့် မွတ်စလင်ဘာသာတို့ ပစ်မှတ်ထားဖိနှိပ်ခံရသည်ဟု CSW ၏ အရှေ့အာရှအဖွဲ့ခေါင်းဆောင် Benedict Rogers ကပြောဆိုသွားသည်။
0 comments ::
စာဖတ်သူတွေရဲ့ ပြောရေးဆိုခွင့် ... !