ထိပ်ဆုံး သတင်း :
Home » » KIA မှာ အသုံးပြုခဲ့တယ် ဆိုတဲ့ စစ်တပ်ရဲ့ ဓာတုလက်နက်အကြောင်း

KIA မှာ အသုံးပြုခဲ့တယ် ဆိုတဲ့ စစ်တပ်ရဲ့ ဓာတုလက်နက်အကြောင်း

11/02/2011 10:24:00 PMတွင်ရေးသည်

ကပစထုတ် ၁၂၀- မမ စိန်ပြောင်း
KIA ကို အစိုးရ စစ်တပ်က ဓာတုလက်နက်အသုံးပြုပြီး တိုက်ခိုက်နေကြောင်း KIA နှင့် နီးစပ်သူများက သတင်းတင်ပြခဲ့ပြီးဖြစ်ရာ ယခုအခါ စစ်ဘက်နီးစပ်သူများက အဲဒီဓာတုလက်နက်တွေအား အသုံးပြုဖို့ ဘယ်သူက ညွှန်ကြားနိုင်သည်ကို ဤ၀က်ဘ်ဆိုဒ်သို့ သုံးသပ်တင်ပြလာပါတယ်။ ဓါတုလက်နက်များကို ထုတ်လုပ်တဲ့ စက်ရုံဟာ ကာကွယ်ရေးပစ္စည်းစက်ရုံတွေသာ ဖြစ်ပြီး ကာကွယ်ရေးပစ္စည်း ထုတ်လုပ်မှုအရာရှိချုပ် (ကကထုတ်) လက်အောက်ခံ ဖြစ်ပါတယ်။ ကကထုတ်ဟာ ကကကြည်းရဲ့ တိုက်ရိုက်ကွပ်ကဲမှုအောက်မှာ ရှိပြီး အထူးလျှို့ဝှက်၊ ထိပ်တန်းလျှို့ဝှက်အဆင့် သတ်မှတ်ထားကာ တော်ရုံတန်ရုံ ညွှန်ကြားရေးမှူးရုံးများကပင် ၀င်ရောက်စွက်ဖက် သိရှိပိုင်ခွင့် မရှိကြပေ။ ဒါနဲ့ ပတ်သက်ပြီး တပ်မတော်အရာရှိ အငြိမ်းစားတစ်ဦးက အောက်ပါအတိုင်း ပြောပါတယ်။

“နအဖ ခေတ်က ဒေါ်အောင်ဆန်းစုကြည် အကျယ်ချုပ် ကျနေတုန်း အင်လျားကန်စောင်း နံဘေးမှာ ရှိတဲ့ ယခင် DI-4 ကပစ(၄) ၀င်းအတွင်းသို့ အတွင်းရေးမှူး(၁) ဗိုလ်ချုပ်ခင်ညွှန့်တပည့်တွေ ထောက်လှမ်းရေးက ၀င်ရောက်တဲ့ ကိစ္စအပေါ် ကကကြည်းနဲ့ ကကထုတ်က ကန့်ကွက်ခဲ့တယ်ဗျ၊ နောက်ပြန်ဆုတ်သွားရတယ်။

KIA ကို ဓါတုလက်နက် အသုံးပြုခွင့်နှင့် ပတ်သက်ပြီး ကကကြည်းမှ ညွှန်ကြားခဲ့ကြောင်း သတင်းများ ထွက်ပေါ်နေပါတယ်။ အဲဒီသတင်းနဲ့ စပ်လျဉ်းပြီး စစ်ဘက်နီးစပ်သူများက သုံးသပ်ရာမှာ ကကထုတ်ဟာ ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်ကြီး စိုးဝင်းရဲ့ အမိန့်ကွပ်ကဲမှု အောက်မှာ ရှိပြီး သူ့ရဲ့ ခွင့်ပြုချက်မပါဘဲ ဓါတုလက်နက်များကို အသုံးပြုဖို့ မဖြစ်နိုင်ကြောင်း၊ အနိမ့်ဆုံးကတော့ ညှိနှိုင်းကွပ်ကဲရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး လှဌေးဝင်း(ညှိ/ကွပ်) ဆီမှ အမိန့်စီးဆင်းရမှာဖြစ်ကြောင်း KIA ကို ဓါတုလက်နက်သုံးခွင့်ပြုဖို့ဟာ ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင် (တပ်ချုပ်) နှင့် ဒုတိယဗိုလ်ချုပ်ကြီး စိုးဝင်း (ဒုတပ်ချုပ်)၊ ဒုတိယဗိုလ်ချုပ်ကြီး လှဌေးဝင်း (ညှိ/ကွပ်) ခွင့်ပြုမှသာ ဖြစ်နိုင်ကြောင်း၊ အသုံးပြုခွင့်ပေးရင်တောင်မှ ခြေလျင်တပ်ရင်းတပ်ဖွဲ့များမှာ အသုံးပြုတဲ့ စိန်ပြောင်းများတွင် မဟုတ်ဘဲ လက်နက်ကြီးနဲ့ အမြောက်ကြီးများရှိတဲ့ အမြောက်တပ်ရင်းများက ပစ်ခတ်မှာ ဖြစ်ကြောင်း၊ အသုံးပြုခွင့်ပေးခဲ့ရင် ပေးတဲ့သူအပေါ် တန်ပြန်အကျိုးသက်ရောက်မှု ရှိနိုင်တာကြောင့် မှန်/မမှန်ကိုတော့ အချိန်ယူ စုံစမ်းစစ်ဆေး ဖော်ထုတ်ဖို့လိုနေကြောင်း စစ်ဘက်နီးစပ်သူများက သုံးသပ်ကြပါတယ်။ ဒီသတင်းကို အတည်ပြုဖို့ဆိုတာဟာ လုံခြုံရေးတင်းကြပ်တဲ့ ကကကြည်းသို့ အချိန်ယူ လှည့်ပတ်မေးမြန်းမှသာ ဖြစ်နိုင်ကြောင်း ဆိုပါတယ်။ ဓါတုလက်နက်များ ထုတ်လုပ်နိုင်တဲ့ ကပစ ကတော့ စိန်ပြောင်းကျည်များ ထုတ်လုပ်နေတဲ့ ကပစ(၁၂) ဖြစ်ပြီး ဤ၀က်ဘ်ဆိုဒ်မှာ တင်ပြခဲ့တဲ့ စာဖတ်ပရိတ်သတ်များ စိတ်အ၀င်စားဆုံး ဆောင်းပါးအဖြစ် စံချိန်တင်ခဲ့တဲ့  ဘယ်သူသေသေ ငတေမာဖို့ ဒီလို စီမံကိန်းတွေ ရှိတယ်ဗျို့ ဆောင်းပါးပါ အချက်အလက်များမှ ကပစ(၁၂) အကြောင်း စစ်ရေးလေ့လာသူများ သုံးသပ်နိုင်ရန် ပြန်လည်ကောက်နှုတ်  တင်ပြပေးလိုက်ရပါတယ်။


ကပစ (၁၂) က မကွေးတိုင်း၊ သရက်မြို့နယ်၊ စခန်းကြီးကျေးရွာ၊ ပိတောက်ပင်ကျေးရွာတို့၏ တောင်ဘက် ၃ မိုင်ကျော်တွင် ရှိပါတယ်။ ဒီစက်ရုံကို ၁၉၉၆ ခုနှစ် ဖွဲ့စည်းပုံအမှတ် ကဖ-၂၆-က-၉၇ ဖြင့် ဖွဲ့စည်းပုံ အင်အား (၁၄၄၅) ဦး လျာထားရာ လက်ရှိအင်အား (၄၀၀) ကျော် ရှိပါတယ်။ ထုတ်လုပ်မှု လုပ်ငန်းများမှာ 120mm, 60mm, 105mm, 81mm ကျည်များ ထုတ်လုပ်နေပါတယ်။ မြေဧက (၁၆၀၀၀) ကျော်ရှိပြီး အပိုင်း ၂ ပိုင်းခွဲ၍ နိုင်ငံ ၂ နိုင်ငံရဲ့ အကူအညီနဲ့ တည်ဆောက် တပ်ဆင် ထုတ်လုပ်လျက်ရှိပါတယ်။ ပထမပိုင်းကို တောင်ကိုရီးယားနိုင်ငံ ဒေ၀ူးကုမ္ပဏီမှ ကျည်ဆန်ကိုယ်ထည်၊ နောက်မြီး ဒလက်များကို တပ်ဆင် ထုတ်လုပ်ပြီး၊ ဒုတိယအပိုင်းကို ၄င်းကျည်ဆန်များ၏ အတွင်းပိုင်း အစပျိုးယမ်းနှင့် ခွင်းယမ်းများကို ချက်ကိုစလို ဗေးကီးယားနိုင်ငံမှ စက်များဝယ်ယူပြီး ၄င်းနိုင်ငံမှ ပညာရှင်များဖြင့် တည်ဆောက်ခဲ့ပါတယ်။ (မှတ်ချက်- ချက်ကိုစလို ဗေးကီးယားနိုင်ငံမှ လက်နက်၊ ကျည်ဆန်လုပ် ဆက်စပ် ပစ္စည်းများ တင်ပို့နေမှုမှာ နေတိုး အဖွဲ့ဝင်နိုင်ငံအဖြစ် မသတ်မှတ်မီကာလက ပေးပို့ထားခြင်း ဖြစ်ပါသည်။ နေတိုး အဖွဲ့ဝင်အဖြစ် သတ်မှတ်သည့် ကာလမှ ယနေ့ အထိ ၄င်းဆက်စပ်ပစ္စည်းများ ပေးပို့နိုင်ခြင်း မရှိတော့ပါ)။ ၄င်းကျည်ထုတ်လုပ်သည့် စက်များမှာ ခေတ်မှီ အီလက်ထရွန်နစ်ထိန်း ကိရိယာများ တပ်ဆင် အသုံးပြုထားသဖြင့် ကပစ (၃) ထက် အဆပေါင်းများစွာ ထုတ်လုပ်နိုင်ပါတယ်။

ကပစ (၃) ကတော့ ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်၊ ဆင်တဲစခန်းမှာ ရှိပါတယ်။ မြေဧရိယာ အကျယ်အ၀န်းက ဧက (၃၀၀၀) ကျော်ရှိပြီး စစ်သည်အင်အားက (၉၀၀) ကျော်ရှိပါတယ်။ ထုတ်လုပ်မှုကတော့ 120mm, 60mm, 105mm, 81mm, အစရှိတဲ့ ကျည်များဖြစ်ပါတယ်။ လက်ရှိထုတ်လုပ်မှုနှုန်းက လစဉ်ပုံမှန် ကျည်တမျိုးစီကို (၄သောင်း) ပတ်ဝန်းကျင်လောက် ထုတ်ပါတယ်။
ဆက်လက် မျှဝေရန်... :

0 comments ::

စာဖတ်သူတွေရဲ့ ပြောရေးဆိုခွင့် ... !

မင်္ဂံလာပါ

close
cbox

မင်ဘာ ဝင်ပေးဖို့ ဖိတ်ခေါ်ပါတယ်

Ayar Myanmar Unicode Font
Zawgyi Font
Ayar Online Editor
Ayar Online Converter
Ayar Online Dictionary
Ayar Myanmar Unicode Group

like လေးနှိပ်ပြီး အားပေးခဲ့ပါ

ကျေးဇူးပြုပြီး 10 စက္ကန့် စောင့်ပါ ပိတ်ရန်
"၉၆၉"ဆိုတာဘာလဲ?ဘယ်သူတွေဖွဲ့တာလဲ?
ဘီဘီစီနှောက်ဆုံး အသံ လွှင့် အစီအစဉ်များ
နေ့အလိုက် အသံလွှင့် အစီအစဉ်များ နားထောင်လိုလျှင်
DVB နေ့စဉ် အစီအစဉ်များ
DVB တိုင်းရင်းသား ဘာသာ အစီအစဉ်များ
 
Support : Creating Website | Mas Template
Proudly powered by Blogger
Copyright © 2011. ဟတ်လှိုင်း မီဒီယာ တို့ လာရောက်သူအပေါင်း ကိုယ်စိတ်နှလုံး ကျန်းမာချမ်းသာကြပါစေဗျာ
Design by DauGyung lhaovo nao"