ထိပ်ဆုံး သတင်း :
Home » » ရွေးကောက်ပွဲအလွန် လူမျိုးစုအခြေအနေ ဆွေးနွေးပွဲ ချင်းမိုင်တွင် ပြုလုပ်

ရွေးကောက်ပွဲအလွန် လူမျိုးစုအခြေအနေ ဆွေးနွေးပွဲ ချင်းမိုင်တွင် ပြုလုပ်

12/01/2011 02:44:00 PMတွင်ရေးသည်

မြန်မာနိုင်ငံမှာ ရွေးကောက်ပွဲကျင်းပပြီး တနှစ်ပြည့်ပြီးနောက် မြန်မာနိုင်ငံရေးနဲ့ လူမျိုးစုတွေရဲ့ အခြေအနေနဲ့ ပတ်သက်ပြီး ထိုင်းနိုင်ငံ ချင်းမိုင်တက္ကသိုလ်မှာ  ဆွေးနွေးပွဲတခု ကျင်းပသွားပါတယ်။
လူ မျှိုး စု အ ခြေ အ နေ ဆွေး နွေး ပွဲ
ချင်းမိုင်တက္ကသိုလ်က  လူမှုရေး သိပ္ပံဌာနမှာ နိုဝင်ဘာ ၂၉ ရက်နေ့က ကျင်းပသွားတာဖြစ်ပြီး ကချင်၊ ကရင်နဲ့   ရှမ်းတိုင်းရင်းသားတွေ၊​ ​မြန်မာ့အရေးကျွမ်း ကျင်သူတွေနဲ့​ထိုင်းပညာရှင်တွေပါ တက်ရောက်​ ​ဆွေးနွေးခဲ့ကြပါတယ်။ ​ချင်းမိုင်တက္ကသိုလ်​ ​ဒေသဆိုင်ရာ​ လူမှုရေးသိပ္ပံ​ဌာန​ ဒါရိုက်တာက​ ​ရွေးကောက်ပွဲ​ ​တနှစ်ပြည့်ပြီးနောက်​ ​မြန်မာ့နိုင်ငံရေးပြောင်းလဲမှုနဲ့ တိုင်းရင်းသား​ လူမျိုးစုတွေအပေါ် လူ့အခွင့်အရေး​ ချိုးဖောက်မှု​ အခြေအနေတွေနဲ့​ ပတ်သက်ပြီး အချက်အလက်ဖလှယ်နိုင်ဖို့​ဒီဆွေးနွေးပွဲကို ကျင်းပရတာလို့ ပြောပါတယ်။
ဆွေးနွေးပွဲမှာ  ရှမ်းတိုင်းရင်းသား ကိုယ်စားလှယ်  ဆရာဟန်ဖးက ရှမ်း လူမျိုးစုရဲ့ နိုင်ငံရေးရပိုင်ခွင့်တွေကို မြန်မာအစိုးရအဆက်ဆက်က လွှမ်းမိုး​ သိမ်းပိုက်ထားခဲ့မှုဟာ အခုထိ မပြောင်းလဲသေးကြောင်း၊ ရှမ်းပြည်နယ်အတွင်း လက်ရှိ လူ့အခွင့်အရေးချိုးဖောက် သတ်ဖြတ်မှုတွေဟာလည်း ရွေးကောက်ပွဲ တနှစ်ပြည့်ပြီးတဲ့တိုင်အောင် ဘာမှမပြောင်းလဲဘူးလို့  တင်ပြခဲ့ပါတယ်။
ကချင် အမျိုးသမီးအဖွဲ့ ကိုယ်စားလှည်တဦးက “တဖက်မှာ ငြိမ်းချမ်းရေး ပြောနေတယ်ဆိုပေမယ့် တကယ့်တကယ် ဖြစ်နေတဲ့​ အခြေအနေတွေဟာ လုံးဝကွာခြားနေပါတယ်။ စစ်သားတွေက အမျိုးသမီးတွေကို အတင်းအဓမ္မ မုဒိမ်းကျင့်တာတို့၊ အတင်းပေါ်တာဆွဲတာတို့၊ သတ်ဖြတ်တာတို့ဟာ အဆက်မပြတ် ဖြစ်ပွားနေတယ်။ ဒါဆိုရင် ကျမတို့ ဘယ်လိုနားလည်ရမလဲ၊ တဖက်မှာ Cease Fire ပြောနေပေမယ့်လည်း တဖက်မှာ ဘာမှပြောင်းလဲမှု မရှိဘူးဆိုတာကို ကျမတို့ ခံစားနေရပါတယ်” လို့ ပြောပါတယ်။
မြန်မာနိုင်ငံရေးအခြေအနေကို သုတေသနပြုနေတဲ့ ဒေသဆိုင်ရာ လူမှုရေးသိပံ္ပဌာန ဒါရိုက် တာ ဒေါက်တာချိုင်ယန်က “မြန်မာအစိုးရဟာ ဒီနိုင်ငံရေးဂိမ်းကို ကစားရာမှာ အတော်လေးကို ပါးနပ်ပါတယ်။ မြန်မာပြည်ဟာ တရုတ်အပေါ် အလွန်မှီခိုနေရတယ်။ ဒါကို အိန္ဒိယကလည်း ၀င်လာပြီးမကူညီဘူး။ ဒီအတွက် တခြား စူပါပါဝါနိုင်ငံတနိုင်ငံကို ပါလာအောင်လုပ်ဖို့ လိုနေတယ်။ အမေရိကန်ပါလာအောင်လုပ်ရင် အာဆီယံကလည်း အားပေးမယ်ဆိုတာ သူတို့ သိတယ်။ ထိုင်း အပါအ၀င် အာဆီယံနိုင်ငံတွေက မြန်မာကို အာဆီယံရဲ့ အရေးကြီးတဲ့ ကဏ္ဍမှာ ၀င်ပြီးကစားစေချင်နေတယ်။ ဒါတွေအားလုံးဟာ နိုင်ငံရေးဂိမ်းတွေပဲ။
ဒါဟာ မြန်မာပြည် အပြောင်းအလဲတချို့ကို သယ်ဆောင်လာနိုင်တယ်။ ဒါပေမယ့် မြန်မာတိုင်းရင်းသားတွေအတွက်တော့ ဒိကိစ္စကနေ အမြတ်ထွက်မယ်မဟုတ်ဘူးလို့ ကျနော်ထင်ပါတယ်”
အစည်းအဝေးမှာ နိုင်ငံတကာနဲ့ မြန်မာအဖွဲ့ အစည်း ၂၀ ခန့် က လူဦးရေ ၇၀ ကျော်နဲ့ ကျောင်းသားတချို့ တက်ရောက်ခဲ့ကြပါတယ်။ 
post by DVB
ဆက်လက် မျှဝေရန်... :

0 comments ::

စာဖတ်သူတွေရဲ့ ပြောရေးဆိုခွင့် ... !

မင်္ဂံလာပါ

close
cbox

မင်ဘာ ဝင်ပေးဖို့ ဖိတ်ခေါ်ပါတယ်

Ayar Myanmar Unicode Font
Zawgyi Font
Ayar Online Editor
Ayar Online Converter
Ayar Online Dictionary
Ayar Myanmar Unicode Group

like လေးနှိပ်ပြီး အားပေးခဲ့ပါ

ကျေးဇူးပြုပြီး 10 စက္ကန့် စောင့်ပါ ပိတ်ရန်
"၉၆၉"ဆိုတာဘာလဲ?ဘယ်သူတွေဖွဲ့တာလဲ?
ဘီဘီစီနှောက်ဆုံး အသံ လွှင့် အစီအစဉ်များ
နေ့အလိုက် အသံလွှင့် အစီအစဉ်များ နားထောင်လိုလျှင်
DVB နေ့စဉ် အစီအစဉ်များ
DVB တိုင်းရင်းသား ဘာသာ အစီအစဉ်များ
 
Support : Creating Website | Mas Template
Proudly powered by Blogger
Copyright © 2011. ဟတ်လှိုင်း မီဒီယာ တို့ လာရောက်သူအပေါင်း ကိုယ်စိတ်နှလုံး ကျန်းမာချမ်းသာကြပါစေဗျာ
Design by DauGyung lhaovo nao"