ထိပ်ဆုံး သတင်း :
Home » » Interview with U Win Tin – နိုင်ငံရေးအကျဉ်းသားအရေး မြန်မာမိသားစုတွေရဲ့ အရေး

Interview with U Win Tin – နိုင်ငံရေးအကျဉ်းသားအရေး မြန်မာမိသားစုတွေရဲ့ အရေး

11/02/2011 10:28:00 PMတွင်ရေးသည်

နိုင်ငံရေးအကျဉ်းသားအရေး မြန်မာမိသားစုတွေရဲ့ အရေး
ဦးဝင်းတင်နဲ့ မေးခွန်းများ၊ မိုးမခ၊ နိုဝင်ဘာ ၂၊ ၂၀၁၁
လာမယ့်ရက်အနည်းငယ်အတွင်းမှာ အင်န်အယ်ဒီပါတီက လာမယ့် ရွေးကောက်ပွဲနဲ့ ပါတီထပ်မံ မှတ်ပုံတင်ဖို့ ဆုံးဖြတ်ချက်အတွက် ဆွေးနွေးကြမယ်လို့ သတင်းတွေ ကြားနေရပါတယ်။ အဲသည်အချိန်ကာလအတွင်းမှာ မိုးမခက ဆရာဦးဝင်းတင်နဲ့ တွေ့ဆုံတဲ့ အခိုက်မှာ ပြောဖြစ်တာကတော့ လက်ရှိအကျဉ်းထောင်ထဲက နိုင်ငံရေးအကျဉ်းသားတွေရင်ဆိုင်နေရတဲ့ အခြေအနေတွေပဲ ဖြစ်ပါတယ်။
မေး။ ။ အရပ်သားအစိုးရတရပ်အဖြစ် အသွင်ပြောင်းလာတဲ့ စစ်သားတပိုင်းကြံ့ဖွတ်အစိုးရက ဒီမိုကရေစီကိုဦးတည်တဲ့ တခါးကို ပွင့်ပွင့်လင်းလင်းမဖွင့်သေးဘဲ ဒီမိုကရေစီထွက်ပေါက်တွေကို ဖွင့်ပေးဖို့ထက် မရဲတရဲနဲ့ မပွင့်တပွင့် မဟတဟလုပ်နေတဲ့သဘောမျိုးဖြစ်နေတယ်လို့ ပြောကြတယ်။ အဲသည်အတွက် လက်ရှိအခြေအနေမှာ အခုလို ထောင်တွင်းမှာ ဆန္ဒပြမှုတွေအထိ ဖြစ်လာတာလား။
ဖြေ။ ။ လက်ရှိမှာ လူ့အခွင့်အရေးကိစ္စတွေ၊ နိုင်ငံရေးကိစ္စတွေက အားလုံး အာရုံစိုက်နေကြရတဲ့ သဘောဖြစ်လာတယ်။ အကျဉ်းထောင်တွေထဲက နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်ဖို့ဟာ အင်န်အယ်ဒီပါတီအတွက် အရေးကြီးတယ်။ ကျောင်းသားလူငယ်တွေအတွက်လည်း အရေးပါတဲ့ အရေးဖြစ်တယ်။ ပြည်သူလူထုအတွက်ကလည်း သူတို့မိသားစုအရေးကိစ္စလို သဘောထားနေကြတယ်။ ပြည်သူလူထုကိုယ်တိုင်က သူတို့လွတ်မြောက်ဖို့ တန်ပြီလို့ မျှော်လင့်နေကြတယ်။ အဲသည်မှာ အစိုးရဖက်က ပြည်တွင်းမှာကော ပြည်ပမှာပါ အမျိုးမျိုး ပြောတယ်။ နိုင်ငံရေးအကျဉ်းသား မရှိဘူးလို့ ပြောတယ်၊ ပြီးတော့ ရှိတဲ့အကျဉ်းသားတွေကို လွှတ်ပေးမယ်လို့လည်း ပြောတယ်။ လွှတ်ပေးတော့လည်း လူအရေအတွက်ကလည်း နဲတယ်။ ဒါကြောင့် အကျဉ်းထောင်တွင်းက နိုင်ငံရေးအကျဉ်းသားက အားလုံးမျှော်လင့်နေချိန်မှာ မလွတ်မြောက်တဲ့အတွက် သူတို့တွေက ဆန္ဒပြတာ ထုတ်ဖော် တောင်းဆိုတာတွေ လုပ်လာတယ်။
မေး။ ။ မျှော်လင့်ချက်တွေ ထားသလိုမျိုး မဖြစ်လာတဲ့ နိုင်ငံရေးအကျဉ်းသားတွေရဲ့ ဆန္ဒပြထုတ်ဖော်မှုတွေ၊ အစာငတ်ခံ ဆန္ဒပြတာတွေကို စစ်အာဏာပိုင်တွေက အခုလို ဖိနှိပ်တာ နှိမ်နှင်းတာတွေက အရင်တုန်းကလိုပဲလား ဆရာ။
ဖြေ။ ။ အရင်တုန်းကလည်း ကျနော်တို့အကျဉ်းထောင်ထဲမှာ ဆန္ဒပြရင် ဆန္ဒပြတဲ့သူတွေ၊ အစာငတ်ခံတဲ့သူတွေကို လူခွဲထားတယ်။ လူစုခွဲတာတွေ လုပ်တယ်။ သို့သော်အခုကျတော့
စစ်ခွေးတိုက်ပို့တယ်ဆိုတာက သူတို့ကို ညှင်းပမ်းနှိပ်စက်ဖို့ လုပ်တာမျိုးဖြစ်တယ်။ အဆိုးဆုံးကတော့ ရေဖြတ်တာက အကြီးမားဆုံး နှိပ်စက်မှုဖြစ်တယ်။ ကျနော်တို့တုန်းက အစားအစာဖြတ်တာလုပ်တာမျိုးရှိတယ်။ အခုဟာက ရေပါဖြတ်တယ်ဆိုတာက လွန်တယ်။
မေး။ ။ အရင်တုန်းက အခုလို ထောင်တွင်း လူ့အခွင့်အရေးဆိုင်ရာတိုက်ပွဲတွေကို အပြင်ကလူတွေ မိသားစုတွေ သိခွင့်မရကြဘူး။ အခုကျတော့ နိုင်ငံရေးအကျဉ်းသားမိသားစု ကွန်ယက်တွေကတဆင့် ပြည်သူလူထုတွေက ချက်ခြင်းကို သိကြရတယ်။ အဲသည်အတွက် လူထုက လက်မှတ်ထိုးပြီး ကန့်ကွက်မှုတွေ လုပ်နေကြတယ်လို့ ကြားရပါတယ်ဆရာ။
ဖြေ။ ။ ဟုတ်တယ်။ ကျနော်ကိုယ်တိုင်လည်း သူတို့နဲ့အတူ လက်မှတ်ထိုးပါတယ်။
မေး။ ။ အဲသည်တော့ တနေ့က ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံစဉ်မှာ ၀န်ကြီးဦးအောင်ကြည်က တိုင်းပြည်အရေးကိစ္စတွေကို သူတို့က ခြေကို တလှမ်းပြီး တလှမ်း တိုးနေပါတယ်လို့
ပြောသွားတယ်။ ခြေစုံရပ်လည်း မနေဘူး၊ ခြေစုံပစ်လည်း မလုပ်ဘူး၊ ဘာညာနဲ့ ပြောသွားတယ်။ သို့သော် အခု နိုင်ငံရေးအကျဉ်းသားတွေရဲ့ ဆန္ဒပြတောင်းဆိုမှုတွေ ထုတ်ဖော်မှုတွေကိုကျတော့ သူတို့တွေက ခြေစုံရပ်ပြီး ကြည့်နေသလိုမျိုးဖြစ်နေတယ်။ နောက်ဆုတ်ပြီး နေသလိုဖြစ်နေတယ်လို့ ပြောကြတယ် ဆရာ။
ဖြေ။ ။ အဲသည်အခြေအနေမှာတော့ အဲသည်လိုပဲ ပြောရမလို ဖြစ်နေတာပေါ့။
မေး။ ။ အခုအချိန်မှာ နိုင်ငံတကာက ကိုယ်စားလှယ်တွေက မြန်မာပြည်ကို စဉ်ဆက်မပြတ်လာကြတယ်။ အမေရိကန်ကိုယ်စားလှယ်၊ ကုလကိုယ်စားလှယ်တွေနဲ့ အစိုးရကလည်း တွေ့ဆုံနေတာ ဆွေးနွေးနေတာတွေ လုပ်နေတယ်။ အဲသည်မှာကော ဆရာက ဘာပြောချင်သလဲ။
ဖြေ။ ။ နယ်စပ်ဒေသတွေမှာ အပစ်အခတ်ရပ်စဲရေးတွေ ထားလိုက်ဦး။ အပစ်အခတ်ရပ်စဲရေးကိစ္စကို ကျနော်က ၀င်ပြောတယ်ဆိုရင် စစ်ရေးကိစ္စတွေ ပြောနေတယ် ဖြစ်နေဦးမယ်။ အခု
ကျနော်ပြောချင်တာကတော့ ဒီဒေသတွေမှာ လူသားချင်းစာနာဖို့ အကူအညီတွေ ပေးနိုင်ဖို့ အဓိကလိုအပ်နေတယ်။ နိုင်ငံတကာအဖွဲ့တွေ ၀င်ရောက်ခွင့်မရှိဘူး။ အခြားအဖွဲ့အစည်းတွေက ကူညီဖို့ ၀င်ရောက်လို့ မရဘူး။ တဖက်နိုင်ငံဖက်ကလည်း ကန့်သတ်ထားတွေလုပ်နေတယ်လို့ ပြောနေကြတယ်။ အဲသည်လို နိုင်ငံတကာက လူသားချင်းစာနာတဲ့ အကူအညီတွေ အဖွဲ့အစည်းတွေ သွားရောက်ခွင့်၊ အကူအညီတွေပေးအပ်ခွင့်တွေ ရဖို့ ခုချိန်မှာ အရေးတကြီးလိုအပ်နေတယ်လို့ ပြောချင်ပါတယ်။ အဲသည်အတွက် ပြောဆိုဆွေးနွေး တောင်းဆိုဖို့ လိုအပ်တယ်လို့ ပြောချင်ပါတယ်။ ဒီလောက်ပါပဲ။
ဖြေ။ ။ ကျေးဇူးတင်ပါတယ် ဆရာ။
ဆက်လက် မျှဝေရန်... :

0 comments ::

စာဖတ်သူတွေရဲ့ ပြောရေးဆိုခွင့် ... !

မင်္ဂံလာပါ

close
cbox

မင်ဘာ ဝင်ပေးဖို့ ဖိတ်ခေါ်ပါတယ်

Ayar Myanmar Unicode Font
Zawgyi Font
Ayar Online Editor
Ayar Online Converter
Ayar Online Dictionary
Ayar Myanmar Unicode Group

like လေးနှိပ်ပြီး အားပေးခဲ့ပါ

ကျေးဇူးပြုပြီး 10 စက္ကန့် စောင့်ပါ ပိတ်ရန်
"၉၆၉"ဆိုတာဘာလဲ?ဘယ်သူတွေဖွဲ့တာလဲ?
ဘီဘီစီနှောက်ဆုံး အသံ လွှင့် အစီအစဉ်များ
နေ့အလိုက် အသံလွှင့် အစီအစဉ်များ နားထောင်လိုလျှင်
DVB နေ့စဉ် အစီအစဉ်များ
DVB တိုင်းရင်းသား ဘာသာ အစီအစဉ်များ
 
Support : Creating Website | Mas Template
Proudly powered by Blogger
Copyright © 2011. ဟတ်လှိုင်း မီဒီယာ တို့ လာရောက်သူအပေါင်း ကိုယ်စိတ်နှလုံး ကျန်းမာချမ်းသာကြပါစေဗျာ
Design by DauGyung lhaovo nao"