ထိပ်ဆုံး သတင်း :
Home » » NLD မှတ်ပုံ တင်မယ့် စာရင်းထဲ ၂၁ ယောက် ပါဝင်

NLD မှတ်ပုံ တင်မယ့် စာရင်းထဲ ၂၁ ယောက် ပါဝင်

11/25/2011 11:03:00 PMတွင်ရေးသည်

အန်အယ်လ်ဒီ ပါတီမှတ်တင်ခွင့် အတွက် ရွေးကောက်ပွဲ ကော်မရှင်မှာ တင်ဖို့ ဦးဉာဏ်ဝင်းနဲ့ ဦးဝင်းမြင့်တို့ နေပြည်တော် ကို သွားနေကြပြီ ဖြစ်ပါတယ်။


အန်အယ်လ်ဒီ ပါတီ မှတ်တင်ခွင့် အတွက် တည်ထောင်သူ စာရင်းထဲမှာ ပါတီ ခေါင်းဆောင်ပိုင်းက ဒေါ်အောင်ဆန်း စုကြည်နဲ့ ဦးတင်ဦး အပါအဝင် လူ ၂၁ ယောက်ရဲ့ အမည် စာရင်း ပါရှိ ပါတယ်။
http://wscdn.bbc.co.uk/worldservice/assets/images/2011/11/18/111118164654_assk_party_decision_226x170_reuters_nocredit.jpg


ပါတီ မှတ်ပုံတင်ရေး ဆုံးဖြတ်ဖို့ ဆွေနွေးတဲ့ နေ့က ဒေါ်အောင်ဆန်း စုကြည်ကို စောင့်ကြို နှုတ်ဆက် ကြသူများ
အဲဒီထဲမှာ အမျိုး သမီး ၁၁ ယောက် ပါဝင်တာ တွေ့ရ ပါတယ်။

ဥက္ကဌ ဦးအောင်ရွှေ၊ အတွင်းရေးမှူး ဦးလွင် တို့ရဲ့ နာမည် တွေတော့ မပါပါဘူး။

အန်အယ်လ်ဒီ မှတ်ပုံတင်ဖို့ အတွက် နေပြည်တော်ကို သွားနေ တဲ့ ဦးဉာဏ်ဝင်း ကတော့ အခု နာမည် စာရင်း ထဲမှာ ပါတဲ့သူ တွေဟာ ဗဟို အလုပ် အမှုဆောင် တွေ ကို ဖော်ပြတာ မဟုတ်ဘဲ မှတ်ပုံတင်ခွင့် လျှောက်ထားတဲ့ သူတွေသာ ဖြစ်တယ်လို့ ပြောပါတယ်။

အမျိုးသမီးတွေ ထဲမှာ မရမ်းကုန်း မြို့နယ်က ဒေါက်တာ ဒေါ်မေဝင်းမြင့် ဘားအံက ဒေါ်နန်းခင်ထွေးမြင့်၊ ဒေါ်အောင်ဆန်း စုကြည် ရဲ့ အမှုကို လိုက်ပါ ဆောင်ရွက် ပေးခဲ့တဲ့ မော်လမြိုင်က ဒေါ်ခင်ဌေးကြွယ် စသူတို့ ပါဝင်ပါတယ်။
post by BBC
ဆက်လက် မျှဝေရန်... :

0 comments ::

စာဖတ်သူတွေရဲ့ ပြောရေးဆိုခွင့် ... !

မင်္ဂံလာပါ

close
cbox

မင်ဘာ ဝင်ပေးဖို့ ဖိတ်ခေါ်ပါတယ်

Ayar Myanmar Unicode Font
Zawgyi Font
Ayar Online Editor
Ayar Online Converter
Ayar Online Dictionary
Ayar Myanmar Unicode Group

like လေးနှိပ်ပြီး အားပေးခဲ့ပါ

ကျေးဇူးပြုပြီး 10 စက္ကန့် စောင့်ပါ ပိတ်ရန်
"၉၆၉"ဆိုတာဘာလဲ?ဘယ်သူတွေဖွဲ့တာလဲ?
ဘီဘီစီနှောက်ဆုံး အသံ လွှင့် အစီအစဉ်များ
နေ့အလိုက် အသံလွှင့် အစီအစဉ်များ နားထောင်လိုလျှင်
DVB နေ့စဉ် အစီအစဉ်များ
DVB တိုင်းရင်းသား ဘာသာ အစီအစဉ်များ
 
Support : Creating Website | Mas Template
Proudly powered by Blogger
Copyright © 2011. ဟတ်လှိုင်း မီဒီယာ တို့ လာရောက်သူအပေါင်း ကိုယ်စိတ်နှလုံး ကျန်းမာချမ်းသာကြပါစေဗျာ
Design by DauGyung lhaovo nao"