ထိပ်ဆုံး သတင်း :
Home » » အမေရိကန် နိုင်ငံခြားဝန်ကြီး သမ္မတ ဦးသိန်းစိန်နှင့် တွေ့ဆုံ

အမေရိကန် နိုင်ငံခြားဝန်ကြီး သမ္မတ ဦးသိန်းစိန်နှင့် တွေ့ဆုံ

12/01/2011 10:56:00 PMတွင်ရေးသည်

မြန်မာနိုင်ငံ ရောက်ရှိနေတဲ့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန်ဟာ မြန်မာအစိုးရ ခေါင်းဆောင်တွေနဲ့ ဒီကနေ့မနက်က နေပြည်တော်မှာ ပထမဆုံးအကြိမ် တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။
သမ္မတ ဦးသိန်းစိန် အပါအ၀င် နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ်ဏမောင်လွင်၊ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးသူရရွှေမန်း၊​​ ​ပြည်ထောင်စုလွှတ်တော်​ နာယက ဦးခင်အောင်မြင့်တို့က အမေရိကန် နိုင်ငံခြားရေးဝန်ကြီးနဲ့ အဖွဲ့ကို သမ္မတရုံးခန်းမှာ လက်ခံ တွေဆုံခဲ့တာပါ။
အမေရိနိုင်ငံခြားရေးဝန်ကြီးရဲ့ ခရီးစဉ်ဟာ သမိုင်းမှတ်တိုင် တခုဖြစ်ပြီးတော့ အမေရိကန်နဲ့ မြန်မာဆက်ဆံရေးရဲ့ စာမျက်နှာသစ် ဖွင့်လှစ်လိုက်တာဖြစ်တယ်လို့ သမ္မတ ဦးသိန်းစိန်က တံခါးပိတ်အစည်းအဝေးမစခင် သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။
နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်က ဦးသိန်းစိန်ကို ပြောကြားရာမှာ အမေရိကန် သမ္မတ ဘားရက်အိုဘာမားဟာ  သမ္မတဦးသိန်းစိန်နဲ့ သူ့အစိုးရအဖွဲ့တွေ​ ​မြန်မာပြည်သူတွေအတွက် ဆောက်ရွက်ပေးနေတာတွေကို အားပေးတာကြောင့် သူ့အနေနဲ့   မြန်မာနိုင်ငံကို လာရောက်တာ ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။
မြန်မာနိုင်ငံမှာရှိတဲ့ အမေရိကန်သံရုံးမှာ သံအမတ်ကြီး အဆင့်  ဆယ်စုနှစ် နှစ်စုကြာ မခန့်အပ်ဘဲ ထားရာကနေ သံအမတ်ကြီးအဆင့်​ ​ပြန်ထားဖို့နဲ့​ ​မြန်မာပြည် ပြုပြင်ပြောင်းလဲရေးဆိုင်ရာ​ ​အကူအညီတွေကို​ ​ထောက်ပံ့ပေးဖို့ကိုလည်း အမေရိကန်က ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။ ဒါ့အပြင် နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ဖို့ကိစ္စနဲ့ တိုင်းရင်းသားဒေသတွေမှာ ပဋိပက္ခတွေ အဆုံးသတ်ဖို့ကို ဟီလာရီ ကလင်တန်က တောင်းဆိုခဲ့ပါတယ်။
အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဟာ ဒီကနေ့ မွန်းလွဲပိုင်း နေပြည်တော်မှာ သတင်းစာ ရှင်းလင်းပွဲမှာတော့ ဟီလာရီကလင်တန်အနေနဲ့ မြန်မာအစိုးရသစ်ကို အကောင်းမြင်ပြီးတော့ အများကြီးတိုးလုပ်ဖို့နဲ့ နိုင်ငံရေးအကျဉ်းသား လွတ်မြောက်ဖို့ကိုလည်း သမ္မတ ဦးသိန်းစိန်ကို အထပ်ထပ်အခါခါ ပြောတယ်လို့လည်း ပြောပါတယ်။
စီးပွားရေးပိတ်ဆို့မှုကို ဖယ်ရှားဖို့ဆိုတော့ လွယ်တော့ မလွယ်ပေမယ့်လည်း အမေရိကန်နဲ့မြန်မာ အတူတကွ လုပ်သွားမယ် ဆိုရင်တော့ ပိုပြီးတော့ အမေရိကန်နဲ့မြန်မာ ဆက်ဆံရေး ချောမွေ့စေမယ်လို့လည်း​ ​သတင်းထောင်တွေရဲ့​ ​မေးခွန်းကို ဖြေကြားသွားပါတယ်။ 
post by DVB 
ဆက်လက် မျှဝေရန်... :

0 comments ::

စာဖတ်သူတွေရဲ့ ပြောရေးဆိုခွင့် ... !

မင်္ဂံလာပါ

close
cbox

မင်ဘာ ဝင်ပေးဖို့ ဖိတ်ခေါ်ပါတယ်

Ayar Myanmar Unicode Font
Zawgyi Font
Ayar Online Editor
Ayar Online Converter
Ayar Online Dictionary
Ayar Myanmar Unicode Group

like လေးနှိပ်ပြီး အားပေးခဲ့ပါ

ကျေးဇူးပြုပြီး 10 စက္ကန့် စောင့်ပါ ပိတ်ရန်
"၉၆၉"ဆိုတာဘာလဲ?ဘယ်သူတွေဖွဲ့တာလဲ?
ဘီဘီစီနှောက်ဆုံး အသံ လွှင့် အစီအစဉ်များ
နေ့အလိုက် အသံလွှင့် အစီအစဉ်များ နားထောင်လိုလျှင်
DVB နေ့စဉ် အစီအစဉ်များ
DVB တိုင်းရင်းသား ဘာသာ အစီအစဉ်များ
 
Support : Creating Website | Mas Template
Proudly powered by Blogger
Copyright © 2011. ဟတ်လှိုင်း မီဒီယာ တို့ လာရောက်သူအပေါင်း ကိုယ်စိတ်နှလုံး ကျန်းမာချမ်းသာကြပါစေဗျာ
Design by DauGyung lhaovo nao"