Tuesday, November 22, 2011

ဒေါ်စုရွေးကောက်ပွဲ ဝင်မယ့်အပေါ် KIO တုံ့ပြန်ချက်

အန်အယ်ဒီ ပါတီ ကို ပြန် မှတ်ပုံ တင်ပြီး ဒေါ်အောင်ဆန်း စုကြည် ရွေးကောက် ပွဲ ဝင်မှာ ကို ကေအိုင်အို ကချင် လွတ်မြောက် ရေး အဖွဲ့က လတ်တလော မှတ်ချက် ပေးမှာ မဟုတ်ဘဲ စောင့်ကြည့် သွားမှာသာ ဖြစ်တယ် လို့ ဆိုပါတယ်။
http://wscdn.bbc.co.uk/worldservice/assets/images/2011/06/14/110614181335_kachin_kia_226x170_bbc_nocredit.jpg
ကေအိုင်အေက စောင့်ကြည့် ဦးမယ် လို့ဆို
ဒေါ်အောင်ဆန်း စုကြည် လွှတ်တော်ထဲကို ရောက်လာ တဲ့ အခါ ဒေသတွင်းနဲ့ မြန်မာ ပြည်တွင်း မှာ ဘယ်လောက် အကောင်းဖက် ဦးတည်လဲ ဆိုတာကို လက်နက်ကိုင်အဖွဲ့ အားလုံးကလည်း စောင့်ကြည့် နေတယ်လို့ ကေအိုင်အို ပြောခွင့်သူ ဦးလနန်းက ဘီဘီစီကို ပြောပါတယ်။

တိုင်းရင်းသား လက်နက်ကိုင် အင်အားစုတွေရဲ့ရည်မှန်းချက်ဖြစ်တဲ့ ပြည်တွင်းငြိမ်းချမ်းရေး ကို လက်နက်ကိုင် အဖွဲ့တွေကိစ္စ ဖြေရှင်းနိုင်မှ ရလိမ့်မယ်လို့ သူက ပြောပါတယ်။

အန်အယ်ဒီ ရွေးကောက်ပွဲ မယ်ဆိုရင် သူတို့အနေနဲ့ ပံ့ပိုး မှုနဲ့ ထောက်ခံမှုတွေ လုပ်လို့မရတော့ ဘူးလို့လည်း သူက ဆိုပါတယ်။

မြန်မာ နိုင်ငံ အကောင်းဘက်ကို သွားဖို့ အာဆီယံ၊ ဥရောပသမဂ္ဂနဲ့ အမေရိကန် ပြည်ထောင်စု တို့အပါ အဝင် နိုင်ငံတကာက လမ်းကြောင်း တွန်းအားပေး တာမျိုးတွေ လုပ်ဖို့လိုတယ်လို့ ကေအိုင်အို ပြောခွင့်ရသူ ဦးလနန်းက ဘီဘီစီကို ပြောခဲ့ပါတယ်။
@ by http://www.bbc.co.uk/burmese/burma/2011/11/111119_kio_reax.shtml

No comments:

Post a Comment