ထိပ်ဆုံး သတင်း :
Home » » ထိုး​စစ်ရပ်​ရေး​ အစိုး​ရကို ဖိအား​ပေး​ရန် ကချင်အဖွဲ့​များ​ ကလင်တန်ကို ​တောင်း​ဆို

ထိုး​စစ်ရပ်​ရေး​ အစိုး​ရကို ဖိအား​ပေး​ရန် ကချင်အဖွဲ့​များ​ ကလင်တန်ကို ​တောင်း​ဆို

12/02/2011 02:38:00 PMတွင်ရေးသည်

ကချင်ပြည်နယ်တွင်း​ အစိုး​ရတပ်​တွေရဲ့​ ထိုး​စစ်ဆင်မှု ရပ်ဖို့​အတွက် အ​မေရိကန် နိုင်ငံခြား​ရေး​ဝန်ကြီး​ ဟီလာရီကလင်တန်အ​နေနဲ့​ မြန်မာအစိုး​ရကို ဖိအား​ပေး​ဖို့​ ကချင်အဖွဲ့​ ၈ ဖွဲ့က ​တောင်း​ဆိုလိုက်ပါတယ်။
ဟီလာရီ ကလင်တန် (ဓာတ်ပုံ - ရိုက်တာ)
မြန်မာနိုင်ငံမှာ ​ရောက်ရှိ​နေတဲ့​ အ​မေရိကန်နိုင်ငံခြား​ရေး​ဝန်ကြီး​ ဟီလာရီကလင်တန်ကို ကချင်အမျိုး​သမီး​၊​ လူငယ်၊​ သဘာဝ ပတ်ဝန်း​ကျင်နဲ့​ မီဒီယာ စတဲ့​ ကချင်လူထုအ​ခြေပြု အဖွဲ့​ ၈ ဖွဲ့​ ပူး​ပေါင်း​ပြီး​ ​တောင်း​ဆိုလိုက်တာပါ။

ကချင်ပြည်နယ်တွင်း​ တိုက်ပွဲ​ကြောင့်​ ​ဒေသခံ ၅ ​သောင်း​ခန့်​ ထွက်​ပြေး​တိမ်း​ရှောင် ​နေကြရပြီး​ ရွာ​တွေအိမ်​တွေ မီး​ရှို့​ဖျက်ဆီး​ခံ​နေရသလို အမျိုး​သမီး​တွေကို အဓမ္မပြုကျင့်​တာ၊​ ကချင်ပြည်သူ​တွေကို ဖမ်း​ဆီး​ချုပ်​နှောင် သတ်ဖြတ်မှု​တွေ စတဲ့​ လူ့​အခွင့်​အ​ရေး​ ချိုး​ဖောက်မှု​တွေ ဖြစ်​ပေါ်​နေတယ်လို့​ ဒီအဖွဲ့​တွေရဲ့​တောင်း​ဆိုချက်မှာ ​ဖော်ပြထား​ပါတယ်။

ဒီအ​ခြေအ​နေ​ တွေ​ကြောင့်​ ကချင်ပြည်နယ်တွင်း​ စစ်ပွဲ​တွေရပ်ဖို့​ အ​မေရိကန် နိုင်ငံခြား​ရေး​ဝန်ကြီး​အ​နေနဲ့​ မြန်မာအစိုး​ရကို ဖိအား​ပေး​ဖို့​ ​တောင်း​တာလို့​ ကချင်သတင်း​သတင်း​ဌာန အယ်ဒီတာ ကို​နော်ဒင်း​က ​ပြောပါတယ်။

“အစိုး ​ရဘက်က ၁၇ နှစ်ကြာ ငြိမ်း​ချမ်း​ရေး​ အပစ်ခတ်ရပ်စဲ​ရေး​ကို သူတို့​ဘက်ကပဲ စတင်ချိုး​ဖောက်တယ်။ နိုင်ငံ​ရေး​အရ ​ဆွေး​နွေး​ဖို့​လည်း​ သူတို့​မလုပ်ဘူး​။ ပြည်တွင်း​စစ်ကို စတယ်။ ​နောက်ပြီး​တော့​ လူ့​အခွင့်​အ​ရေး​ ချိုး​ဖောက်မှု​တွေလည်း​ အများ​ကြီး​ရှိ​နေတယ်။ ဒုက္ခသည်ပြဿနာ​တွေလည်း​ အများ​ကြီး​ရှိ​နေတယ်။ ဒါကိုလည်း​ စစ်အစိုး​ရဘက်က​တော့​ ဒုက္ခသည်ပြဿနာ​တွေ ရှိ​နေတာကိုလည်း​ လက်ခံဖို့​ မရှိဘူး​။ ဒီလိုမျိုး​ အ​ခြေအ​နေ​တွေရှိတယ်။ ဒါ မှန်ကန်​သော ဒီမိုက​ရေစီ အ​ပြောင်း​အလဲ​တော့​ မဟုတ်ဘူး​။ မှန်ကန်​သော ဒီမိုက​ရေစီအ​ပြောင်း​အလဲကို လုပ်ချင်ရင် ပြည်တွင်း​စစ်ကို ကချင်မှာပဲ ရပ်တာမဟုတ်ဘဲနဲ့​ တပြည်လုံး​ အတိုင်း​အတာနဲ့​ အပစ်ခတ်ရပ်စဲ​ရေး​လုပ်ရမယ်။ ​စေ့​စပ်​ဆွေး​နွေး​ရမယ်။ လူ့​အခွင့်​အ​ရေး​ချိုး​ဖောက်မှု​တွေ ဒုက္ခသည်ပြဿနာ​တွေကိုလည်း​ ​ဖြေရှင်း​ကြမယ်ဆိုတဲ့​ အပိုင်း​ကို အ​မေရိကန် နိုင်ငံခြား​ရေး​ဝန်ကြီး​ အ​နေနဲ့​ ဒါကို​ထောက်ပြပြီး​ အစိုး​ရကို ဖိအား​ပေး​ဖို့​အတွက် အဓိကဖြစ်တာပါ။”

အ​မေရိကန်အ​နေနဲ့​ မြန်မာနိုင်ငံတွင်း​ တကယ်ပဲ ဒီမိုက​ရေစီဖြစ်ထွန်း​ထိုး​တက်မှု ဖြစ်​စေချင်ရင် ပြည်တွင်း​စစ်ရပ်စဲ​ရေး​ကို ဖိအား​ပေး​ရမှာဖြစ်သလို တိုက်ပွဲ​တွေမရပ်မချင်း​လည်း​ မြန်မာနိုင်ငံအ​ပေါ် စီး​ပွား​ရေး​ပိတ်ဆို့​မှု​တွေ မရုပ်သိမ်း​ဘဲ ဆက်ထား​ဖို့​ကိုလည်း​ ကချင်အဖွဲ့​တွေက တိုက်တွန်း​ထား​ပါတယ်။

မြန်မာအစိုး​ရနဲ့​ ၁၇ နှစ်ကြာ အပစ်အခတ်ရပ်စဲ​ရေး​ ယူခဲ့​တဲ့​ ကချင်လွတ်လပ်​ရေး​ တပ်မ​တော်ကို နယ်ခြား​စောင့်​တပ်အသွင် ​ပြောင်း​ခိုင်း​ရာက​နေ လက်မခံခဲ့​အတွက် အခုနှစ် ဇွန်လဆန်း​ပိုင်း​ကစပြီး​ အစိုး​ရတပ်က ကချင်တပ်ဖွဲ့​တွေကို ထိုး​စစ်ဆင် တိုက်ခိုက်ခဲ့​ပါတယ်။
post by kachinboy
ဆက်လက် မျှဝေရန်... :

0 comments ::

စာဖတ်သူတွေရဲ့ ပြောရေးဆိုခွင့် ... !

မင်္ဂံလာပါ

close
cbox

မင်ဘာ ဝင်ပေးဖို့ ဖိတ်ခေါ်ပါတယ်

Ayar Myanmar Unicode Font
Zawgyi Font
Ayar Online Editor
Ayar Online Converter
Ayar Online Dictionary
Ayar Myanmar Unicode Group

like လေးနှိပ်ပြီး အားပေးခဲ့ပါ

ကျေးဇူးပြုပြီး 10 စက္ကန့် စောင့်ပါ ပိတ်ရန်
"၉၆၉"ဆိုတာဘာလဲ?ဘယ်သူတွေဖွဲ့တာလဲ?
ဘီဘီစီနှောက်ဆုံး အသံ လွှင့် အစီအစဉ်များ
နေ့အလိုက် အသံလွှင့် အစီအစဉ်များ နားထောင်လိုလျှင်
DVB နေ့စဉ် အစီအစဉ်များ
DVB တိုင်းရင်းသား ဘာသာ အစီအစဉ်များ
 
Support : Creating Website | Mas Template
Proudly powered by Blogger
Copyright © 2011. ဟတ်လှိုင်း မီဒီယာ တို့ လာရောက်သူအပေါင်း ကိုယ်စိတ်နှလုံး ကျန်းမာချမ်းသာကြပါစေဗျာ
Design by DauGyung lhaovo nao"