Thursday, November 03, 2011

KIA နှင့်အစိုးရတပ်တို့ မုံးကိုးတွင် တိုက်ပွဲဖြစ်

သျှမ်းပြည် (မြောက်ပိုင်း) မူစယ်ခရိုင် မုံးကိုးမြို့နယ်ခွဲ အတွင်းရှိ မန့်စန့်နှင့် မန့်ကွမ့်ရွာအကြားတွင် ယမန် နေ့ မွန်းတည့် ၁၂ ကျော်ခန့် က KIAနှင့် အစိုးရတပ်တို့ နှစ်ဘက်တိုက်ပွဲ ဖြစ်ပွားခဲ့ရာ အစိုးရတပ်မှ ၃ ဦးသေ ဆုံး ကြောင်း သိရသည် ။

နှစ်ဘက် တိုက်ပွဲဖြစ်ချိန် ၁၅ မိနစ်ခန့်သာ ကြာမြင့်ပြီး မုံးကိုးဈေးနေ့ဖြစ်သဖြင့် သေနတ်သံများကြားနေရကြောင်း ဒေသခံ တစ်ဦးက သျှမ်းသံတော်ဆင့်သို့ ပြောသည် ။
http://www.healburma.org/healburma/dailynews/201107/20110719n.jpg
“မနေ့က မုံးကိုးဈေးနေ့ဆိုတော့ တိုက်ပွဲဖြစ်တာ သေနတ်သံတွေပါ ကြားရတယ် တိုက်ပွဲဖြစ်ချိန်က ၁၅ မိနစ် လောက်ပဲ ကြာတယ် အစိုးရ တပ်ဘက်က ၃ ဦးသေဆုံးသွားတယ်လို့ သိရတယ် ” ဟု ゞင်းဒေသခံက ဆိုသည် ။

အဆိုပါတိုက်ပွဲအတွင်း KIA နှင့် အစိုးရတပ်များ ထိခိုက်သေဆုံးမှုနှင့် ပတ်သက်၍ သျှမ်းသံတော်ဆင့် အနေဖြင့် သီးခြား အတည်ပြုနိုင်ခြင်း မရှိပါ ။

No comments:

Post a Comment