မြစ်ကြီးနား နိုဝင်ဘာ ၉
ဒီကနေ့မနက် ၁ နာရီခွဲခန့်က မိုးကောင်းမြို့နယ်နမ္မတီးကျေးရွာနဲ့ မရမ်းရွာကြားမှာ နဘားကနေမြစ်ကြီးနားကို ဦးသိန်းညွှန့် မောင်းနှင်လာတဲ့ စက်ခေါင်းအမှတ်DD-၁၅၁၉ ခေါက်ပြန်ကုန်တင်ရထားကို KIAအဖွဲ့က မိုင်းခွဲပစ်ခတ်ဖျက်ဆီးခဲ့တယ်လို့ပြောပါ တယ်။

ကုန်တင်ရထားဖြစ်လို့ လူတွေထိခိုက်မှုမရှိပေမဲ့ မိုင်းခွဲပစ်ခတ်ဖျက်ဆီးမှုကြောင့် မီရထားစက်ခေါင်းအရှေခြမ်းထိမှန်ပြီး စက်ချို့ ယွင်းပျက် စီးသွားတဲ့အပြင် မီရထားလမ်းဇလီဖားတုံးတွေလဲကျိုးပဲ့ပျက်စီးသွားခဲ့ပါတယ်။ KIA အဖွဲ့ကရထားလမ်းတွေကို မိုင်းခွဲ ဖျက်ဆီးတဲ့အပြင်ရထားတွေကိုပါ ပစ်ခတ်တိုက်ခိုက်လာတဲ့အတွက် ခရီးသွားလာရမှာကိုတောင် ဒေသခံတွေက အတော်လေး ဆိုးရိမ်ကြောက်လန့်နေကြတယ်လို့ သိရပါတယ်။
မူဆယ် နိုဝင်ဘာ ၉ ရက်
(KIA)ကချင်လွတ်မြောက်ရေးတပ်ဖွဲ့တွေအနေနဲ့ အစိုးရတပ်တွေရဲ့ ဖိအားပေးတိုက်ခိုက်မှုတွေကြောင့် မူဆယ် နမ့်ခမ်းနဲ့ လိုင်ဇာဒေသတွေကနေတစ်ဆင့် တရုတ်နိုင်ငံဘက်ကိုထွက်ပြေးပုန်းအောင်း လျက်ရှိပါတယ်။ KIA တပ်ဖွဲ့တွေအနေနဲ့ တရုတ်နိုင်ငံအတွင်းဝင်လာခဲ့ရင် ဖမ်းဆီးပြီးပြန်လည်ပေးပို့ရေး တရုတ်-မြန်မာနှစ်နိုင်ငံသ ဘောတူညီမှုတွေအရ တရုတ်-မြန်မာနယ်စပ်ဂိတ်တွေမှာ စနစ်တကျစစ်ဆေးလျက်ရှိတယ်လို့ ယူနန်မှလာတဲ့ သတင်းတွေအရ သိရှိရပါတယ်။

တရုတ်နိုင်ငံရွှေလီမြို့နယ်၊ နယ်ခြားစောင့်တပ်ဖွဲ့မှ ဒုတိယဗိုလ်မှူးကြီးကျူးဇောင်းကျင်းနဲ့(၅)ဦး၊ ရွှေလီရဲစခန်း မှရဲမှူးလောက်ကျင်နဲ့(၁၅)ဦး၊စုစုပေါင်း(၂၀)ဦးခန့်ဟာ ပါကျဲရိုယာဉ်(၂)စီးနဲ့ ရှောက်ရင်ပန်တံတားကို နိုဝင်ဘာ လ ၇ ရက် နေ့၁၂၀၀ နာရီကနေ၁၂၃၀နာရီအချိန်အထိလည်းကောင်း၊နောင်တောင်းစစ်ဆေးရေးဂိတ်သို့ ၁၃၀၀နာရီအချိန်တွင် လည်းကောင်းရောက် ရှိစစ်ဆေးခဲ့ကြပါတယ်။ အဲဒီနေ့၁၃၄၅ နာရီချိန်ခန့်မှာနောင် တောင်းစစ်ဆေးရေးဂိတ်မှ နယ်စပ်လမ်းကြောင်းအတိုင်း ပန်လင်းပါ နယ်စပ်အထိလှည့်လည်ပြီး လူဝင်၊ထွက် မှုတွေကိုအသေးစိတ်စစ်ဆေးလျက်ရှိ ပါတယ်။ မသင်္ကာဖွယ် KIAတပ်ဖွဲ့ဝင်တွေကို မြန်မာနယ်ခြားစောင့် တပ်တွေထံလွှဲပြောင်းပေးနေတယ်လို့ သတင်းရရှိ ပါတယ်။

တရုတ်-မြန်မာနယ်စပ်ဂိတ်များမှတစ်ဆင့်တရုတ်နိုင်ငံအတွင်းသို့ကချင်စစ်ပြေးဒုက္ခသည်များ ၀င်ရောက်မှုမရှိစေရေးတရုတ်နယ်စပ်တစ်လျှောက်စောင့်ကြပ်စစ်ဆေးလျက်ရှိခြင်း
မူဆယ် နိုဝင်ဘာ ၉ ရက်
(KIA)ကချင်လွတ်မြောက်ရေးတပ်ဖွဲ့တွေအနေနဲ့ အစိုးရတပ်တွေရဲ့ ဖိအားပေးတိုက်ခိုက်မှုတွေကြောင့် မူဆယ် နမ့်ခမ်းနဲ့ လိုင်ဇာဒေသတွေကနေတစ်ဆင့် တရုတ်နိုင်ငံဘက်ကိုထွက်ပြေးပုန်းအောင်း လျက်ရှိပါတယ်။ KIA တပ်ဖွဲ့တွေအနေနဲ့ တရုတ်နိုင်ငံအတွင်းဝင်လာခဲ့ရင် ဖမ်းဆီးပြီးပြန်လည်ပေးပို့ရေး တရုတ်-မြန်မာနှစ်နိုင်ငံသ ဘောတူညီမှုတွေအရ တရုတ်-မြန်မာနယ်စပ်ဂိတ်တွေမှာ စနစ်တကျစစ်ဆေးလျက်ရှိတယ်လို့ ယူနန်မှလာတဲ့ သတင်းတွေအရ သိရှိရပါတယ်။

တရုတ်နိုင်ငံရွှေလီမြို့နယ်၊ နယ်ခြားစောင့်တပ်ဖွဲ့မှ ဒုတိယဗိုလ်မှူးကြီးကျူးဇောင်းကျင်းနဲ့(၅)ဦး၊ ရွှေလီရဲစခန်း မှရဲမှူးလောက်ကျင်နဲ့(၁၅)ဦး၊စုစုပေါင်း(၂၀)ဦးခန့်ဟာ ပါကျဲရိုယာဉ်(၂)စီးနဲ့ ရှောက်ရင်ပန်တံတားကို နိုဝင်ဘာ လ ၇ ရက် နေ့၁၂၀၀ နာရီကနေ၁၂၃၀နာရီအချိန်အထိလည်းကောင်း၊နောင်တောင်းစစ်ဆေးရေးဂိတ်သို့ ၁၃၀၀နာရီအချိန်တွင် လည်းကောင်းရောက် ရှိစစ်ဆေးခဲ့ကြပါတယ်။ အဲဒီနေ့၁၃၄၅ နာရီချိန်ခန့်မှာနောင် တောင်းစစ်ဆေးရေးဂိတ်မှ နယ်စပ်လမ်းကြောင်းအတိုင်း ပန်လင်းပါ နယ်စပ်အထိလှည့်လည်ပြီး လူဝင်၊ထွက် မှုတွေကိုအသေးစိတ်စစ်ဆေးလျက်ရှိ ပါတယ်။ မသင်္ကာဖွယ် KIAတပ်ဖွဲ့ဝင်တွေကို မြန်မာနယ်ခြားစောင့် တပ်တွေထံလွှဲပြောင်းပေးနေတယ်လို့ သတင်းရရှိ ပါတယ်။
0 comments ::
စာဖတ်သူတွေရဲ့ ပြောရေးဆိုခွင့် ... !