ထိပ်ဆုံး သတင်း :
Home » » အစွန်းရောက် လူမျိုးစွဲဝါဒကို ကျင့်သုံးလာသော KIA

အစွန်းရောက် လူမျိုးစွဲဝါဒကို ကျင့်သုံးလာသော KIA

11/08/2011 10:49:00 PMတွင်ရေးသည်

နိုဝင်ဘာလ  ၅ ရက်နေ့ ည ၇ နာရီခန့်က KIA တပ်ရင်း ၂၇ မှ အင်အား ၆  ဦးခန့်သည်  ဆိုင်ကယ် ၂ စီးဖြင့် မန်စီမြို့နယ်၊ ရီခူးကျေး ရွာမှ ထွက်လာရာ  ကုန်းတိန်ကျေးရွာ အလယ်နတ်စင်ရှေ့အရောက် ကုန်းတိန်ရွာသား ၂ ဦးမှ လမ်းမဖယ်ပေးလို့ ဆိုင်ကယ်မှောက်ပြီး ရွာသား ၂ ဦးနှင့် စကားများ ရန်ဖြစ်ခဲ့ပါတယ်။ အဲဒီနောက် ရွာသား ၂ ဦးကို သေနတ်ဖြင့် လိုက်လံပစ်ခတ်ရာ ဦးဝင်းအောင်နှင့် ဦး ထွန်းမောင်တို့ ဒဏ်ရာများ ရရှိပြီး ထွက်ပြေးလွတ်မြောက်လာခဲ့တယ်။
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhmR5do2AhnQThv9i-s5IPHZu543AqdFSjZPtgYc72jwwRyHkTSLeHXaaQlAN9gFRko9huKvTB6EQOSMR68B-PxK9vm4S-SO_mY7A4kvh3qPJC_gXFZ85ItUp6JkHxgk3297lpzE1SF-VzD/s1600/eee.jpg
ည ၈ နာရီတွင် KIA အဖွဲ့သည် ကုန်းတိန်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးသန်းဦးအား ရွာသား ၂ ဦးကို ဖမ်းဆီးပေးရန် ပြောဆိုပြီး ဒဏ်ရာရနေသော ရွာသား ၂ ဦးအား ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ကုန်းတိန် ရွာသားတစ်ဦးက ပြောကြားခဲ့ပါတယ်။ နောက်တစ်နေ့တွင် ဦးသန်းဦးမှ လိုက်လံတောင်းပန်သဖြင့် ၄င်းရွာသား ၂ ဦးအား နှိပ်စက်ပြီး ပြန်လွှတ်ပေးခဲ့ပါတယ်။ ဦးဝင်းအောင်မှာ ကုန်အရောင်းအ၀ယ်ဖြင့် လာရောက်သူ ဧည့်သည်ဖြစ်ပြီး၊ ဦးထွန်းမောင်မှာ ကုန်းတိန်ရွာတွင်နေထိုင်သူ ဖြစ်ပါတယ်။ KIA တပ်များ အနေဖြင့် ဂျိန်းဖောလူမျိုးများမှ လွဲ၍ ကျန်လူမျိုးများအား သတ်ဖြတ်ရန် ကြိုးစားလာပါတယ်။ ယခင်နှစ် စက်တင်ဘာလကလည်း ရ၀မ်လူမျိုးတွေ နေထိုင်တဲ့ ခေါင်လန်ဖူးရွာကို မီးရှို့ပြီး ရွာသား ၃ ဦးကို သတ်ဖြတ်ကာ ရွာလုံးကျွတ်မီးရှို့ခဲ့တယ်။  “ ခု ဖမ်းဆီးနှိပ်စက်ခံရတဲ့ ရွာသားနှစ်ဦးက ဗမာ တွေဖြစ်ပြီး KIA ဒုစစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် ဂွမ်မော်ရဲ့ KIA တပ်များ အရှိန်မြှင့်ရန်ဆိုတဲ့ အမိန့်ထွက်ပြီးနောက်မှာ ဗမာနှင့် ရှမ်းလူမျိုးတွေကို ပိုမိုနှိပ်စက် လာပါတယ်။ KIA အဖွဲ့ရဲ့လုပ်ဆောင်ချက်တွေဟာ လူမျိုးရေး အမြင်ကျဉ်းမြောင်းပြီး အစွန်းရောက်ဝါဒကို လက်ကိုင်ထားတဲ့ အစ္စလမ်မစ် အစွန်းရောက်တွေလို ဖြစ်နေတယ် ” လို့ တရုတ်နိုင်ငံအခြေစိုက် မြန်မာ့အရေးလေ့လာသူများ က ပြောပါတယ်။ 
ဆက်လက် မျှဝေရန်... :

1 comment:

မင်္ဂံလာပါ

close
cbox

မင်ဘာ ဝင်ပေးဖို့ ဖိတ်ခေါ်ပါတယ်

Ayar Myanmar Unicode Font
Zawgyi Font
Ayar Online Editor
Ayar Online Converter
Ayar Online Dictionary
Ayar Myanmar Unicode Group

like လေးနှိပ်ပြီး အားပေးခဲ့ပါ

ကျေးဇူးပြုပြီး 10 စက္ကန့် စောင့်ပါ ပိတ်ရန်
"၉၆၉"ဆိုတာဘာလဲ?ဘယ်သူတွေဖွဲ့တာလဲ?
ဘီဘီစီနှောက်ဆုံး အသံ လွှင့် အစီအစဉ်များ
နေ့အလိုက် အသံလွှင့် အစီအစဉ်များ နားထောင်လိုလျှင်
DVB နေ့စဉ် အစီအစဉ်များ
DVB တိုင်းရင်းသား ဘာသာ အစီအစဉ်များ
 
Support : Creating Website | Mas Template
Proudly powered by Blogger
Copyright © 2011. ဟတ်လှိုင်း မီဒီယာ တို့ လာရောက်သူအပေါင်း ကိုယ်စိတ်နှလုံး ကျန်းမာချမ်းသာကြပါစေဗျာ
Design by DauGyung lhaovo nao"