ထိပ်ဆုံး သတင်း :
Home » » KIAတပ်ဖွဲ့များ အတင်းအဓမ္မလူသစ်ခေါ်ယူလျက်ရှိပြီးလိုင်ဇာဋ္ဌာနချုပ်သို့ပို့ဆောင်နေ

KIAတပ်ဖွဲ့များ အတင်းအဓမ္မလူသစ်ခေါ်ယူလျက်ရှိပြီးလိုင်ဇာဋ္ဌာနချုပ်သို့ပို့ဆောင်နေ

11/12/2011 12:43:00 PMတွင်ရေးသည်

မြစ်ကြီးနား  နိုဝင်ဘာ ၁၁
            ကချင်လွတ်မြောက်ရေးတပ်မတော်(KIA)တွင်လူအင်အားနည်းပါးလာနေတဲ့အတွက် ကျေးရွာများသို့ အလစ်အငိုက်ဝင်ရောက်ကာ တပ်သားသစ်စုဆောင်းနေပါတယ်။ KIAတပ်ဖွဲ့တစ်ဖွဲ့ဟာ နိုဝင်ဘာ ၁၀ ရက်နေ့ ည(၂)နာရီအချိန်မှာမြစ်ကြီးနားမြို့နယ်၊ တာလောကြီးကျေးရွာ၊ အမှတ်(၅)ကချင်စုရပ်ကွက်အတွင်း ၀င်ရောက် လာပြီး ကချင်စုရပ်ကွက်မှ လူငယ်(၁၆)ဦးအား တပ်သားသစ်အဖြစ် ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပါတယ်။
            KIA အဖွဲ့ဟာ လူသစ်တွေကို တာလောကြီးကျေးရွာမြောက်ဘက်မှာရှိတဲ့တရုတ်သင်္ချိုင်းဘက်ဆီကို ခေါ်ဆောင်သွားခဲ့တယ်လို့ မျက်မြင်တွေ့လိုက်ရတဲ့ အမှတ်(၅)ကချင်စုရပ်ကွက်မှအမျိုးသမီးတစ်ဦးက ပြောပြ ပါတယ်။တပ်သားသစ်အဖြစ်အတင်းအဓမ္မခေါ်ဆောင်ခံရတဲ့ သူတွေကို ကေအိုင်အေဌာနချုပ်ကိုရှိတဲ့လိုင်ဇာ ကိုဆက်လက်ပို့ဆောင်ခဲ့တယ်လို့လဲ သိရပါတယ်။
KIAတပ်တွေအနေနဲ့တိုက်ပွဲတွေမှာရှုံးနိမ့်မှုတွေနဲ့ရင်ဆိုင်နေရသလို တပ်ဖွဲ့ဝင်တော်တော် များများ သေသူသေ၊ဒဏ်ရာရသူရဖြစ်နေတဲ့အပြင်စစ်တိုက်ရမှာကြောက်လို့ထွက်ပြေးနေတဲ့တပ်ဖွဲ့ဝင်အရေအတွက် ကလည်း တစ်နေ့ထက်တစ်နေ့ များပြားလားနေပါတယ်။ ဒါကြောင့်လိုင်ဇာက အရေးပေါ်ထုတ်ပြန်တဲ့ အမိန့် တွေအရ လူသစ်တွေမရရအောင် စုဆောင်းနေရတာဖြစ်တယ်လို့ သိရှိရပါတယ်။
ကျေးရွာ၊ရပ်ကွက်တွေထဲမှာ လူစိမ်းဝင်လာရင် အမြန်သိနိုင်ဖို့နဲ့ကေအိုင်အေအဖွဲ့ဝင်လာရင်ထွက်ပြေး ပုန်းအောင်းဖို့ အတွက်ကင်းတွေချထားနေတယ်လို့လဲသိရပါတယ်။ ကချင်လူမျိုးစုခေါင်းဆောင်တွေအနေနဲ့ တော့ကေအိုင်အေရဲ့ လက်ရှိလုပ်ရပ်တွေအပေါ် စိတ်ပျက်မိကြောင်းနဲ့ကြာရင်အကြမ်းဖက်အဖွဲ့အစည်း အဖြစ် ကချင်လူမျိုးအားလုံးက နာကျည်းမှာစိုးရိမ်မိတယ်လို့ လူမျိုးစုခေါင်းဆောင်တစ်ဦးကပြောပါတယ်။

မိုးမောက်မြို့အလင်းကောင်ရပ်ကွက်မှပြည်သူ(၂)ဦး ကေအိုင်အေထောင်ထားသောမိုင်းများနင်းမိ 
မိုးမောက်   နိုဝင်ဘာ ၁၁
            KIA အကြမ်းဖက်သောင်းကျန်းသူများအနေဖြင့် မြို့ရွာရပ်ကွက်များအတွင်း အထိတ်တလန့်ဖြစ်စေ ရန်ရည်ရွယ်ချက်ဖြင့်နေရာအနှံ့အပြားတွင် မိုင်းများထောင်လျက်ရှိသည်။ နိုဝင်ဘာ ၁၀ ရက်နေ့က မိုးမောက် မြို့နယ်၊ အလင်းကောင်ရပ်ကွက်အမှတ်(၁၀၇)နေဒေါ်တင်မိုးဝေ၏ နေအိမ်ခြံစည်းရိုးအစပ်တွင် KIAအဖွဲ့မှ ထောင်ထားသောမိုင်းတစ်လုံးအားနင်းမိပေါက်ကွဲခဲ့သည်။ မိုင်းနင်းမိသူ ဒေါ်နောင်သန်းကြည် အသက်(၄၄) နှစ်(ဘ)ဦးစိန်သောင်းမှာ ယင်းနေရာတွင်ပင်သေဆုံးခဲ့ပြီး အိမ်ရှင်ဖြစ်သူဒေါ်တင်မိုးဝေ(ဘ) ဦးသက်ရှည်မှာ ညာဘက်ပါးတစ်လက်မခန့်ပေါက်ပြဲပြီး၊ ဘယ်ညာရင်သားမိုင်းစထိမှန်ခဲ့သည်။ ဒေါ်တင်မိုးဝေအား မိုးမောက် ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ဆေးကုသလျက်ရှိကြောင်းသတင်းရရှိသည်။
            အဆိုပါဖြစ်ရပ်နှင့်ပတ်သက်၍ မိုးမောက်မြို့နယ်ရှိ အလင်းကောင်ရပ်ကွက်နှင့်သေဆုံးသူ ဒေါ်နောင် သန်းကြည်၏ကြေးနန်းရပ်ကွက်နေ ပြည်သူများအနေဖြင့်KIAသည်ကချင်ပြည်နယ်လူထုကောင်းကျိုးထက် ပြည်သူများ စိတ်ဒုက္ခရောက်အောင် လုပ်ဆောင်လျက်ရှိနေသည့်အတွက် KIAအဖွဲ့အစည်းသည်မကြာမီပြိုကွဲ
ပျက်စီးခြင်းနှင့်ကြုံတွေ့ရမည်ဖြစ်ကြောင်းပြောဆိုလျက်ရှိပါသည်။....

ကျဆုံး/ဒဏ်ရာရ တပ်ဖွဲ့ဝင်များအား မိုင်ဂျာယန်ဆေးရုံသို့ပို့ဆောင်ရန် အတွက် ရွာသားများဝိုင်းဝန်းကူညီပေး
..လွယ်ဂျယ်  နိုဝင်ဘာ  ၁၁
အစိုးရတပ်နဲ့ ရင်ဆိုင်တိုက်ပွဲတွေမှာ ကချင်လွတ်မြောက်ရေးတပ်မတော် ကစစ်သားများထိခိုက် ကျဆုံးဒဏ်ရာ ရသူတွေ တစ်နေ့တစ်ခြားများပြားနေပါတယ်။ နိုဝင်ဘာ(၈)ရက်နေ့က တပ်မဟာ(၃)နယ်မြေ လောဒန်ရွာအနီးမှာဖြစ်ပွား ခဲ့တဲ့တိုက်ပွဲမှာ ကချင်လွတ်မြောက်ရေးတပ်မတော်အတွက် ရဲဝံ့စွာတိုက်ပွဲဝင်နေတဲ့ ဗိုလ်ကြီး(၁)ဦးနဲ့စစ်သည်(၃)ဦး တိုက်ပွဲမှာကျသွားပါတယ်။ အသက်မသေဘဲ ဒဏ်ရာရထားသူတွေကိုတော့-တောလမ်းအတိုင်း ရွာတွေ တစ်ရွာပြီး တစ်ရွာဖြတ်၊ လက်ဆင့်ကမ်းသယ်ခိုင်းပြီး မိုင်ဂျာယန်ဆေးရုံကို ပို့ဆောင်ခဲ့တယ်လို့ လွယ်ဂျယ်ကလာတဲ့ သတင်းတွေ အရသိရပါတယ်။ ဒဏ်ရာပြင်းထန်လွန်းပြီး သေမဲ့ဆဲဆဲသူတွေကို မိုင်ဂျာယန်အထိ မသယ်တော့ပဲကျေးရွာတွေကို တာဝန်ပေးထားခဲ့ကြောင်း ကထူက တောင်ရွာသားတစ်ဦးဖြစ်တဲ့ အယ်လ်ကွန်တောင်ပြောပါတယ်။
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEizKu4lMkVtzFNQpClwbOyj2BZuFMwvs1-i78r4wmzzZZKuo8h0-5i-5GpK2uHVLefO7lvzO5fCZaH2t9-h0m-dPQmPLjApz78D5NJUENV7iZUcawAtYPMcKfBFltCvMpUYPdbcEf7X6HLa/s1600/aa.png
သူကဆက်လက်ပြောပြရာမှာတော့``တိုက်ပွဲမှာဒဏ်ရာရ ၁၂ယောက်ရှိပါတယ်။၂ယောက်ကဒဏ်ရာ ပြင်းလို့ လော့မှန်ရွာနားမှာ ထားခဲ့ရတယ်။ ကျန်တဲ့သူတွေကို ကျနော်တို့ရွာသားတွေ က တောလမ်းအတိုင်းထမ်းပြီး တပ်ရင်း(၁၆)ကို ပို့ပေးရပါတယ်။ တပ်ရင်း(၁၆)က တော်တော်လေး ဝေးပါတယ်။ လော့မွန် ရွာ၊ စိန်လုံဂကျီနားက စီမားကောင်ရွာ၊ ခရိန်မုဒန်ရွာတွေကျော်ပြီး မှကျနော်တို့ ကထူကတောင်ရွာ ကို ရောက်လာတာပါ´´ လို့ ပြောပါတယ်။
ကချင်လွတ်မြောက်ရေးတပ်မတော် အောင်နိုင်ရေးအတွက် ကျွန်တော်တို့လူနာသယ် တာဝန်ထမ်းခဲ့ ရပြီးအခု လိုမျိုး လူနာသယ်ပို့ခိုင်းတာနဲ့ပတ်သက်လို့ ပိုက်ဆံတစ်ပြားမှမပေးဖူးလို့ ကထူကတောင်ရွာသားတစ်ဦးက ပြောပါတယ်။``ကျနော်တို့ရွာတွေက တစ်ရွာကိုလူ၁၅ယောက် ပေးရပါတယ်။မပေးနိုင်ရင် တာဝန်မကျေဖူးလို့ သတ်မှတ် ခံရပါတယ်။ လူတွေလဲသတ်တော့ကြောက်တာပေါ့၊ ကြောက်တာနဲ့လိုက်ပို့ရတာ။ ပိုက်ဆံမပေးတဲ့အပြင် ထမင်းတောင် မကျွေးဖူး´´
            စစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂမ်ရှောင်အမိန့်နဲ့ ဘွမ်တောင်စခန်းကျသွားပြီး ကထဲကပတ်ဝန်းကျင်မှာရှိတဲ့ရွာတွေက ပြည်သူ့စစ်အမှုထမ်း အဖွဲ့ဝင်တွေမိုင်းတွေ ပိုထောင်နေရပါတယ်။  တိုက်ပွဲမှာကျသွားတဲ့ တပ်ဖွဲ့ဝင်တွေနဲ့ ထွက်ပြေး သွားတဲ့ တပ်ဖွဲ့ဝင်တွေအတွက် လူအင်အားဖြည့်တင်းပေးဖို့ရွာတွေမှာ လူစုပြီးအစိုးရတပ်တွေအပေါ်မှာ ပြင်းပြင်း ထန်ထန် ပြန်တိုက်ဖို့အတွက် ပြင်ဆင်နေပါတယ်။ ကေအိုင်အေမှာ တစ်နေ့ထက်တစ်နေ့ထွက်ပြေးတဲ့သူ ပိုများ လာနေကြောင်း၊ အသစ်ထပ်စုဆောင်းတဲ့သူတွေကို လိုင်ဇာဌာနချုပ်မှာပဲ လူအင်အားဖြည့်တင်းထားရကြောင်း၊ လွယ်ဂျယ်-မိုးမောက်လမ်းကြောင်း မကျဆုံးရေးအတွက် အပြင်းအထန် ကာကွယ်မှုတွေလုပ်နေရကြောင်း မိုင်ဂျာယန် ကလာတဲ့သတင်းတွေအရ သိရပါတယ်။


ဆက်လက် မျှဝေရန်... :

0 comments ::

စာဖတ်သူတွေရဲ့ ပြောရေးဆိုခွင့် ... !

မင်္ဂံလာပါ

close
cbox

မင်ဘာ ဝင်ပေးဖို့ ဖိတ်ခေါ်ပါတယ်

Ayar Myanmar Unicode Font
Zawgyi Font
Ayar Online Editor
Ayar Online Converter
Ayar Online Dictionary
Ayar Myanmar Unicode Group

like လေးနှိပ်ပြီး အားပေးခဲ့ပါ

ကျေးဇူးပြုပြီး 10 စက္ကန့် စောင့်ပါ ပိတ်ရန်
"၉၆၉"ဆိုတာဘာလဲ?ဘယ်သူတွေဖွဲ့တာလဲ?
ဘီဘီစီနှောက်ဆုံး အသံ လွှင့် အစီအစဉ်များ
နေ့အလိုက် အသံလွှင့် အစီအစဉ်များ နားထောင်လိုလျှင်
DVB နေ့စဉ် အစီအစဉ်များ
DVB တိုင်းရင်းသား ဘာသာ အစီအစဉ်များ
 
Support : Creating Website | Mas Template
Proudly powered by Blogger
Copyright © 2011. ဟတ်လှိုင်း မီဒီယာ တို့ လာရောက်သူအပေါင်း ကိုယ်စိတ်နှလုံး ကျန်းမာချမ်းသာကြပါစေဗျာ
Design by DauGyung lhaovo nao"