ထိပ်ဆုံး သတင်း :
Home » » ဒေါ်အောင်ဆန်းစုကြည် ပါတီမှတ်ပုံတင်ရင် NDF ပူးပေါင်းဆောင်ရွက်လို

ဒေါ်အောင်ဆန်းစုကြည် ပါတီမှတ်ပုံတင်ရင် NDF ပူးပေါင်းဆောင်ရွက်လို

11/07/2011 07:07:00 AMတွင်ရေးသည်

ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ ပါတီသစ် တရပ်ကသာ ပါတီမှတ်ပုံတင်ပြီး ရွေးကောက်ပွဲ ဝင်မယ်ဆိုရင် အမျိုးသား ဒီမိုကရေစီအင်အားစု NDF ပါတီ အနေနဲ့ မဟာမိတ်ပါတီအဖြစ် ပူးပေါင်းဆောင်ရွက်သွားဖို့ အသင့်ရှိကြောင်း NDF ပါတီ ခေါင်းဆောင်တဦး ဖြစ်သူ ဦးခင်မောင်ဆွေက RFA ကို ဒီကနေ့ ပြောကြားလိုက်ပါတယ်။

(Photo: AFP)
အမျိုးသား ဒီမိုကရေစီ အင်အားစု (NDF) ပဲခူးတိုင်း ဒေသကြီး ပါတီ ရုံးခွဲ ဖွင့်ပွဲတွင် အောက်တိုဘာ ၇ ရက်နေ့က ပါတီခေါင်းဆောင် ဦးခင်မောင်ဆွေ မိန့်ခွန်း ပြောကြားနေပုံ ဖြစ်ပါသည်။ (Photo: AFP)
“ကျနော်တို့ ပါတီခေါင်းဆောင်ပိုင်းမှာ အကြမ်းဖျင်း ဆွေးနွေးထားတာ ရှိပါတယ်။ ဘာပဲဖြစ်ဖြစ် ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင်မယ် ဆိုရင် ကျနော်တို့တတွေ နောက်ကလိုက်ဖို့ ဝန်မလေးကြပါဘူး။ သူကသာ ဦးဆောင်မယ်ဆိုရင် Joint Action ပဲဖြစ်ဖြစ်၊ ကျယ်ပြန့်တဲ့ မဟာမိတ်အဖွဲ့ကြီးပဲ ဖြစ်ဖြစ် ကျနော်တို့က ပါတီတခုအနေနဲ့ ဒေါ်စုနောက်က လိုက်ဖို့ပဲ ရှိပါတယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ ပူးပေါင်း ဆောင်ရွက်ဖို့ဆိုတာ ကျနော်တို့ အင်မတန် လိုလား မျှော်လင့်နေတဲ့ အချက်ကြီးပါပဲ။ တကယ်တမ်းကျတော့ အဆုံးအဖြတ် ပေးမယ့် ပုဂ္ဂိုလ်က ဒေါ်အောင်ဆန်းစုကြည်ပဲ ဖြစ်ပါတယ်” လို့ ဦးခင်မောင်ဆွေက ပြောပါတယ်။

NLD ပါတီ အနေနဲ့ မှတ်ပုံတင်ပြီး ရွေးကောက်ပွဲ ဝင်လိမ့်မယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်နေတာနဲ့ ပတ်သက် ပြီး NDF ပါတီရဲ့ သဘောထားကို RFA က မေးမြန်းစဉ်မှာ ဦးခင်မောင်ဆွေက အခုလို ဖြေကြားလိုက်တာ ဖြစ်ပါတယ်။

၂ဝ၁ဝ ရွေးကောက်ပွဲ ဝင်ရေး မဝင်ရေးနဲ့ ပတ်သက်ပြီး NLD ပါတီအတွင်း သဘောထားကွဲလွဲရာက ရွေးကောက်ပွဲ ဝင်လိုတဲ့ NLD ပါတီခေါင်းဆောင် တချို့က NDF ပါတီကို ၂ဝ၁ဝ ခုနှစ်အတွင်း တည်ထောင်ခဲ့တာ ဖြစ်ပါတယ်။ NLD ပါတီကတော့ ၂ဝ၁ဝ ရွေးကောက်ပွဲကို သပိတ်မှောက်ခဲ့ပါတယ်။

NLD က ပါတီမှတ်ပုံတင်ပြီး ကြားဖြတ်ရွေးကောက်ပွဲ ဝင်နိုင်ခြေရှိတယ် ဆိုတာကြောင့် ဖြစ်ပေါ်လာနိုင်တဲ့ နိုင်ငံရေး အခြေအနေတွေနဲ့ ပတ်သက်ပြီး အမျိုးသားဒီမိုကရေစီ အင်အားစုပါတီ၊ ဒီမိုကရက်တစ် ပါတီ (မြန်မာပြည်)၊ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီနဲ့ ကြံ့ခိုင်ဖွံ့ဖြိုးရေး ပါတီတွေရဲ့ သဘောထား အမြင်တွေကို ကိုဉာဏ်ဝင်းအောင်က စုစည်း တင်ပြထားပါတယ်။
စုစည်းတင်ပြချက်။
အသံဖိုင်ယူရန်။
ဆက်လက် မျှဝေရန်... :

0 comments ::

စာဖတ်သူတွေရဲ့ ပြောရေးဆိုခွင့် ... !

မင်္ဂံလာပါ

close
cbox

မင်ဘာ ဝင်ပေးဖို့ ဖိတ်ခေါ်ပါတယ်

Ayar Myanmar Unicode Font
Zawgyi Font
Ayar Online Editor
Ayar Online Converter
Ayar Online Dictionary
Ayar Myanmar Unicode Group

like လေးနှိပ်ပြီး အားပေးခဲ့ပါ

ကျေးဇူးပြုပြီး 10 စက္ကန့် စောင့်ပါ ပိတ်ရန်
"၉၆၉"ဆိုတာဘာလဲ?ဘယ်သူတွေဖွဲ့တာလဲ?
ဘီဘီစီနှောက်ဆုံး အသံ လွှင့် အစီအစဉ်များ
နေ့အလိုက် အသံလွှင့် အစီအစဉ်များ နားထောင်လိုလျှင်
DVB နေ့စဉ် အစီအစဉ်များ
DVB တိုင်းရင်းသား ဘာသာ အစီအစဉ်များ
 
Support : Creating Website | Mas Template
Proudly powered by Blogger
Copyright © 2011. ဟတ်လှိုင်း မီဒီယာ တို့ လာရောက်သူအပေါင်း ကိုယ်စိတ်နှလုံး ကျန်းမာချမ်းသာကြပါစေဗျာ
Design by DauGyung lhaovo nao"