Friday, December 09, 2011

အန်အယ်လ်ဒီပါတီ ပြန်လည်တီ​ထောင်ခွင့်​အဖွဲ့​ဝင်များ​ စစ်​ဆေး​ခံ​နေရ

အန်အယ်လ်ဒီပါတီ ပြန်လည်တီ​ထောင်ခွင့်​ရဖို့​အတွက် ​လျှောက်ထား​ခဲ့​တဲ့​ ၂၁ ဦး​ပါ အဖွဲ့​ဝင်​တွေကို နယ်​မြေခံသတင်း​တပ်ဖွဲ့​နဲ့​ စစစ စုံစမ်း​စစ်​ဆေး​ရေး​အဖွဲ့​ဝင်​တွေက စစ်​ဆေး​နေတယ်လို့​ သိရပါတယ်။
မ​ ကွေး​တိုင်း​ သတင်း​တပ်ဖွဲ့​က လာ​ရောက် စစ်​ဆေး​သွား​တာနဲ့​ ပတ်သက်ပြီး​ ပထမ ၂၁ ဦး​ထဲမှာ ပါဝင်တဲ့​ အမျိုး​သား​ဒီမိုး​က​ရေစီအဖွဲ့​ချုပ် မ​ကွေး​တိုင်း​က ​ဒေါ်ခင်​စော​ဌေး​က အခုလို ​ပြောပါတယ်။
“အန်တီကို စစ်တာ​တော့​ ဒီဇင်ဘာ ၁ ရက်နဲ့​ ၂ ရက်​လောက်က။ မ​ကွေး​တိုင်း​ကကို ဆင်း​လာတာ။ ရဲသတင်း​ အထူး​တပ်ဖွဲ့​လို့​ ​ခေါ်မှာ​ပေါ့​။ ​နောက်ပြီး​တော့​ စသုံး​လုံး​က သပ်သပ်။ ပြည်ထဲ​ရေး​လက်​အောက်ကလို့​ ​ပြောတယ်။ နှစ်ဖွဲ့​လာတယ်။ သူတို့​က ရဲနဲ့​ မဆိုင်ဘူး​တဲ့​။”
http://burmese.dvb.no/wp-content/uploads/2011/11/nld1-300x232.jpg
၂၁ ဦး​ အဖွဲ့​ဝင်​တွေရဲ့​ နိုင်ငံခြား​က အ​ထောက်အပံ့​ခံရတာ ရှိသလား​ ဆိုတာကိုလည်း​ အဓိက စစ်​ဆေး​တယ်လို့​ အစစ်​ဆေး​ခံရတဲ့​ ​ဒေါ်ခင်​စော​ဌေး​က ​ပြောပါတယ်။
“အန်တီတို့ ​ကိုလည်း​ ကိုယ်​ရေး​ရာဇဝင် လာစစ်တယ်​လေ။ အဓိက သူတို့​လိုချင်တဲ့​ အချက်က မူး​ယစ်​ဆေး​ဝါး​နဲ့​ ကင်း​လွတ်သလား​၊​ နိုင်ငံခြား​အဖွဲ့​တွေက ​ထောက်ပံ့​မှု ခံရသလား​၊​ အန်ဂျီအို (အစိုး​ရမဟုတ်​တော့​ အဖွဲ့​အစည်း​) ​တွေနဲ့​ ဆက်သွယ်သလား​၊​ ဒါ​တွေ အဓိက ထား​တာ​လေ။ ​နောက်ပြီး​ အန်တီတို့​ကို ဘာသင်တန်း​တွေ တက်​သေး​လဲ၊​ ဘာလဲ​ပေါ့​။ သူတို့​က နိုင်ငံခြား​က အသင်း​တွေကို တရား​မဝင် အဖွဲ့​အစည်း​လို့​ သတ်မှတ်တာကိုး​။ သူတို့​က ကိုယ်​ရေး​ရာဇဝင်​တွေကို ယူသွား​တာ​ပေါ့​။ ယူပြီး​တော့​ အန်တီတို့​ ဓာတ်ပုံနဲ့​ ယူသွား​တယ်။ အန်တီတို့​ကလည်း​ ရိုး​ရိုး​သား​သား​ လုပ်တဲ့​သူဆို​တော့​ ​ပေး​တယ်​လေ။”
အမျိုး​သား​ ဒီမိုက​ရေစီအဖွဲ့​ ချုပ်က​နေ ပါတီပြန်လည်တည်​ထောင်ခွင့်​ရဖို့​ ​လျှောက်ထား​ရမှာ တိုင်း​နယ် ပြည်နယ်က လူငယ်နဲ့​ အမျိုး​သား​သမီး​တွေကို အဓိကထား​ပြီး​ စုစု​ပေါင်း​ ၂၁ ဦး​နဲ့​ နိုဝင်ဘာလ ၂၄ ရက်​နေ့​က ဖွဲ့​စည်း​ခဲ့​ပါတယ်။
အဲဒီ ၂၁ ဦး​ကို ဥပဒအရ လွတ်ကင်း​မှသာ နိုင်ငံ​ရေး​တည်​ထောင်ခွင့်​ကို ပြည်​ထောင်စု ​ရွေး​ကောက်ပွဲ​ကော်မရှင်က ခွင့်​ပြုမယ်လို့​ သိရပါတယ်။ 
post by DVB

No comments:

Post a Comment