KIA တပ်မဟာ ၂ ရင်း ၂၆ က ဒုတပ်ရင်းမှုး ဗိုလ်ကြီး လွန်တူးနဲ့ ဗိုလ် ဘရန်ဆိုင်း တို့ဟာ အောက်တိုဘာ ၂၉ ရက်နေ့က နန့်ပဒဲရွှေမှော် ကဈေးဆိုင်တွေကို အတင်းဖွင့်ခိုင်းကာ စားဆီနှင့် အစားအစာအခြောက်များကို အတင်းအဓမ္မ ၀င်ရောက်ယူသွားခဲ့ကြောင်းသိရပါတယ်။
“ဗိုလ်ဘရန်ဆိုင်းနဲ့ အဖွဲ့ဟာ ညပိုင်း ၉နာရီလောက်ရောက်လာကြတယ် ဆိုင်တွေကို အတင်းဖွင့်ခိုင်းပြီးယူသွားကြတာ လူ၅၀ လောက်ရှိတယ် ဆိုင်တွေမှာ ဘာမှမကျန်တော့ဘူး မှန်ပြတောင် ဘက်ကိုထွက်သွားကြတယ်” လို့ နန့်ပဒဲရွှေမှော်က ဆိုင်ခန်းဖွင့်ထားတဲ့ ဒေါ်အယ်လီက ပြောပြပါတယ်။
တပ်မဟာ ၂ တပ်ရင်း ၅ က ဗိုလ်ခေါင်လွန်း နဲ့အဖွဲ့ကလည်း နန့်မဂျမ်းရွှေမှော်က အင်ဝိုင်းနဲ့ ရွှေတူးဖော်နေတဲ့ ရွှေကူ လိပ်ဆင်းက မသင်းသင်းခိုင်၊မောင်လွမ်း၊ခိုလိပ်ရွာက မတုတ်၊ရေလဲရွာက ၄ ယောက်နှင့်နောင်ပင်ရွာက ၄ ယောက် အားလုံး ၁၁ ဦးကို ဖမ်းခေါ်သွားတယ်လို့ သိရပါတယ်။
“ဖမ်းသွားတာတော့အကုန်လုံး ရွှေကူမြို့က လူတွေဘဲ အခွန်မပေးလို့လည်း ပြောတယ် မိန်းကလေးတွေကတော့ ၁၈ နှစ်လောက်ပဲရှိသေးတာ မိန်းကလေးတွေအတွက်တော့ စိုးရိမ်စရာပါဘဲ” လို့ နန့်မဂျမ်းရွှေမှော်က ရွှေတူးလုပ်ငန်းလုပ်နေတဲ့ အယ်ဇော်ဝါ ကပြောပြပါတယ်။
စစ်ရုံးချုပ်က ဗိုလ်ချုပ်ဂွမ်မော်လက်မှတ်နဲ့ ဗမာလူမျိုးများကို ဖမ်းဆီးဖို့အမိန့် ထုတ်ထားလို့ တပ်မဟာ ၂ လက်အောက်ခံ တပ်ရင်းတွေက ရွှေမှော်ကျောက်စိမ်းမှော်များမှာ အဓမ္မဖမ်းဆီးမှု့တွေ ပိုလုပ်လာကြောင်း သိရပါတယ်။
ဒါ့အပြင် KIA တပ်များ အနေနဲ့ ရိက္ခာစုဆောင်းမှုကို ကိုယ့်တပ်ရင်းအစီအစဉ်နဲ့ လုပ်နေကြရပြီး စစ်ရုံးက မတရားငွေကြေးတောင်းခံ မှု့မလုပ်ရန် ညွှန်ကြားထားပေမဲ့ အောက်က စစ်မှု့ထမ်း/ပြည်သူ့ဝန်ထမ်း တပ်ဖွဲ့ဝင်တွေက လိုက်နာမှု့မရှိကြောင်း သိရှိရပါတယ်။

No comments:
Post a Comment