ထိပ်ဆုံး သတင်း :
Home » » Kyaw Thu – FFSS Yangon Activity – အတူပျံသန်းရင်း ပေးဆပ်သူများ

Kyaw Thu – FFSS Yangon Activity – အတူပျံသန်းရင်း ပေးဆပ်သူများ

11/26/2011 05:22:00 PMတွင်ရေးသည်

နိုဝင်ဘာ ၂၆၊ ၂၀၁၁
၂၅.၁၁.၂၀၁၁ (သောကြာ) နေ့သည် နာရေးကူညီမှုအသင်း (ရန်ကုန်) ၏ အများပြည်သူတို့အပေါ် ဆထက်တန်ဖိုးတိုးတက်၍ ကူညီပံ့ပိုး ဖေးမမှုအင်အားများကို တိုးမြှင့်မည့် သွေးသစ်လောင်းခဲ့သော နေ့တစ်နေ့ပင် ဖြစ်တော့သည်။ ထိုနေ့တွင် နာရေးကူညီမှုအသင်း (ရန်ကုန်) ၌ ကွယ်လွန်သွားပြီဖြစ်သော မိခင်ဖြစ်သူအတွက်ရည်စူးကာ တေးသံရှင် ဆောင်းဦးလှိုင် (မိသားစု)တို့မှ အလှူငွေကျပ် (၅) သိန်းအား လာ ရောက်လှူဒါန်း၍ Honourable Member Card ပေးအပ်သော အခမ်းအနားအား တစ်ပြိုင်နက်တည်း ကျင်းပပြုလုပ်ခဲ့သည်။

ယင်း Honourable Member Card အား ဦးရဲလွင် (မဇ္စျိမလှိုင်း) နှင့် ဆောင်းဦးလှိုင်တို့အားပေးအပ်ခဲ့သည်။ ဦးရဲလွင် (မဇ္စျိမလှိုင်း) နှင့် ဆောင်းဦးလှိုင်တို့သည် ယခင်နာရေးကူညီမှုအသင်း (ရန်ကုန်) နှင့်လက်တွဲ၍ အများပြည်သူတို့အပေါ် ကူညီဖေးမမှုများကို ပြုလုပ်ပေးခဲ့ သူများလည်း ဖြစ်သည်။ ထို့ပြင် မိမိတို့ တတ်စွမ်းသော ဂီတပညာရပ်တို့ဖြင့် နာရေးကူညီမှုအသင်း(ရန်ကုန်) ၏ အများပြည်သူအလှူရှင်တို့ အပေါ် ပြန်လည်အမှတ်တရပေးအပ်သည့် နာရေးလုပ်ဆောင်မှု၊ ကူညီမှု “လူမှုရေးဂီတသူရဲကောင်း MTV” အခွေတွင်လည်း မိမိတို့၏ အချိန်၊ အင်အား၊ ငွေအားတို့ဖြင့် ပံ့ပိုးကူညီလှူဒါန်းမှုများကို ပြုလုပ်ပေးခဲ့သူများလည်းဖြစ်သည်။ ယခုအချိန်တွင် လူမှုရေးလုပ်ငန်းရပ်အား ထဲထဲဝင်ဝင် လုပ်ကိုင်ပေးဆပ်လိုသော စိတ်ဆန္ဒအရ နာရေးကူညီမှုအသင်း (ရန်ကုန်) အသင်းသားအဖြစ် ၀င်ရောက်လာခဲ့ခြင်းဖြစ်သည်။
ယင်းအခမ်းအနားတွင် ဆောင်းဦးလှိုင်မှ အများပြည်သူတို့ အထူးလိုအပ်နေသောနာရေးကိစ္စရပ်၊ ကျန်းမာရေးစောင့်ရှောက်ကုသမှု၊ ပညာရေးကိစ္စရပ်များ ဆုံဆည်းရာနေရာဖြစ်သော နာရေးကူညီမှုအသင်း (ရန်ကုန်) သို့ စိတ်ရှင်းရှင်းဖြင့် ကိုယ်တိုင်ပါဝင် ၀င်ရောက်ပံ့ပိုး ကူညီမှုများ လုပ်ကိုင်လို၍ဖြစ်ကြောင်းနှင့် ဦးရဲလွင် (မဇ္စျိမလှိုင်း) မှ ပြောကြားရာတွင် မိမိ၏မိဘနှစ်ပါးသည် ခရစ်ယာန်ဘာသာ ၀င်များဖြစ်ကြောင်း၊ မိဘနှစ်ပါးကွယ်လွန်သွားသောအချိန်တွင် မိမိသည်ဗုဒ္ဓဘာသာအားလေ့လာခဲ့ပြီး နောက်ဆုံးတွင် “ကံ ကံ၏အကျိုး” ကို ယုံကြည်ကိုးကွယ်မိကြောင်း၊ နောက်ဆုံးတွင် ငြိမ်းချမ်းမှုများရှိရာ ဤနာရေးကူညီမှု အသင်း(ရန်ကုန်)အား ၀င်ရောက်၍ အများပြည် သူတို့အပေါ် ပေးဆပ်လိုစိတ်ဆန္ဒ ဖြစ်ပေါ်လာကြောင်း တို့ကို ပြောကြားသွားခဲ့သည်။
ထို့ကြောင့် နာရေးကူညီမှုအသင်း (ရန်ကုန်) အနေဖြင့် ဦးရဲလွင် (မဇ္စျိမလှိုင်း) နှင့် ဆောင်းဦးလှိုင်တို့ ရေးစပ်သီဆိုပေးထားသော “Share My Love” နှင့် “ပျံသန်းသွား” သီချင်းစာသားများထဲကလို ငြိမ်းချမ်းမှုကိုရှေးရှု၍ ဂီတသူရဲကောင်းများဖြင့် အများပြည်သူတို့အတွက် ကူညီဖေးမမှုများကို အတူလက်တွဲကာပျံသန်းရင်း ပေးဆပ်နေပြီ ဖြစ်ပါတော့သည်။







post by မိုးမခ
ဆက်လက် မျှဝေရန်... :

0 comments ::

စာဖတ်သူတွေရဲ့ ပြောရေးဆိုခွင့် ... !

မင်္ဂံလာပါ

close
cbox

မင်ဘာ ဝင်ပေးဖို့ ဖိတ်ခေါ်ပါတယ်

Ayar Myanmar Unicode Font
Zawgyi Font
Ayar Online Editor
Ayar Online Converter
Ayar Online Dictionary
Ayar Myanmar Unicode Group

like လေးနှိပ်ပြီး အားပေးခဲ့ပါ

ကျေးဇူးပြုပြီး 10 စက္ကန့် စောင့်ပါ ပိတ်ရန်
"၉၆၉"ဆိုတာဘာလဲ?ဘယ်သူတွေဖွဲ့တာလဲ?
ဘီဘီစီနှောက်ဆုံး အသံ လွှင့် အစီအစဉ်များ
နေ့အလိုက် အသံလွှင့် အစီအစဉ်များ နားထောင်လိုလျှင်
DVB နေ့စဉ် အစီအစဉ်များ
DVB တိုင်းရင်းသား ဘာသာ အစီအစဉ်များ
 
Support : Creating Website | Mas Template
Proudly powered by Blogger
Copyright © 2011. ဟတ်လှိုင်း မီဒီယာ တို့ လာရောက်သူအပေါင်း ကိုယ်စိတ်နှလုံး ကျန်းမာချမ်းသာကြပါစေဗျာ
Design by DauGyung lhaovo nao"